လေးထောင့်စပ်စပ် မျက်နှာကျတွေသည် ဆွဲဆောင်မှုအရှိဆုံးနဲ့ ယောကျာ်းအဆန်ဆုံး မျက်နှာကျတွေဖြစ်ကြတယ်လို့ သတ်မှတ်ခြင်းခံထားရတာပါ။ ထိုမျက်နှာကျပိုင်ရှင်တွေမှာ သိသာထင်ရှားတဲ့ မေးရိုးကြီးတွေရှိပြီး လေးထောင့်စပ်စပ် နဖူးပြင်လေးရှိပါတယ်။

ထိုကဲ့သို့သော ဆွဲဆောင်မှုရှိတဲ့ မျက်နှာကျပိုင်ရှင်တွေနဲ့ ဘယ်လိုဆံပင်စတိုင်လ်လေးတွေက လိုက်ဖက်မှုရှိသလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ကတုံးဆံပင်ပေါက်

Best Square Face Hairstyles for Men

ဒီဆံပင်စတိုင်လ်သည်လည်း လေးထောင့်စပ်စပ်မျက်နှာကျပိုင်ရှင်များနဲ့ လိုက်ဖက်ပါတယ်။ နှုတ်ခမ်းမွှေးရေးရေးလေး ထားရှိပါက ပိုမိုဆွဲဆောင်မှုရှိပါတယ်။

လူငယ်ဆန်တဲ့ ဆံပင်စတိုင်လ်

Best Square Face Hairstyles for Men

ဆံပင်မထူမပါးလေးကိုမှ ဘေးခွဲပုံစံ ညှပ်ထားတာဖြစ်ပါတယ်။ ခွဲကြောင်းများတဲ့ဘက်မှာ အုံထူထူလေး ပေါ်နေစေပြီး ဆံပင်အုံပါးသူများအနေနဲ့ ဆံပင်အုံထူသယောင် ပေါ်စေပါတယ်။

လူကြီးဆန်စေမယ့် ဆံပင်ကေ

Best Square Face Hairstyles for Men Best Square Face Hairstyles for Men

ဒီဆံပင်ကေတွေကတော့ သပ်သပ်ရပ်ရပ်နဲ့ လူကြီးဆန်တဲ့ ဆံပင်စတိုင်လ်မျိုး ဖန်တီးချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။

အမိုက်စားဆံပင်စတိုင်လ်

Best Square Face Hairstyles for Men

ထိပ်နေရာတစ်ကွက်စာပဲ ချန်ထားပြီး ကျန်နေရာတွေကို အတိရိတ်ထားတဲ့ ဆံပင်ကေဖြစ်ပါတယ။် လူငယ်များအကြား ရေပန်းစားတဲ့ ဆံပင်စတိုင်လ်တစ်ခုဆိုလည်း မမှားပါဘူး။

လှိုင်းတွန့်ဆံပင်မျိုး ပိုင်ဆိုင်ထားသူတွေအတွက်

Best Square Face Hairstyles for Men

ဒီဆံပင်ကေကတော့ ရိုးရိုးရှင်းရှင်းလေးကိုမှ ကြည့်ကောင်းသွားစေတဲ့ ဆံပင်စတိုင်လ်မျိုးဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း ဆံပင်စတိုင်လ်

Best Square Face Hairstyles for Men

ဘက်ခမ်းရဲ့ ပရိသတ်တွေအတွက်တော့ သူ့ရဲ့ဆံပင်စတိုင်လ်အသစ်သည် ဘယ်တော့မှ ရိုးမသွားမယ့် ဆံပင်စတိုင်လ်မျိုးပဲဖြစ်ပါတယ်။

သပ်ရပ်ကြည့်ကောင်းစေမယ့် ဆံပင်စတိုင်လ်

Best Square Face Hairstyles for Men

ဆံပင်တချို့တဝက်ကို အနောက်သို့ လှန်ဖြီးထားပြီး တချို့တဝက်ကိုတော့ ဘေးဘက်သို့ ဖြီးထားတာဖြစ်ပါတယ်။ သင့်အနေနဲ့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းချင်တဲ့ စတိုင်လ်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီပုံစံလေးကို ရွေးချယ်နိုင်ပါတယ်။

သဘာဝကျကျနဲ့ အလိုက်သင့်လေး ညှပ်ထားတဲ့ ဆံပင်စတိုင်လ်

Best Square Face Hairstyles for Men

ဒီဆံပင်စတိုင်လ်ကတော့ လေးထောင့်မျက်နှာကျပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ နဖူးပြင်ကို ပိုမိုပေါ်လွင်သွားစေပြီး မေးရိုးက ထင်ထင်ရှားရှားမြင်ရတာကြောင့် ပိုမိုဆွဲဆောင်မှုတိုးစေပါတယ်။

စမတ်ကျတဲ့ မြို့ကြီးသားပုံစံမျိုး ဖန်တီးချင်ပါသလား

Best Square Face Hairstyles for Men

ဒီဆံပင်ကေလေးကတော့ သင့်ကို အထာကျကျနဲ့ မိမိုက်နေစေမှာဖြစ်ပါတယ်။ အလုပ်ရှုပ်ရသက်သာစေပြီး ဖက်ရှင်ကျစေမှာအမှန်ပါပဲ။

စာဖတ်သူအနေနဲ့ ဆံပင်ညှပ်တဲ့အခါ ဘယ်လိုဆံပင်စတိုင်လ်မျိုး ညှပ်ရမလဲဆိုတာ စိတ်ကူးစိတ်သန်းရသွားလောက်ပြီလို့ မျှော်လင့်မိပါတယ်။

Source: Haircutinspiration.com

Featured Image Source: Byrdie.com