မတ်လကုန်ခါနီး အချိန်ရောက်လာတာနဲ့ အမျှ ရာသီဥတုရဲ့ အပူဒဏ်ကလည်း သိသိသာသာကိုတိုးလာပါတယ်။ အခုလို ပူပြင်းလှတဲ့ရာသီဥတုမျိုးမှာ ချွေးထွက်များခြင်း ခေါင်းမူးခြင်း အားအင်ကုန်ခမ်းခြင်းစတဲ့ ဝေဒနာတွေလည်း ခံစားလို့လာရပါတယ်။ ဒီလိုအရာတွေကို ကာကွယ်ဖို့ဆိုရင်ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေဖို့ အရမ်းကိုအရေးကြီးပါတယ်။ ဒီနေ့မှာတော့ ရေဓာတ်ကြွယ်ဝ နွေရာသီနဲ့ အကိုက်ညီဆုံး အသီးအနှံတွေအကြောင်းပြောပြပေးချင်ပါတယ်။

(၁) ဖရဲသီး

အရည်ရွှမ်းပြီးအနီရောင်ရှိတဲ့ ဖရဲသီးတွေဟာ အခုလိုနွေရာသီအတွက် စားသုံးဖို့အကိုက်ညီဆုံးပါပဲ။ဖရဲသီးမှာ ရေဓာတ် အမျှင်ဓာတ် ဗီတာမင် အေ စီ antioxidants B6 နှင့် ပိုတက်ဆီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ဒါကြောင့် ခန္ဓာကိုယ်ရေဓာတ်ပမာဏကို ထိန်းညှိပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။

(၂) သရက်သီး

အသီးမှာသရက် အသားမှာဝက်ဆိုတဲ့အတိုင်း သရက်သီးကို အသီးတွေရဲ့ ဘုရင်လို့တောင်သတ်မှတ်ထားကြတဲ့အထိ လူကြိုက်များကြပါတယ်။ သရက်သီးတွေဟာ ကယ်လိုရီပါဝင်မှုနှုန်းအနည်းငယ်များတယ်ဆိုရပေမယ့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်အမျိုးပေါင်း ၂၀ ကျော်ပါဝင်ပါတယ်။အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး သရက်သီးပါဝင်တဲ့ zeaxanthin ဒြပ်ပေါင်းက မျက်စိကိုထိခိုက်စေတဲ့ အပြာရောင်ရောင်ခြည်တန်းတွေကိုလည်း စစ်ထုတ်ကာကွယ်ပေးတာဖြစ်ပါတယ်။

(၃) သဘောင်္သီး

နွေရာသီမှာနောက်ထပ်စားသင့်တဲ့ အသီးတစ်မျိုးကတော့ သဘောင်္သီးပဲဖြစ်ပါတယ်။ သင်္ဘောသီးကိုအသီးတိုင်းစားလို့ရသလို ဖျော်ရည်အဖြစ်လည်း သောက်သုံးလို့ရပါတယ်။ သင်္ဘောသီးမှာ ဗီတာမင်အေ စီ ဖောလစ်အက်စစ်နှင့် phytochemicals ကဲ့သို့သောအာဟာရဓာတ်များ များစွာပါဝင်တာကြောင့် နွေရာသီမှာအဖြစ်များ အရေပြားပျက်စီးခြင်း အစာမကျေ ရင့်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ကို ကာကွယ်ပေးပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ဒါ့အပြင် သင်္ဘောသီးမှာပါတဲ့ ဓာတ်တိုးဆန့်ပစ္စည်းတွေက ကင်ဆာနှင့် နှလုံးရောဂါကဲ့သို့ နာတာရှည်ရောဂါတွေကိုတောင်သက်သာစေပါတယ်။

(၄) စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးဟာလည်း ကျန်းမာရေးနဲ့ညီညွှတ်ပြီး ရေဓာတ်များများရစေမယ့် စူပါအသီးတစ်မျိုးဖြစ်ပါတယ်။ စတော်ဘယ်ရီသီးတွေမှာပါဝင်တဲ့ အမျှင်ဓါတ် antioxidants ဗီတာမင်ဓာတ်များ ဗီတာမင် B-9 ပိုတက်စီယမ် မဂ္ဂနိဆီယမ်ဓာတ်များက ဖျားနာခြင်းကူစက်ရောဂါနှင့်ရောင်းရမ်းခြင်းတွေကို သက်သာစေပြီး အရေပြားဆိုင်ရာကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။