အမျိုးသားတွေရဲ့ ဆံပင်ညှပ်တဲ့ အလေ့အထကို အမျိုးအစား ခွဲခြားမယ်ဆိုရင် နွေရာသီမတိုင်ခင် ဆံပင်ပုံစံနဲ့ နွေရာသီအလွန်ဆံပင်ပုံစံဆိုပြီး နှစ်မျိုးခွဲခြားနိုင်တယ်လို့ ဆိုကြပါတယ်။

Before Summer Haircut (BSH) နဲ့ After Summer Haircut (ASH) နှစ်မျိုးမှာ မြန်မာနိုင်ငံလို အပူပိုင်းနိုင်ငံကတော့ နွေရာသီဆံပင်ပုံစံလို့ပဲ အကြမ်းဖျဉ်း ပြောရမလို ဖြစ်နေပါတယ်။ ဒီနှစ်နွေမှာတော့ အနောက်နိုင်ငံက နာမည်ကျော်အမျိုးသားတွေ ဘယ်လိုဆံပင်ပုံစံ အထားများသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

(၁) Summer Undercut

Source: The Trend Spotter

နွေဟာ ပေါ့ပါးသွက်လက်ပြီး လူငယ်ဆန်တဲ့ ဆံပင်ပုံစံနဲ့ လိုက်ပါတယ်။ Summer Undercut စတိုင်ကတော့ ဘေးတွေပါးထားတာဖြစ်လို့ နားရွက်တွေကို လွတ်လပ်ပေါ့ပါးစေဖို့ ခေါင်းပေါ့စေသလို လေးထောင့်မျက်နှာကျသမားတွေအတွက် တကယ်လိုက်ဖက်တဲ့ ပုံစံပါ။

(၂) French Crop

Source: headlineplanet.com

တိုတိုကပ်ကပ်ကိုမှ ဘေးအောက်ဘက်တွေကို အပြောင်ပါးထားတဲ့ ဆံပင်ပုံစံဖြစ်ပါတယ်။ တြိဂံပြောင်းပြန်ပုံ မျက်နှာသမားတွေအပြင် ပုံမှန် မေးရိုးရှိတဲ့ အမျိုးသားတွေနဲ့ လိုက်ဖက်ပါတယ်။ One Direction အဖွဲ့ဝင်ဟောင်း အဆိုတော် Zayn Malik ကတော့ ဒီဆံပင်ပုံစံကို နွေရာသီမှာ အထားများပါတယ်။

(၃) Crew Cut

Source: WAAF.com – Radio.com

အသက်နည်းနည်းကြီးတဲ့ လူလတ်ပိုင်း အမျိုးသားတွေ နွေရာသီမှာ အထားများတဲ့ ပုံစံပါ။ Smack Down နပန်းအကျော်အမော် John Cena ကတော့ ဒီဆံပင်ပုံစံကို အတော်လေး ကြိုက်ပုံရပါတယ်။ ထိန်းသိမ်းရလွယ်ကူပြီး သပ်ရပ်တာကြောင့် စစ်တပ်တွေမှာလည်း Crew Cut ပုံစံညှပ်ကြပါတယ်။

(၄) High Fade With Curly Top

Source: AS English – Diario AS

ပုံစံအရ High And Tight လို့ ခေါ်တဲ့ တိုကပ်ကပ် ဘေးပါး အထက် ၂ လက်မချန် ပုံစံဖြစ်ပေမယ့် သူက အပေါ်မှာ ဆံပင်ကို ပိုအရှည်ထားတဲ့ အခွေပုံစံပါ။ ကမ္ဘာကျော် ဘရာဇီးဘောလုံးသမား Neymar နဲ့အတူ မကြာခဏမြင်ရတဲ့ ဆံပင်ဒီဇိုင်းလည်း ဖြစ်ပါတယ်။

(၅) Short Pomp

Source: kuulpeeps.com

ခန့်ညားသပ်ရပ်ပြီး ယောကျာင်္းပီသစေတဲ့ ဆံပင်ပုံစံတစ်ခုကတော့ Short Pomp ပါ။ ဘေးနားတွေကို တိုကပ်ထားပေမယ့် အပြောင်ကြီး ရှင်းမနေသလို အပေါ်မှာလည်း ဆံပင်ခပ်သင့်သင့် အရှည်နဲ့ သပ်သပ်ရပ်ရပ် ဖြီးခွဲထားတဲ့ ဆံပင်ပုံစံဖြစ်ပြီး နာမည်ကျော်တစ်ဦးဖြစ်တဲ့ David Beckham နဲ့အတူ တွဲမြင်လေ့ရှိတဲ့ ဆံပင်ပုံစံ ဖြစ်ပါတယ်။