အခုလိုမျိုး ပူပြင်းတဲ့ နွေရာသီမှာ ဘာဖြစ်လို့ Shoes ဖိနပ်ကြီး စီးနေရမှာလဲလို့ မတွေးနေပါနဲ့။ နွေရာသီမှာလည်း ကိုယ့်စတိုင်ကို အလန်းစားဖြစ်သွားစေနိုင်တဲ့ Shoes ဖိနပ်တွေရှိသေးတယ်နော်။ နောက်ပြီး အခုပြောပြသွားမယ့် Shoes တွေက တစ်နေကုန်စီးထားလို့လည်း ခြေထောက်အိုက်မှာမဟုတ်ပါဘူး။
Source: Idleman
အရင်ဆုံး ရှောင်ရမယ့် Shoes တွေကတော့ ကိုယ်က အကောင်းစားအဝတ်အစားဝတ်ထားတယ်ဆိုရင်တောင်မှ Dress Shoes တွေ၊ Formal Shoes တွေကို ဝတ်ဆင်တာကနေ ရှောင်ကြဉ်ပါ။ ဘာပဲဖြစ်ဖြစ် တနေကုန်သွားတဲ့အချိန်ကျရင် သင့်ဖိနပ်က အနံ့ထွက်နေတာကို ကြိုက်ကြမှာမဟုတ်ပါဘူး။
ပေါ့ပေါ့ပါးပါး Trainer Shoes တွေကို ဝတ်ဆင်ပါ
Source: Idleman
Trainer Shoes၊ ဒါမှမဟုတ် Sneaker တွေက နွေရာသီလိုမျိုး ပူပြင်းတဲ့ ရာသီဥတုတွေမှာ ခြေထောက်ကို လေဝင်လေထွက်ရှိနေစေပြီးတော့ ပေါ့ပါးသွက်လက်မှုကိုပေးစွမ်းတဲ့အတွက် ကျိန်းသေ ဝတ်ဆင်သင့်တဲ့ Shoes တွေပါ။ ဘာပဲဖြစ်ဖြစ် Vans ဒါမှမဟုတ် Converse လေးပဲ ကောက်စွပ်သွားလိုက်တာက သင့်ကို ဘာနဲ့ပဲဝတ်ဝတ် စတိုင်ကျနေမှာပါ။
Boat Shoes တွေကို ဝတ်ဆင်ပါ
Source: Idleman
နွေရာသီက ခြောက်သွေ့ပါတယ်။ အဲ့ဒီအချိန်မှာ ဖုန်တွေ၊ ပူပြင်းမှုတွေအောက်မှာ ကိုယ့်ဖိနပ်ကို ညစ်ပတ်မှာ ကြောက်တယ်ဆိုရင်တော့ Classic အဖြစ်ဆုံးသော Boat Shoes တွေက အကောင်းဆုံးပါ။ Timberland Boat Shoes တစ်ရံနဲ့ဆိုရင် သင် ဘယ်ပဲသွားသွား စိတ်ပူစရာမလိုတော့ပါဘူး။
ကွင်းထိုး ၊ ခြေညှပ်တွေကို ဝတ်ဆင်ပါ
Source: menfashionnow.com
ဒါကတော့ ရှုးဖိနပ်ကြီး မဝတ်ဆင်ချင်တဲ့ ကွီးတွေအတွက်ပါ။ ဒီဇိုင်းအရ ရိုးရှင်းပြီး အရည်အသွေးကောင်းတဲ့ ကွင်းထိုးဖိနပ် ဒါမှမဟုတ် ခြေညှပ်ဖိနပ်တွေက ကိုယ်ဝတ်ဆင်တဲ့ အဝတ်အစားပေါ်မှုတည်ပြီးတော့ လိုက်ဖက်နေပါလိမ့်မယ်။