နေကာမျက်မှန်ဝတ်ဆင်ခြင်းသည် စတိုင်လ်ကျစေတဲ့ဖက်ရှင်တစ်ခုဖြစ်ရုံသာမကဘဲ ကိုယ့်ရဲ့မျက်လုံးကိုလည်း ခရမ်းလွန်ရောင်ခြည်ဒဏ်မှ အကာအကွယ်ပေးတဲ့ ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။
နေကာမျက်မှန်ဝတ်ဆင်တဲ့အခါ မျက်လုံးကို နေရောင်ခြည်ရဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး အသက်အရွယ်ကြီးတဲ့အခါ မျက်စိတိမ်စွဲခြင်း၊ အမြင်အာရုံဝေဝါးလာခြင်းအစရှိတဲ့ မျက်စိကျန်းမာရေးပြဿနာများမှ ကာကွယ်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ မျက်လုံးတဝိုက် အရေးအကြောင်းထခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။
ဒါပေမဲ့ သင့်အနေနဲ့ အရည်အသွေးကောင်းတဲ့နေကာမျက်မှန်တစ်လက်ကိုသာ သေချာရွေးချယ်သင့်ပါတယ်။ အရည်အသွေးမကောင်းတဲ့နေကာမျက်မှန်များသည် မျက်မှန်မဝတ်တာထက်တောင် ပိုအန္တရာယ်များစေပါတယ်။
ဒါဆိုရင် အရည်အသွေးလည်းကောင်းပြီး ဖက်ရှင်လည်းကျစေမယ့် နေကာမျက်မှန်မျိုးကို ဘယ်လိုရွေးချယ်ရမလဲ။
အခုဖော်ပြပေးမယ့် နေကာမျက်မှန်ဒီဇိုင်းများက ကမ္ဘာ့အမိုက်စားဒီဇိုင်းများဖြစ်ပြီး အရည်အသွေးအကောင်းဆုံးနေကာမျက်မှန်များပဲဖြစ်ပါတယ်။
ဒေါ်လာ ၁၆၀ တန်ဖိုးရှိသော Electric Knoxville XL နေကာမျက်မှန်
၂၁၄ ဒေါ်လာ တန်ဖိုးရှိသော Oakley Flak 2.0 XL နေကာမျက်မှန်
၉၅ ဒေါ်လာ တန်ဖိုးရှိသော Warby Parker Fletcher နေကာမျက်မှန်
၂၇၉ ဒေါ်လာ တန်ဖိုးရှိသော Maui Jim South Swell Polarized နေကာမျက်မှန်
၁၆၄ ဒေါ်လာ တန်ဖိုးရှိသော Oakley Apparition နေကာမျက်မှန်
၁၆၁ ဒေါ်လာ တန်ဖိုးရှိသော Ray-Ban Clubmaster Classic နေကာမျက်မှန်
ဒေါ်လာ ၃၀၀ ဝန်းကျင်တန်ဖိုးရှိသော Randolph Engineering Aviators နေကာမျက်မှန်
ဒေါ်လာ ၃၀၀ ဝန်းကျင်တန်ဖိုးရှိသော Tom Ford Snowdon နေကာမျက်မှန်
စင်ကာပူဒေါ်လာ ၆၀၀ ကျော်ဝန်းကျင်တန်ဖိုးရှိသော Gucci Aviator နေကာမျက်မှန်
ဒေါ်လာ ၃၀၀ ဝန်းကျင်တန်ဖိုးရှိသော Porsche Design နေကာမျက်မှန်
Source: Gearmoose.com
Featured Image Source: Themanual.com