ကျန်းမာရေးဆိုတာ ရောဂါ ဖြစ်လာမှ ကုသတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်မူတွေ ပြုလုပ်တာက ပိုပြီးထိရောက်မူရှိပါတယ်။ နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒီနေ့တော့ အမျိုးသားကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ အစားအစာလေးတွေကို ပြောပြပေးသွားမှာပါ။

သစ်ကြာစေ့

Source: Dr.Axe

သစ်ကြာသီးတွေမှာ ပါဝင်တဲ့ omega 3 fatty acids တွေဟာ ဦးနှောက်ကျန်းမာရေးကို အထောက်အပံပေးပါတယ်။

ဒီအသီးမှာပါဝင်တဲ့ အာဟာရတွေဟာ စိတ်ကျရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေတယ်လို့ ပြောထားတာတွေ ရှိပါတယ်။ ပြီးတော့ အိုမင်းရင့်ရော်ခြင်းနဲ့ ယောင်ယမ်းခြင်းတွေ အတွက်လည်း ကောင်းမွန်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

ချောကလက်နို့

Source: Insider

ချောကလက်နို့ဟာ အားကစားသမားတွေ အတွက် အလွန်တန်ဖိုးရှိပြီး အခြားသူများလည်း သောက်သင့်ပါတယ်။ အဆီနည်းတဲ့ ချော့ကလက်နို့မှာ ဆိုရင် တခြားသော အားကစားသမားများ သောက်သုံးနေတာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကစီဓာတ်နဲ့ အသားဓာတ် အချိုး ၄ ဆ ၁ ဆလောက် ပါပါတယ်။

အားအင်ကုန်ခမ်းပြီး ပြန်လည် ဖြည့်တင်းတဲ့ နေရာမှာလည်း လိုအပ်တဲ့ အရည်ဓာတ်နဲ့ ဆိုဒီယမ် (ဆားဓာတ်) ကို ပေးနိုင်ပါတယ်။ ချောကလက်နို့ကို လေ့ကျင့်မှု ပြီးပြီးချင်းမှာ တစ်ကြိမ်နဲ့ နောက်ထပ် ၂ နာရီ အကြာမှာ တစ်ကြိမ် ထပ် သောက်သုံးသင့်ပါတယ်။

ခရု ကမာများ

Source: My Heart Beets

ခရု ကမာတွေမှာ zinc ပါဝင်မူနှုန်းမြင့်မားတာကြောင့် ဆီးကျိတ် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အစာတစ်မျိုးပါ။ Zinc ပမာဏ နည်းသွားခြင်းဟာ  ဆီးကျိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေနဲ့ မျိုးပွားမှု ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

အမျိုးသားတွေ အတွက် တစ်နေ့လျှင် zinc ပမာဏ (၁၁) မီလီဂရမ် ရသင့်တယ်လို့ အကြံပြုထားပါတယ်။

သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များ

Source: Better Health Channel

သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အစားအစာတွေပါ။ သူတို့တွေမှာ အမျှင်ဓာတ် ကြွယ်ဝပြီး နှလုံးကို ကာကွယ်ပေးခြင်း၊ မောပန်းတာတွေကို တိုက်ထုတ်ပေးနိူင်တဲ့ အာဟာရဓာတ်တွေ ပါပါတယ်။

အမျိုးသားတွေဟာ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အမျိုးသမီးတွေထက် ပိုလိုအပ်ပါတယ်။ သင့်တစ်နပ်စာတိုင်းရဲ့ တစ်ဝက်ဟာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ဖြစ်သင့်ပါတယ်။ ကျန်တဲ့ တစ်ဝက်ကိုတော့ ထမင်းနဲ့ ပဲ၊ အစေ့အဆံတွေ ကဲ့သို့သော ပရိုတင်းဓာတ် ကောင်းကောင်းပါတာတွေ၊ ငါးတွေ ပါသင့်ပါတယ်။

တစ်ခါတလေမှာ အသား တွေနဲ့ နို့၊ နို့ထွက်ပစ္စည်းတွေ ပါဝင်သင့်ပါတယ်။ ဒါ့အပြင် အရောင်အဆင်း၊ အမျိုးအစား စုံလင်မှုနဲ့ လတ်ဆတ်မှုတွေကိုလည်း အာရုံစိုက်သင့်ပါတယ်။

အဲဒါတွေကို လိုက်နာခြင်းအားဖြင့် သင့်ရဲ့ အစားအစာတွေဟာ တဖြည်းဖြည်း ပိုပိုကောင်း၊ ပို အရသာရှိလာပြီး၊ ကျန်းမာရေးကိုလည်း ပိုကောင်းစေလာမှာပါ။