အနောက်တိုင်းဝတ်စုံမှာ အပေါ်ကနေ ထပ်ပြီးဝတ်တဲ့ ကုတ်အင်္ကျီဆိုတာက အနောက်တိုင်းဝတ်စုံဝတ်မှ ဝတ်စရာလိုတာမျိုးမဟုတ်ပါဘူး။ ဘာတွေနဲ့ တွဲပြီး ဝတ်လို့ရမလဲဆိုရင် တီရှပ်တစ်ထည်နဲ့ တွဲပြီးဝတ်တာကလည်း သင့်ကို စမတ်ကျပြီး စတိုင်ကျစေမှာပါ။

ဘယ်လိုမျိုး တီရှပ်ကို ကုတ်အင်္ကျီနဲ့ ဝတ်ဆင်နိုင်မလဲဆိုတာကို ပြောသွားပါမယ်။

Pattern ပါဝင်တဲ့ တီရှပ်ကို ဝတ်ဆင်ပါ။

Source: MenStyle

ကုတ်အင်္ကျီရဲ့ ဟန်ကိုလည်းမပျောက်ပဲ စတိုင်မိုက်မိုက်နဲ့ အခြားသူတွေကြားထဲမှာ ထင်ရှားနေချင်တယ်ဆိုရင် Pattern ပါဝင်တဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်လိုက်ပါ။ အောက်က ဘောင်းဘီကိုလည်း သာမန်အမည်းရောင်ထက် အဖြူ၊ ဒါမှမဟုတ် အခြားအရောင်ကို ဝတ်လိုက်တာက ပိုပြီး လိုက်ဖက်စေမှာပါ။

တီရှပ်အရောင်ကို သေချာရွေးပါ

Source: He Spoke Style

တခါတလေမှာ ကိုယ်ဝတ်ဆင်မယ့် ကုတ်အင်္ကျီအပေါ်မှုတည်ပြီး တီရှပ်အရောင်ကိုကွဲနေအောင် ရွေးချယ်တာကလည်း အရေးကြီးပါသေးတယ်။ ကိုယ်က ပုံမှန် ကုတ်အင်္ကျီအမည်းကို ဝတ်ဆင်မယ်ဆိုရင် အရောင်တောက်တောက်တီရှပ်ကို ဝတ်ဆင်လို့ရပေမယ့် အရောင်နဲ့ ကုတ်အင်္ကျီဆိုရင်တော့ အောက်ကတီရှပ်ကို အဖြူရောင်၊ ဒါမှမဟုတ် အမည်းရောင်ပဲ ရိုးရိုးရှင်းရှင်းဝတ်ဆင်လို့ ရမှာပါ။

ပေါ့ပေါ့ပါးပါးကုတ်အင်္ကျီတွေနဲ့ ဝတ်ပါ

Source: Ashley Weston

ကုတ်အင်္ကျီကလည်း တီရှပ်တွေလိုပဲ ရွေးချယ်ရမယ့် အရာတစ်ခုပါ၊ ပွဲအခမ်းအနားတွေမှာ ဝတ်ဆင်တဲ့ ကုတ်အင်္ကျီအစား သာမန်ရိုးရှင်းတဲ့ ကုတ္အက်ႌေ တြက တီရှပ်နဲ့ ဝတ်ဆင်တဲ့အချိန်မှာ ပိုပြီး Casual Style ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကုတ်အင်္ကျီဝတ်ဆင်မယ်၊ အဲ့ဒါကလည်း သာမန်ပေါ့ပေါ့ပါးပါး အပြင်ထွက်ဖို့ပဲ တီရှပ်နဲ့ ဝတ်ဆင်မယ်ဆိုရင် ကုတ်အင်္ကျီကို အရမ်း Formal ဖြစ်တာမျိုးမဟုတ်ပဲနဲ့ ပုံမှန်ပဲ ဝတ်ဆင်ရမှာပါ။

အနက်ရောင်ပဲ ဝတ်တာကလည်း စတိုင်မိနေမှာနော် 

Source: Burton

ဒါကတော့ တီရှပ်ကို သာမန်ကုတ်အင်္ကျီအနက်ရောင်နဲ့ ဝတ်တော့မယ်ဆိုရင် အရိုးရှင်းဆုံးသော ဝတ်ဆင်ပုံတစ်ခုပါ။ တီရှပ်၊ ကုတ်အင်္ကျီနဲ့ ဘောင်းဘီ အကုန်လုံးကို အနက်ရောင် ဒါမှမဟုတ် အနက်ရောင်နဲ့ ဆက်နွယ်တဲ့ မီးခိုးရောင်လိုမျိုး ဝတ်ဆင်တာက Minimalist ဖြစ်နေမယ့်အပြင် ရိုးရှင်းပြီး လှပနေမှာပါ။ ဒီစတိုင်က ယောကျာ်းလေးတွေအတွက် အသင့်လျော်ဆုံး စတိုင်တစ်ခုလည်းဖြစ်ပါတယ်။