တက်တူးချစ်သူ ယောကျာ်းများအတွက် သူတို့ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးထားတဲ့ တက်တူးက သူတို့ရဲ့အနုပညာတစ်ရပ်ပဲဖြစ်ပါတယ်။ ထိုအနုပညာကို နှိုင်းယှဉ်ရမယ်ဆိုရင်တော့ တက်တူးထိုးထားသော ခန္ဓာကိုယ်သည် ဂျာနယ်တစ်စောင်ဖြစ်ပြီး တက်တူးများကတော့ ဂျာနယ်ပေါ်မှာ ဖော်ကျူးထားတဲ့ သမိုင်းကြောင်းများပဲဖြစ်ပါတယ်။

တက်တူးချစ်သူများအနေနဲ့ မိမိခန္ဓာကိုယ်ပေါ်မှာ တက်တူးမထိုးခင်မှာ မိမိရေးထိုးမယ့် တက်တူးဒီဇိုင်းရဲ့အဓိပ္ပာယ်ကို ဂဃနဏသိထားဖို့ လိုအပ်ပါတယ်။ မိမိရေးထိုးထားတဲ့ တက်တူးက မိမိအတွက် အဓိပ္ပာယ်ပြည့်ဝနေရမှာဖြစ်ပြီး အများအမြင်မှာလည်း ကြည့်ရဆိုးမနေဖို့လိုပါသေးတယ်။

မိမိကိုယ်ကို ချစ်မြတ်နိုးတဲ့သူတွေအတွက်

best tattoos for men

လူသားတွေက မိမိချစ်တဲ့သူတွေကိုသာ ဂရုစိုက်ပြ၊ ကြင်နာပြတတ်ကြပြီး မိမိကိုယ်ကို ချစ်ဖို့၊ ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။ ဒီတက်တူးလေးကတော့ မိမိကိုယ်ကို ဂရုစိုက်ဖို့၊ ချစ်ဖို့ မေ့မနေအောင် သတိပေးနေတဲ့ တက်တူးဒီဇိုင်းလေးပဲဖြစ်ပါတယ်။

ကမ္ဘာလုံးပေါ်တွင် လမ်းလျှောက်နေသောသူ

best tattoos for men

ဒီတက်တူးဒီဇိုင်းကိုတော့ အဓိပ္ပာယ် (၂) မျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ပထမတစ်မျိုးကတော့ ခရီးသွားနှစ်သက်သောသူအတွက် ကမ္ဘာပတ်ပြီး ခရီးသွားနေပုံကို ဖော်ကျူးပြီး အခြားတစ်မျိုးကတော့ ကမ္ဘာပေါ်ရှိအရာအားလုံးကို အနိုင်ယူလိုစိတ်ပြင်းပြပုံကို ဖော်ကျူးနေတာပဲဖြစ်ပါတယ်။

ကျောက်ဆူးနှင့် သံလိုက်အိမ်မြှောင်အတွဲ

best tattoos for men

ကျောက်ဆူးတက်တူးများကတော့ သင်္ဘောသားများ အထိုးများတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။ ထိုကျောက်ဆူးတက်တူးသည် ခွန်အားကြီးမားခြင်း၊ ရင့်ကျက်တည်ငြိမ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ကိုယ်စားပြုပြီး သံလိုက်အိမ်မြှောင်ကတော့ ဘဝအတွက် လမ်းမှန်ကို ရှာဖွေနေကြောင်း ဖော်ညွှန်းနေပါတယ်။ ထိုတက်တူးအတွဲအစပ်သည် ခရီးသွားခြင်း (သို့) ဘဝတွင် စွန့်စားမှုများကို ရှာဖွေနေခြင်းလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသေးတယ်။

ကင်းမြီးကောက်တက်တူး

best tattoos for men

ကင်းမြီးကောက်တက်တူးကတော့ အန္တရာယ်ရှိခြင်း၊ သန်မာခြင်း၊ ဆိုးရွားသော အခြေအနေကို ကျော်ဖြတ်ပြီး ကောင်းမွန်သော အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ခြင်းကို ကိုယ်စားပြုပါတယ်။ ကင်းမြီးကောက်ရဲ့ ထောင်နေတဲ့အမြီးက ရန်သူကို သတိထားရန် အချက်ပြနေခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ မိမိရန်သူက မိမိကို အန္တရာယ်တစ်စုံတစ်ရာပေးပါက မိမိကလည်း တန်ပြန်တိုက်ခိုက်ရန်အသင့်ဖြစ်နေပုံကို ဖော်ပြနေပါတယ်။

မိုးကြိုးသွားပုံတက်တူး

best tattoos for men

ဒဏ္ဍာရီများအရ မိုးကြိုးသွားသည် စွမ်းအင်ပြည့်ဝခြင်း၊ စွမ်းအားကြီးခြင်း၊ ဗဟုသုတကြွယ်ဝခြင်းနှင့် အကြံဉာဏ်သစ်များ ဖန်တီးကြံဆနိုင်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ဒီတက်တူးလေး ထိုးထားခြင်းအားဖြင့် သင့်အတွက် နေ့ရက်တိုင်းမှာ တီထွင်ဖန်တီးနိုင်စွမ်းရှိအောင် တွန်းအားတစ်ခုပေးနေပါလိမ့်မယ်။

Source: Stylesatlife.com