လူတိုင်းလူတိုင်းအောင်မြင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ချင်ကြတယ်ဆိုတာ ငြင်းလို့ မရတဲ့အမှန်တရားတစ်ခုပါ။အခုဒီဆောင်းပါးလေးကိုဖတ်နေတယ်သင်လည်းဘဝမှာအောင်မြင်ခြင်းတွေကိုရရှိချင်တဲ့သူတစ်ယောက်ဖြစ်မယ်ဆိုတာသေချာပါတယ်။ ဒါဆိုရင်တေ့ အောင်မြင်တဲ့ ဘဝတစ်ခုရဖို့ ဘာတွေက အရေးကြီးလဲ ဘယ်အချက်တွေလိုက်နာရမလဲ ရှောင်ကျဉ်ရမလဲဆိုတာ ပြောပြချင်ပါတယ်။

(၁) စိတ်ရှည်ပါ

Source : Shutterstock

အောင်မြင်မှုဆိုတာ နေ့ချင်းညချင်းရရှိလာနိုင်တဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။ဇွဲ လုံ့လ ဝီရိယစတဲ့ဘက်ပေါင်းစုံကနေ ပုံမှန်လေးကြိုးစားသွားမှသာလျှင် ဘဝမှာသင်ချင်တဲ့ အောင်မြင်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ လွယ်လွယ်အောင်မြင်ချင်လို့ ဖြတ်လမ်းလိုက်မယ်ဆိုရင်တော့ သင်ရဲ့ အောင်မြင်မှုကကြာရှည်ခံမှာမဟုတ်ပါဘူး။ဒါကြောင့် သင့်အနေနဲ့ စိတ်ရှည်ဖို့လိုပါလိမ့်မယ်။

(၂) ယုံကြည်ချက်ပြင်းထန်ပါ

Source : Shutterstock

လူတိုင်းလူတိုင်းမှာ စိတ်စွမ်းအားဆိုတဲ့ အစွမ်းထက်လက်နက်တစ်မျိုး ပိုင်ဆိုင်ထားကြပါတယ်။ သင့်ကိုယ်သင်ယုံကြည်မှုရှိပြီး ကိုယ်ယုံကြည်တဲ့အရာကို စိတ်စွမ်းအားနဲ့ပေါင်းစပ်ကာ ဖြစ်ကိုဖြစ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စိတ်အားထက်သန်စွာ လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုအနှေး အနဲ့ အမြန်ရရှိလာမှာသေချာပါတယ်။

(၃) ကိုယ်လမ်းကိုဖောက်ပါ

Source : EndThriv

အောင်မြင်နေတဲ့လူတစ်ယောက်ကိုကြည့်ပြီး အားကျအတုယူသင့်ပါတယ်။သို့သော် သူလုပ်တဲ့အတိုင်း အရာရာတိုင်းလိုက်လုပ်ရုံနဲ့ သင်လည်းအောင်မြင်မယ်လို့ပြောလို့မရပါဘူး။ကိုယ်ယုံကြည်ရာ ကိုယ့်လမ်းကို ကိုယ်တိုင်ဖောက်တာကသာ အကောင်းဆုံးဖြစ်ပါတယ်။ဒါ့ကြောင့်အောင်မြင်သူတွေစီကနေ လေ့လာပါသင်ယူပါ။ ပြီးရင်ကိုယ်လေ့လာထားတဲ့အရာတွေနဲ့ ကိုယ့်လမ်းကိုအကောင်းဆုံးဆက်ဖောက်ပါ။

(၄) ပတ်ဝန်းကျင်ရဲ့ အမြင်ကိုမကြည့်ပါနဲ့

Source : KOHA ISLAME

လူတွေရဲ့ အစဉ်အလာတိုင်း ဝေဖန်အပြစ်ပြောမယ့်သူကပြောမယ် ချီးကျူးတဲ့သူကချီးကျူးပါလိမ့်မယ်။ သင့်အနေနဲ့ အမြဲတမ်း ချီးကျူးစကား ကြားရဖို့ မျှော်လင့်မထားသင့်သလို ပြစ်တင်ဝေဖန်မှုတွေကြောင့်လည်း အားလျော့မသွားသင့်ပါဘူး။တစ်ခါတစ်လေမှာ ပတ်ဝန်ကျင်းက အမြင်ထက် ကိုယ်ယုံကြည်တဲ့အတိုင်း ကိုယ်တကယ်လုပ်ချင်တဲ့တိုင်းလုပ်ဆောင်တာက အောင်မြင်ဖို့ရာခိုင်နှုန်းပိုများပါတယ်။