အမျိုးသားနဲ့ အမျိုးသမီးတွေဟာ အကြိုက်ချင်းမတူကြသလို တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ ပြောတတ်လေ့ရှိတဲ့ စကားတွေကလည်း တော်တော်ကို ကွာခြားလှပါတယ်။

မိန်းကလေးတွေနဲ့ စကားပြောလေ့မရှိတဲ့ အမျိုးသားတွေဆိုရင် စကားအပြောမတတ်ပါက ကိုယ်သဘောကျတဲ့ မိန်းကလေးကိုတောင် မတော်တဆ လက်လွှတ်ဆုံးရှုံးသွားရနိုင်ပါတယ်။

ဒါကြောင့် ကိုယ်သဘောကျတဲ့ မိန်းကလေးကို တွေ့ပြီးလို့ သူနဲ့စကားပြောဖို့ အခွင့်အရေးရပြီဆိုရင် သတိထားရမယ့် အချက်တွေနဲ့ ထည့်သွင်းပြောဆိုရမယ့် စကားအကြောင်းအရာလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ရပါတယ်။

၁။ စာအုပ်၊ ရုပ်ရှင်၊ သီချင်းနဲ့ အနုပညာ

Source: independent.co.uk

မိန်းကလေးတစ်ယောက်က တေးဂီတကို နှစ်သက်တယ်လို့ ပြောလိုက်တယ်ဆိုတာနဲ့ ဘယ်တီးဝိုင်းကို၊ ဘယ်အဆိုတော်ကို ကြိုက်လဲဆိုတာကိုပဲ မမေးပါနဲ့။ ကိုယ်နားထောင်သင့်တယ်လို့ထင်တဲ့ သူကြိုက်တဲ့အဆိုတော်ရဲ့ သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်ကို မေးကြည့်ပြီး အဲ့ဒီ့သီချင်းတွေက သူမအတွက် ဘာအဓိပ္ဗာယ်တွေရှိလဲဆိုတာကို မေးလိုက်ပါ။ ဒါမှမဟုတ် သူမက စာဖတ်ရတာ သဘောကျတယ်ဆိုရင်တော့ အကြိုက်ဆုံး စာရေးဆရာကိုပဲမေးတာထက် ကိုယ့်ကိုဖတ်စေချင်တဲ့ စာအုပ်နဲ့ ဘယ်လိုအကြောင်းအရာလဲဆိုတာကို မေးပါ။

၂။ ပေါင်းသင်းဆက်ဆံရေး

Source: The Independent

မိန်းကလေးအများစုအနေနဲ့ အခြားသူတွေရဲ့ အချစ်ရေးကိစ္စတွေကို သိလိုကြတဲ့စိတ်ကလေးရှိကြပါတယ်။ ဒါကြောင့် မောင်နှမတွေရဲ့ ချစ်ရေးချစ်ရာကိစ္စတွေ၊ သူငယ်ချင်းရဲ့ရည်းစားကိစ္စတွေနဲ့ ပတ်သက်လို့ ကြားဖူးနားဝရှိတာလေးတွေကို မှတ်ထားပြီးတော့ သူမနဲ့တွေ့တဲ့အခါကျရင် စကားတစ်ခုအနေနဲ့ ပြောဆိုအသုံးပြုပါ။

၃။ ခရီးသွားခြင်း

Source: glamour.com

လူတိုင်းလိုလိုက ခရီးသွားရတာကို နှစ်သက်တာကြောင့် သူမသွားချင်ဆုံး နေရာတစ်ခုအကြောင်းနဲ့ ဘာတွေကိုနှစ်သက်လဲဆိုတာကို မေးပါ။ ဒါမှမဟုတ် တစ်လလုံးလုံး ဘာအပူအပင်မှမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ ခရီးသွားနိုင်မယ်ဆိုရင် ဘယ်လိုနေရာကိုသွားမလဲဆိုတာလေးကို မေးကြည့်ပါ။

၎။ သူမနဲ့ပတ်သက်တဲ့ ထင်မြင်ချက်လေးတွေ

Source: lunchclick.co

အမျိုးသမီးတွေရဲ့ အကဲခတ်နိုင်စွမ်းရည်က အမျိုးသားတွေထက်ပိုပြီးတော့ ထက်မြက်လှပါတယ်။ အခြားအမျိုးသားတွေ သတိမထားမိလေ့ရှိတဲ့ အရာတွေကို ကိုယ်ကသတိထားမိမယ်ဆိုရင်တော့ အမှတ်ပိုရသွားနိုင်ပါတယ်။ သူမနဲ့ပတ်သက်လို့ ကိုယ်ဘာသတိထားမိတာရှိလဲ။ ထိုအရာတွေကို မေးမြန်းရင်းနဲ့ ကိုယ်သတိထားမိတယ်ဆိုတဲ့အကြောင်းကို သူမသိအောင်လုပ်ပေးပါ။

၅။ သူမရဲ့ စိတ်ကူး၊ အိပ်မက်တွေ

Source: FirstMet.com

ကိုယ်ဝါသနာပါရာ၊ ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေကို ထပ်တူသဘောကျတဲ့သူနဲ့ စကားပြောဆိုရတာဟာ အင်မတန်ကျေနပ်စရာ အခိုက်အတန့်ပါ။ အမျိုးသမီးတစ်ယောက်နဲ့ပတ်သက်လို့ ယုံကြည်မှု၊ အပြန်အလှန်ခင်မင်နားလည်မှုတွေကို ရရှိပြီးရင်တော့ သူမနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးမြန်းရတာက အင်မတန်လွယ်ကူသွားပါပြီ။