မျက်နှာကျချွန်သော ယောကျာ်းများသည် မတိုမရှည်ဆံပင်စတိုင်လ်များနဲ့ ပိုမိုလိုက်ဖက်ပြီး သူတို့ရှောင်ကြဉ်ရမယ့် ဆံပင်စတိုင်လ်ကတော့ ဘေးခွဲဆံပင်စတိုင်လ်မျိုးပဲဖြစ်ပါတယ်။ ဘေးခွဲဆံပင်က သူတို့ရဲ့ချွန်နေတဲ့မေးစေ့ကို ပိုချွန်သွားစေပြီး မျက်နှာရှည်ရှည်ကြီးဖြစ်သွားစေပါတယ်။

ဒီလိုမျက်နှာကျပိုင်ရှင်တွေရဲ့ဆွဲဆောင်မှုက ပေါ်လွင်နေတဲ့ မေးရိုးပေါ်မှာ ကျရောက်နေတဲ့အတွက်ကြောင့် နှုတ်ခမ်းမွှေး သေချာရိတ်ပေးပြီး သန့်ပြန့်ကျော့ရှင်းနေပါက ပိုမိုဆွဲဆောင်မှုရှိပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ မျက်နှာကျချွန်တဲ့ယောကျာ်းများနှင့် အလိုက်ဖက်ဆုံး အမိုက်စားဆံပင်စတိုင်လ်များကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အပေါ်အနည်းငယ်ထောင်ကာ ဘေးဘက်သို့ လှဲချထားတဲ့ ဆံပင်စတိုင်လ်

hairstyles for men with triangular face

ဒီဆံပင်ကေကို ညှပ်တဲ့အခါ သတိထားရမယ့်အချက်ကတော့ ပုံထဲကထက် တိုသွားအောင် မညှပ်မိဖို့ပါပဲ။ အပေါ်အထောင်ကိုမှ အုံထူထူလေးထားရင်တော့ ပိုလိုက်ဖက်ပါတယ်။

လူငယ်ဆန်တဲ့ တိုတိုကပ်ကပ်ဆံပင်ကေ

hairstyles for men with triangular face

ဒီဆံပင်ကေလေးကတော့ သင့်ရဲ့ကျယ်ဝန်းတဲ့နဖူးပြင်ကို ဖုံးထားပေးပြီး မေးရိုးပေါ်လွင်သွားအောင် ကူညီပေးပါတယ်။ လူငယ်များနဲ့ ပိုမိုလိုက်ဖက်ပါတယ်။

ဆံပင်အထောင်ကိုမှ အနားသတ်လေးတွေ ကောက်ကွေးထားတဲ့ Pompadour ဆံပင်စတိုင်လ်

hairstyles for men with triangular face

သင့်အနေနဲ့ ဆွဲဆောင်မှုအပြည့်နဲ့ ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်လေးကို ပုံသွင်းညှပ်ယူလိုက်ပါ။ ဒီဆံပင်ကေသည် ပါးရိုးမြင့်မြင့်၊ မေးရိုးပေါ်လွင်သူများအတွက် အသင့်တော်ဆုံးပါပဲ။

မွေးရာပါ ဆံပင်ကောက်သူများနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်

hairstyles for men with triangular face

ကိုယ့်ဆံပင်က မွေးရာပါကောက်လို့ဆိုပြီး စိတ်ညစ်စရာမလိုပါဘူး။ ဒီလိုဆွဲဆောင်မှုရှိတဲ့ ဆံပင်ကေလေး ဖန်တီးနိုင်ပါတယ်။ ဆံပင်ကောက်သူတွေအတွက်ကတော့ ပိုပြီးတော့တောင် ဆက်စီကျသွားစေပါတယ်။

ဆံပင်ထူထူထဲထဲလေးနဲ့ ကြည့်ကောင်းသွားစေမယ့် Quiffs ဆံပင်စတိုင်လ်

hairstyles for men with triangular face

Quiffs ဆံပင်ကေကလည်း Pompadour ဆံပင်စတိုင်လ်နဲ့ အနည်းငယ်ဆင်တူပါတယ်။ ဒီဆံပင်ကေက သင့်ရဲ့မျက်နှာကို ဝိုင်းသွားသယောင်ဖြစ်စေပြီး ကိုယ့်ရဲ့မေးရိုးကြီးကို ဖုံးထားချင်သူများအတွက် သင့်တော်ပါတယ်။

ဘေးနှစ်ဖက်ကို မပြောင်တပြောင်လေး ရိတ်ထားပြီး အလယ်တွင် ဆံပင်ပါးပါးလေးသာ ချန်ထားသော ဆံပင်ကေ

hairstyles for men with triangular face

ခေါင်းဖြီးရတာ၊ ခေါင်းလျှော်ရတာတွေကြောင့် စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက်နဲ့ အလုပ်ရှုပ်သက်သာချင်တဲ့သူတွေအတွက်ကတော့ ဒီဆံပင်ကေက အသင့်တော်ဆုံးပဲမဟုတ်လား။

ညှို့ငင်အားကောင်းချင်တဲ့ ယောကျာ်းများအတွက် ဆံပင်အရှည်စတိုင်လ်

hairstyles for men with triangular face

ဒီဆံပင်ကေကတော့ လူငယ်များအကြား လတ်တလောရေပန်းစားနေတဲ့ ဆံပင်ကေလေးပဲဖြစ်ပါတယ်။ စတိုင်လ်လည်း မိမိုက်သလို သေချာပုံသွင်းနိုင်မှလည်း ညှို့ငင်အားကောင်းနေမှာပါ။

Source: Lifetailored.com