ဝိုင်ချစ်သူများအတွက် အကောင်းစားဝိုင်တစ်ပုလင်းလိုအပ်သလို ထိုဝိုင်ထည့်သောက်ဖို့အတွက် အရည်အသွေးကောင်းတဲ့ ဝိုင်ခွက်လေးတစ်ခွက်လည်း ပိုင်ဆိုင်ထားသင့်ပါတယ်။
အကောင်းစား ဝိုင်တွေကို ပလပ်စတစ်ခွက် (သို့) ရိုးရိုးဖန်ခွက်နဲ့ သောက်တဲ့အခါ ဝိုင်သောက်နေရတယ်ဆိုတဲ့ ခံစားချက်ကို ရာနှုန်းပြည့်ခံစားနိုင်မှာမဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ အတူတူဝိုင်းဖွဲ့ပြီး ဝိုင်သောက်တဲ့အချိန်ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း ဝိုင်လေးသောက်ရင်း ဇိမ်ခံချင်တဲ့အချိန်ပဲဖြစ်ဖြစ် အကောင်းစားဝိုင်ခွက်လေးနဲ့ စတိုင်လ်ကျကျ သောက်ရမှာဖြစ်ပါတယ်။
ဝိုင်ခွက်ဒီဇိုင်းတွေကလည်း အမျိုးမျိုးရှိတဲ့အနက် သင့်အနေနဲ့ ဘယ်လိုဝိုင်ခွက်လေး ဝယ်သုံးရမလဲ စဉ်းစားမရဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဝိုင်ခွက်လှလှလေးများကို ဝယ်ယူနိုင်ပါတယ်။
Zalto

ဒီဝိုင်ခွက်လေးကို Amazon ကနေ မှာယူမယ်ဆိုရင် ၅၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒီဝိုင်ခွက်ဒီဇိုင်းကတော့ လူကြိုက်အများဆုံးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။
Glasvin

Glasvin ကတော့ တစ်စုံ ဝယ်ယူမယ်ဆိုရင် ၇၅ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။ ဝိုင်ခွက်အောက်ခြေဒီဇိုင်းလေးက လုံးလုံးလေးဖြစ်နေအောင် ပုံပေါ်ထားပြီး နူးညံ့တဲ့ခံစားချက်များကို ခံစားရရှိစေဖို့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Schott Zwiesel

Schott Zwiesel ကတော့ အားလုံးထဲမှာ ဈေးအသက်သာဆုံးဝိုင်ခွက်ဖြစ်ပါတယ်။ သင့်အနေနဲ့ ဝယ်ယူမယ်ဆိုရင်တော့ ၁၅ ဒေါ်လာနဲ့ ပေးဝယ်နိုင်ပါတယ်။ ဖန်ခွက်ပြုလုပ်တဲ့အခါ ဖန်သားကို တိုက်တေနီယံအနည်းငယ်နဲ့ ရောစပ်ကာ ထုတ်လုပ်ထားတဲ့အတွက်ကြောင့် အကြမ်းခံတဲ့ဝိုင်ခွက်တစ်လုံးပဲဖြစ်ပါတယ်။
Libbey Vina

ဒီဝိုင်ခွက်ကတော့ ၃၅ ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ သူ့ဒီဇိုင်းကိုတော့ ကျော့မော့ပြီး Classic ဆန်အောင် ဖန်တီးပုံဖော်ထားတာပဲဖြစ်ပါတယ်။
Gabriel-Glas 99682 Gold Edition

Gold Edition ကတော့ ဘူးငယ်တစ်ဘူးတွင် ဝိုင်ခွက် ၆ ခွက် ပါဝင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၄၇၁ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ ကန့်သတ်ထုတ်ကုန်တစ်ခုဖြစ်တာကြောင့် ဧပြီလမတိုင်ခင်အထိ အမြန်မှာထားမှ စိတ်ချရမှာဖြစ်ပါတယ်။
Sophienwald

Sophienwald ကတော့ ဝိုင်ဖြူအတွက် သီးသန့်ထုတ်လု်ပထားတာဖြစ်ပြီး သူသည်လည်း ဆက်အလိုက်ဝယ်ယူပါက ဝိုင်ခွက် ၆ ခွက် ပါရှိမှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၆၀ ကုန်ကျမှာဖြစ်ပါတယ်။
Zalto Glassware Crystal Denk’Art

ပုပုလုံးလုံးဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ Zalto တံဆိပ်ဝိုင်ခွက်ကတော့ ဝိုင်နီအတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၆၃ ကုန်ကျမှာဖြစ်ပါတယ်။
Riedel

ဖော်ပြပါဝိုင်ခွက်ဒီဇိုင်းကတော့ စပါကလင်ဝိုင် သောက်သုံးတဲ့အခါ အင်မတန်လိုက်ဖက်ပြီး ဝိုင်ရဲ့အနံ့ကို သေချာခံစားကာ မြည်းစမ်းသောက်သုံးနိုင်အောင် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၃၅ ဒေါ်လာကနေ အခုဆိုရင် ၉ ရာခိုင်နှုန်းလျော့ဈေးနဲ့ ၃၂ ဒေါ်လာဖြင့် ဝယ်ယူနိုင်ပါတယ်။
Mark Thomas

Mark Thomas ဝိုင်ခွက်ကတော့ တစ်စုံလျှင် ၂ ခွက် ပါဝင်ပြီး ဈေးနှုန်းကတော့ ၁၁၀ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ သူ့ရဲ့အချိုးအစားပြေပြစ်တဲ့ဒီဇိုင်းက လှပကျော့ရှင်းမှုကို အသားပေးထားတာကို တွေ့မြင်ရမှာပါ။
Source: Nymag.com
Featured Image Source: Nymag.com
