မနက်ဖြန်ဆိုရင် ချစ်သူများနေ့လည်းရောက်ပြီဆိုတော့ Rs ရှိတဲ့ ကွီးတို့အနေနဲ့ ချစ်သူကောင်မလေးကို လက်ဆောင်ပေးဖို့ ခေါင်းစားနေလိုက်ပြီထင်ပါတယ်။တကယ်တော့မိန်းကလေးတွေက ကိုယ့်ချစ်သူစီကနေဘယ်လိုလက်ဆောင်မျိုးကိုမဆို လိုချင်ကြတာပါ။ဒီတော့မိန်းကလေးတွေအကြိုက်လည်းဖြစ်ရမယ့် သူမအတွက် ထူးထူးခြားခြားလက်ဆောင်လေးလည်းဖြစ်စေချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကိုဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

(၁) ပုံတူပန်းချီ

Source ; Shutterstock

ချစ်သူကောင်မလေးကို လုံးဝစပရိုက်ဖြစ်သွားစေချင်တယ်ဆိုရင်တော့ သူမရဲ့ ပုံတူပန်းချီကားလေးတစ်ချပ် လက်ဆောင်ပေးလိုက်ပါ။ဖြစ်နိုင်ရင်ကိုယ်တိုင် ရေးဆွဲထားတဲ့ ပုံတူပန်းချီလေးဆိုရင် မိန်းကလေးတွေ ပိုပြီးသဘောကျကျပါတယ်။သူမရဲ့ ဓာတ်ပုံလေးတွေထဲက အလှဆုံးပုံလေးတစ်ပုံရွေးပြီး ပုံတူပန်းချီ လေးဆွဲ သေချာဘောင်လေးကွပ်ပြီး လက်ဆောင် ပေးမယ်ဆိုရင်သူမအတွက် အထူးခြားဆုံး V Day လက်ဆောင်လေးဖြစ်စေမှာသေချာပါတယ်။

(၂) အလှအပဆိုင်ရာပစ္စည်းများ

Source ; Shutterstock

ယောကျာ်လေးတွေဟာ မိန်းကလေးတိုင်းလိုလို အလှအပကြိုက်ကြတဲ့သူတွေဆိုတာ သိထားကြပေမယ့် အလှအပဆိုင်ရာပစ္စည်းလေးတွေ လက်ဆောင်ပေးဖို့တော့ သတိမေ့နေတက်ကြပါတယ်။နာမည်ကြီး Branded Skin Care ပစ္စည်းတွေမှမဟုတ်ပါဘူး။ နှုတ်ခမ်းနီ Face Mask စသည်ဖြင့်ပေါ့ပေါ့ပါးပါးနဲ့ ကုန်ကျစရိတ်လည်းအရမ်းမများတဲ့ Skin Care ပစ္စည်းလေးတွေ လက်ဆောင်ပေးလို့ရပါတယ်။

(၃) စာအုပ်

Source ; Shutterstock

စာအုပ်ဆိုတာ ရိုးရိုးတန်းတန်းစာအုပ်မျိုးတော့ မဟုတ်ပါဘူး။သူမနဲ့စတွေ့တဲ့ Date လေးတွေ သူမကို ဘယ်လောက်ချစ်ကြောင်း သူမရဲ့ဘယ်အရာလေး တွေကချစ်ဖို့ကောင်းကြောင်း စသည်ဖြင့် ကိုယ့်အချစ်တွေအားလုံးကို သူမအနေနဲ့ တစ်နေရာထဲမှာ အကုန်မြင်တွေနိုင်အောင် ချရေးထားတဲ့စာအုပ်မျိုးပါ။ ဒီလိုသေးသေးမွှားမွှားလေးကအစ မှတ်စုရေးထားတဲ့ စာအုပ်လေးကသူမအတွက် ဘယ်အချိန်ဖွင့်ဖတ်ဖတ်ကြည်နူးစရာကောင်းနေမှာသေချာပါတယ်။

(၄) ချောကလက်

Source : Shutterstock

Valentine Day လို့ပြောလိုက်တာနဲ့ ချောကလက် ကလည်းမေ့ထားလို့မရတဲ့လက်ဆောင် ပစ္စည်းတစ်ခုဖြစ်ပါတယ်။ချစ်သူကောင်မလေးအတွက် အထူးခြားဆုံးဖြစ်စေမယ့် လက်ဆောင်အိုင်ဒီယာတွေ စဉ်းစားနေရတာနဲ့ ချောကလက်လက်ဆောင်ပေးဖို့ကို မမေ့လိုက်ပါနဲ့နော်။ Vday အတွက် ချောကလက်ဆိုတာ အရိုးရှင်းဆုံးနဲ့ ရိုးရာမပျက်တဲ့ ချစ်ခြင်းဖွဲ့လက်ဆောင်လေးဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ချစ်သူကောင်မလေးကို မဖြစ်မနေ ချောကလက် လက်ဆောင်ပေးဖို့လည်း အကြံပြုချင်ပါတယ်။