Valentine’s Day ဆိုတာ ကိုယ့်အတွက်အဓိပ္ပါယ်ရှိတဲ့ လူတစ်ယောက် ၊ ကိုယ်သိပ်ချစ်ရတဲ့ လူတစ်ယောက်ကို ချစ်ခြင်းမေတ္တာဖော်ညွှန်းရာနေ့တစ်နေ့ လိုပါပဲ။ Valentine’s Day ဆိုရင် ကိုယ်တစ်ဖက်သတ်ကြိတ် Crush ရသူကို ကိုယ့်ချစ်ခြင်းတွေ ဖော်ပြတာလည်း ဖြစ်နိုင်သလို မိသားစု ၊ မိတ်ဆွေနဲ့ မေတ္တာမျှဖို့ ထိုက်တန်သူကို မေတ္တာပြတာပါပဲ။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်မယ့် Valentine’s Day ကို လူတွေဟာ ပုံစံမျိုးစုံနဲ့ ဖော်ပြလေ့ရှိကြပြီး ဒီထဲမှာ လက်ဆောင်ပစ္စည်းတွေနဲ့ Surprise လုပ်တာ ၊ ဒါမှမဟုတ်လည်း လျှောက်လည်/လျှောက်စားပြီး အဲ့ဒီနေ့ကို အမှတ်တရဖြစ်ကျန်အောင် ဖန်တီးလိုက်တာတွေလည်း လုပ်လေ့ရှိကြပါတယ်။

ဒီဆောင်းပါးမှာတော့ ချစ်ခြင်းဖွဲ့နေ့နဲ့ လိုက်ဖက်တဲ့ Valentine’s Day သီချင်းတွေအကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(၁) Golden Hour

Kacey Musgraves သီဆိုထားတဲ့ Golden Hour သီချင်းဟာ ကိုယ်ကြွေနေတဲ့ Crush ကို ရည်စူးဖို့ အကောင်းဆုံးစာသားတွေ ပါဝင်ပါတယ်။ ”ဘေဘီ မင်းမသိလို့လား။ မင်းက ကိုယ့်ရဲ့ ရွှေရောင်အချိန်နာရီလေးပါ။ ကိုယ့်ကောင်းကင်ရဲ့ အရောင်လေး။ ကိုယ့်ဘဝကို ထွန်းညှိပေးခဲ့သူ။ ကိုယ်သိတယ်။ အရာအားလုံး အဆင်ပြေသွားမယ်လို့ ကိုယ်သိတယ်” တဲ့။ Valentine’s Day နဲ့ လိုက်ဖက်လှတဲ့ သီချင်းတစ်ပုဒ်ပါပဲ။

(၂) Can’t Help Falling In Love

Haley Reinhart ရဲ့ မချစ်ဘဲ မနေနိုင်ဘူးလို့ အဓိပ္ပါယ်ရတဲ့ ဒီသီချင်းကလည်း ချစ်သူများ‌နေ့မှာ နားထောင်ဖို့ အကောင်းဆုံးသီချင်းတွေထဲက တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Cover Song တွေနဲ့ ကျော်ကြားလှတဲ့ Haley Reinhart ရဲ့ ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ ဒီသီချင်းကလည်း Romantic အဖြစ်ဆုံး သီချင်းစာသားတွေနဲ့ ဖွဲ့သီထားတာ ဖြစ်ပါတယ်။

(၃) A Thousand Years

ဒီသီချင်းကလည်း လူကြိုက်များလှတဲ့ သီချင်းတွေထဲကတစ်ပုဒ်ပဲ ဖြစ်ပြီး Edward နဲ့ Bella တို့လည်း သီဆိုထားပါတယ်။ V-Day နဲ့ ပိုလိုက်ဖက်တာကတော့ Christina Perri ဆိုထားတဲ့ ဗားရှင်းပဲ ဖြစ်ပါတယ်။ နားထောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) A Moment Like This

Kelly Clarkson ဆိုထားတဲ့ A Moment Like This သီချင်းထဲမှာ Romantic အဖြစ်ဆုံးစာသားတွေကတော့ “အရာအားလုံးထက် ကြီးမြတ်တဲ့ အချစ်များလား။ ကိုယ်လဲကျသွားတဲ့အခါ မင်းဖမ်းထားပေးမလားလို့ သိချင်တယ်။ ဒါကြောင့် ကိုယ်မင်းကို ဒါလေး ပြောခွင့်ပြုပါ။ တချို့လူတွေဟာ အခုလို အခိုက်အတန့်အတွက် တစ်ဘဝလုံးစာ စောင့်စားခဲ့ရတယ်ဆိုတာ”။ American Idol ဆုရှင် Kelly Clarkson ရဲ့ ဆိုဟန်ကို အားလုံး နှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ်။

(၅) Teenage Dream

“နောက်ဆုံးတော့ ကိုယ်မင်းကို တွေ့လိုက်ပြီ။ ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ ပဟေဠိအပိုင်းအစလေးရေ ။ ငါပြီးဆုံးပါပြီ”။ ဒါကတော့ နာမည်ကျော် Katy Perry ရဲ့ Teenage Dream ဆိုတဲ့ သီချင်းထဲက စာသားတွေပါ။ ဒီသီချင်းကလည်း Valentine’s Day ခံစားမှုနဲ့ အလိုက်ဖက်ဆုံး သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Featured Photo: bustle