ခေတ်မှီပြီး စတိုင်လ်ကျတဲ့ အမျိုးသားတစ်ယောက်သည် အများနဲ့မတူတဲ့ ကိုယ်ပိုင်ဖက်ရှင်တစ်ခု ပိုင်ဆိုင်ထားကြပါတယ်။ မိမိအတွက် ဘယ်လိုဖက်ရှင်အသုံးအဆောင်ပစ္စည်းသည် အကောင်းဆုံးဖြစ်မလဲဆိုတာကို သေချာစဉ်းစားပြီးမှသာ ဝယ်ယူလေ့ရှိကြပါတယ်။
ပိုက်ဆံအိတ်ဆိုလျှင်လည်း နာမည်ကြီးအကောင်းစားတံဆိပ်များ၊ ဇိမ်ခံပစ္စည်းများကိုသာ ဝယ်ယူကြတဲ့ ယောကျာ်းများအတွက် ကမ္ဘာ့နာမည်အကြီးဆုံး ပိုက်ဆံအိတ်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
Montblanc

Montblanc ကို ၁၉၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယနေ့ထိတိုင် နာမည်ကြီးနေတဲ့ အကောင်းစားသားရေပိုက်ဆံအိတ်ပဲဖြစ်ပါတယ်။ ပုံပါပိုက်ဆံအိတ်ကတော့ ဒေါ်လာ ၂၆၉ ဒေါ်လာရှိပါတယ်။
Hentley

Hentley ပိုက်ဆံအိတ်များကတော့ အီတလီသားရေဖြင့် လက်ချုပ် ချုပ်ထားတဲ့ပိုက်ဆံအိတ်ပဲဖြစ်ပါတယ်။ ပုံပါပိုက်ဆံအိတ်ကတော့ ၁၁၀ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။
Harber London

သေသေသပ်သပ်ချုပ်လုပ်ထားပြီး စတိုင်လ်ကျတဲ့ ပိုက်ဆံအိတ်လေးကိုမှ ကိုင်ချင်တယ်ဆိုရင်တော့ Harber London ပိုက်ဆံအိတ်လေးက အသင့်တော်ဆုံးပါပဲ။ ပုံပါပိုက်ဆံအိတ်ဒီဇိုင်းလေးကတော့ ဒေါ်လာ ၁၄၃ ဒေါ်လာရှိပါတယ်။
Bottega Veneta

ဒီပိုက်ဆံအိတ်လေးကတော့ ၁၉၆၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့နူးညံ့ပြီး အကြမ်းခံတဲ့သားရေသားကြောင့် နာမည်ကြီး လူကြိုက်များပါတယ်။ ပုံပါပိုက်ဆံအိတ်ဒီဇိုင်းကတော့ ဒေါ်လာ ၇၂၀ တန်ဖိုးရှိပါတယ်။
Bellroy

သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ချင်တယ် (၃) နှစ် အာမခံပါတဲ့ ပိုက်ဆံအိတ်ကိုလည်း ကိုင်ချင်တယ်ဆိုရင်တော့ Bellroy တံဆိပ်ကို ဝယ်ယူသင့်ပါတယ်။ ပုံပါဒီဇိုင်းကတော့ ဒေါ်လာ ၁၂၉ တန်ဖိုးရှိပါတယ်။
Bally

၁၈၅၁ ခုနှစ်ကတည်းက ဆွစ်ဇာလန်နိုင်ငံတွင် စတင် ထုတ်လုပ်ခဲ့တဲ့ Bally တံဆိပ် ပိုက်ဆံအိတ်သည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဇိမ်ခံပိုက်ဆံအိတ်တစ်ခုပဲဖြစ်ပါတယ်။ ပုံပါဒီဇိုင်းကတော့ ဒေါ်လာ ၄၇၃ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Louis Vuitton

ဖက်ရှင်လောကထဲမှာ LV လို့ပြောရင် မသိတဲ့သူမရှိပါဘူး။ LV တံဆိပ်ကို Louis Vuitton ဆိုသူက ၁၈၅၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပုံပါဒီဇိုင်းကတော့ ဒေါ်လာ ၆၄၀ ကုန်ကျမှာဖြစ်ပါတယ်။
Hermes

ဒီတံဆိပ်ကိုတော့ Thierry Hermès က ၁၈၃၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ စတင်ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပုံပါဒီဇိုင်းကတော့ ဒေါ်လာ ၁၁၉၀ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
Tom Ford

Tom Ford ကတော့ အခြားသောတံဆိပ်တွေနဲ့ယှဉ်ရင် သက်တမ်းနုတဲ့ တံဆိပ်တစ်ခုလို့ ပြောလို့ရပါတယ်။ ၂၀၀၅ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ အခြားသောနာမည်ကြီးတံဆိပ်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့အတွက်ကြောင့် ယနေ့ထိတိုင်နာမည်ကြီးနေဆဲဖြစ်ပါတယ်။ ပုံပါဒီဇိုင်းကတော့ ဒေါ်လာ ၉၆၀ တန်ဖိုးရှိပါတယ်။
Dior Homme

Dior တံဆိပ်ကို Christian Dior က ၁၉၄၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးသည်လည်း ခန့်မှန်းခြေ ဒေါ်လာ ၆၀၀ မှ ၉၀၀ ကြား ရှိပါတယ်။
Source: Manofmany.com
											
				
									
	
	
	
	
	
	