ပိုက်ဆံအိတ်များက ကျွနု်ပ်တို့ရဲ့ဘဏ်ကတ်များ၊ စီးပွားရေးကတ်များနှင့် ပိုက်ဆံများကို ထည့်သိမ်းထားနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ခေတ်မီစတိုင်လ်ကျသော ယောကျာ်းများအတွက် ပိုက်ဆံအိတ်သည် မရှိမဖြစ်လိုအပ်သော ဖက်ရှင်အသုံးအဆောင်ပစ္စည်းပဲဖြစ်ပါတယ်။

ထိုကဲ့သို့သော ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ရာမှာ အရည်အသွေးကောင်းမွန်ပြီး ခိုင်ခံ့လှပသော ပိုက်ဆံအိတ်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ ကမ္ဘာ့လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံး ပိုက်ဆံအိတ်အမျိုးအစားများကို ဖော်ပြပေးချင်ပါတယ်။

Montblanc

Montblanc for men

ဂျာမဏီနိုင်ငံထုတ် Montblanc တံဆိပ်ကတော့ စာရေးကိရိယာပစ္စည်းများလည်း ထုတ်လုပ်သလို နာရီများ၊ လက်ဝတ်လက်စားများအပြင် ပိုက်ဆံအိတ်များလည်း ထုတ်လုပ်လျက်ရှိပါတယ်။ သူ့ပိုက်ဆံအိတ်လေးက ခံ့ညားထည်ဝါပြီး ဒီဇိုင်းကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျပါတယ်။

Tom Ford

wallets for men

ဒီတံဆိပ်ကတော့ အီတလီနိုင်ငံထုတ် သားရေပိုက်ဆံအိတ်လေးဖြစ်ပြီး အမျိုးသားများနဲ့ လိုက်ဖက်တဲ့ ပိုက်ဆံအိတ်တစ်မျိုးပဲဖြစ်ပါတယ်။

Givenchy

wallets for men

Givenchy ကတော့ ပါရီမြို့ရှိ အမျိုးသားပိုက်ဆံအိတ်ထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး ကွာလတီကို ဦးစားပေး ထုတ်လုပ်ထားသောကြောင့် ကွာလတီကောင်းကောင်းကိုမှ ကိုင်ချင်တဲ့အမျိုးသားများအတွက် ဦးစားပေး စဉ်းစားသင့်တဲ့ ပိုက်ဆံအိတ်တစ်မျိုးပဲဖြစ်ပါတယ်။

Paul Smith

wallets for men

အရောင်အသွေးစုံလင်ပြီး လှပတဲ့ဒီဇိုင်းကို ရှာဖွေနေပါက Paul Smith ပိုက်ဆံအိတ်လေးက သင့်အတွက်ပါပဲ။ သူ့ရဲ့အတွင်းသားက ကွာလတီကောင်းတဲ့အတွက်ကြောင့် အနည်းဆုံး ၅ နှစ်လောက်အထိ အသုံးခံပါတယ်။

Louis Vuitton

wallets for men

LV ကတော့ ဖက်ရှင်ကျတဲ့ အမျိုးသားများအကြား ရေပန်းစားတဲ့ ဖက်ရှင်တံဆိပ်ပဲဖြစ်ပါတယ်။

Gucci

wallets for men

ဒီတံဆိပ်ကလည်း ဆယ်ကျော်သက်လူငယ်များကြားမှသာမက သက်လတ်ပိုင်းအမျိုးသားများအကြားပါ ရေပန်းစားလူကြိုက်များပါတယ်။ သူ့ရဲ့ဒီဇိုင်းက အများနဲ့မတူ တမူထူးခြားတာကြောင့် လူကြိုက်များရခြင်းဖြစ်ပါတယ်။

Hermes

wallets for men

Thierry Hermès က ပါရီမြို့တွင် ၁၈၃၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ထိုတံဆိပ်ကဆိုရင် အခုဆို ဖက်ရှင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ပြီး လူကြိုက်များတဲ့ တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ Hermes တံဆိပ် အမျိုးသားသုံး ပိုက်ဆံအိတ်များကလည်း ကွာလတီကောင်းပြီး ဖက်ရှင်ကျစေပါတယ်။

Source: Toptrendsguide.com