ဒီတခါတော့ စစ်ကား ကြမ်းကြမ်းတမ်းတမ်းကို ကြိုက်သူတွေအတွက် ဇာက်ကားကောင်းလေးတွေ ညွှန်းပေးချင်ပါတယ်။

(၁) My Way (2011)

Source: The New York Times

ကိုးရီးယား မင်းသား Jang Dong-Gun ၊ ဂျပန်မင်းသား Joe Odagiri တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတဲ့ စစ်ကားပါ။

ဇာက်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ကလေးဘ၀ကတည်းက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့သူငယ်ချင်းလည်း မဟုတ်၊ လူမျိုးလည်း မတူကြတဲ့ လူငယ်လေး ၂ ယောက် တစ်ချိန်မှာ ဘ၀အလှည့်အပြောင်းတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကို ရိုက်ကူးထားတာပါ။

(၂) Hacksaw Ridge (2016)

Source: Liberty Magazine

ဒီဇာက်ကားကလည်း ဖြစ်ရပ်မှန်ကို အခြေံခံပြီး ရိုက်ကူထားတဲ့ကားပါ။ အမေရိကရဲ့ အမြင့်ဆုံး သူရဘွဲ့တံဆိပ် Congressional Medal Of Honor ဆုကို စစ်မြေပြင်မှာ ကျည်ဆံတစ်တောင့်မပစ်ဘဲ ရရှိခဲ့တဲ့ ဆေးတပ်သား တစ်ယောက်ရဲ့ အကြောင်းပါပဲ။

အော်စကာ ဆန်ကာတင် ၆ ဆု အပြင် အခြား ဆု ၃၅ ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ စစ်ကားအသစ်တစ်ကားပါ။ ဒီကားထဲမှာတော့ Spider Man သရုပ်ဆောင် အန်ဒရူးဂါဖီးကို ဆေးတပ်သားလေး ဒေ့စ်မန်အဖြစ် မြင်တွေ့ရမှာပါ။

ဘာသာရေးယုံကြည်မှုအရ သေနတ်လုံးဝမကိုင် လူမသတ်ဘဲ စစ်ပွဲထဲမှာ နိုင်ငံအတွက် တာဝန်ထမ်းခဲ့တဲ့သူတစ်ယောက်အကြောင်း၊ စစ်ပွဲဆိုတာ လူသတ်ဖို့တင်မဟုတ်ဘူး လူကယ်ဖို့လည်း ရှိရမယ်ဆိုတဲ့ ဆေးတပ်သားလေး အကြောင်းကို ရိုက်ကူးထားတာပါ။ တကယ်လည်း သမိုင်းမှာ သူတစ်ယောက်ထဲက ဟက်ဆောရစ်ဂ်ျ တိုက်ပွဲမှာ လူ ၇၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

(၃) 12 Strong

Source: Slash Film

ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို ဒါရိုက်တာ Nicolai Fuglsig က ပုံဖော်ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်း ရိုက်ပြထားတာပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ တပ်သား ၁၂ ယောက်သာပါဝင်တဲ့ အမေရိကန်တပ်ဖွဲ့ဟာ အာဖဂန်နစ်စတန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေသိမ်းပိုက်ထားတဲ့ မဟာဗျူဟာကျတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။ MCU Thor မင်းသား Chris Hemsworth က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

စစ်ကားကောင်းကောင်းကြည့်ချင်နေတဲ့သူတွေ အတွက်တော့ ဒီကားတွေက ကြည့်ရကျိုးနပ်စေမှာပါ။