လူ့အလိုနတ်မလိုက်နိုင် ၊ ရတာမလိုလိုတာမရ ဆိုတာမျိုးတွေဟာ ပေါ့ပေါ့လေးပြောလိုက်ပေမယ့် တကယ်ကိုမှန်တဲ့ဆိုရိုးတွေပဲ ဖြစ်ပါတယ်။ဘာလို့ဆိုတခါတရံ ကျွန်တော်တို့ဟာ ကိုယ့်မှာမရှိတာကိုမှလိုချင်၊ မရတာကိုမှတောင့်တမိတတ်တာ သဘာဝတစ်ခုလိုဖြစ်နေလို့ပါ။ အမျိုးသားတစ်ယောက်အနေနဲ့ လှိုင်းတွန့်ဆံသားမျိုး ပိုင်ဆိုင်ထားရင် စိတ်တိုင်းမကျဖြစ်မိတတ်ကြသလိုပါပဲ။

ဆံသားမှာလှိုင်းတွန့်တွေပါတာ အမျိုးသမီးတွေနဲ့ပဲလိုက်ဖက်တယ်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ အခုလိုဖက်ရှင်ခေတ်မှာ အမြင်ရှိရှိနဲ့ ပြင်ဆင်တတ်ရင်အရာအားလုံးဟာ လှနေနိုင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် နဂိုလှိုင်းတွန့်ပါသူတွေရော၊ နေမာတို့လို လှိုင်းတွန့်ဆံသားမျိုးနဲ့ မိမိုက်ချင်သူတွေရော ထားသင့်တဲ့ Hairstyles တွေ တင်ဆက်ပေးလိုက်ပါတယ်။

(၁) 90s စတိုင်ခလယ်ခွဲ

Source : fashionbeans

တိုက်တန်းနစ်မင်းသား လီယိုနာဒိုဆိုရင် 90s ခေတ်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်ခဲ့တယ်ဆိုတာ မသိသူမရှိစလောက်ပါပဲ။ သူ့ရဲ့ဆွဲဆောင်နိုင်စွမ်းတွေထဲက တစ်ခုကတော့ ဆံပင်ခလယ်ခွဲနဲ့ မရှည်မတိုစတိုင်ပါပဲ။ဒါပေမယ့်သူကဆံပင်ဖြောင့်လို့လိုက်တာလို့ မထင်လိုက်ပါနဲ့။ဆံပင်လှိုင်းတွန့်ကိုမှ ခလယ်ခွဲပြီး မရှည်မတိုသာထားမယ်ဆိုရင် ပိုပြီးတောင်ယောကျ်ားပီသတဲ့အသွင်ကို ဆောင်နိုင်ပါတယ်။

(၂) ဘေးနှစ်ဖက်ပါးထားတဲ့ ခပ်မိုက်မိုက်စတိုင်

Source : fashionbeans

မေးရိုးကျကျနဲ့ ယောကျ်ားပီသတဲ့အသွင်ကို ဆောင်စေမယ့် hairstyleထားချင်ရင်တော့ ဒါထက်ကောင်းတာတောင် ဒီစတိုင်လောက်မမိုက်နိုင်ပါဘူး။ ဆံပင်ကိုအနောက်နဲ့ဘေးနှစ်ဖက်မှာ ခပ်ပါးပါးရိတ်ပြီး အလယ်မှာမှလှိုင်းတွန့်ဆံပင်ကို ခပ်ထူထူအနေထားညှပ်ခြင်းပဲ ဖြစ်ပါတယ်။အကောင်းဆုံးကတော့ ပါးသိုင်းမွှေးနဲ့ပါ တသားထဲရိတ်ထားတာ ဖြစ်ပါတယ်။ လုံးဝကိုစတိုင်ကျနေစေမှာ အသေချာပါပဲ။

(၃) ဆံပင်ရှည်စတိုင်

Source : fashionbeans

ဘယ်တော့မှမရိုးသွားနိုင်မယ့် timeless hairstyle တစ်ခုကိုပြောပါ ဆိုရင်တော့ ပိုင်တံခွန်လက်ရှိထားထားတဲ့ ဆံပင်စတိုင်ကိုပဲ ပြေးမြင်လိုက်ပါ။ ဒီ hairstyle ဟာဆိုရင် Harry stylesတို့လို hollywoodကနာမည်ကျော်တွေပါ အကြိုက်တွေ့ကြတဲ့ စတိုင်တစ်ခုပါ။ ခပ်ရှည်ရှည်ကိုမှ ခလယ်ခွဲပြီး အနောက်ဘက်ခြမ်းမှာ အလွှာလိုက် ခပ်ထူထူလေး ညှပ်ထားတာဖြစ်ပါတယ်။ ကရိကထလဲမများသလို ဆံသားမှာလှိုင်းတွန့်ပါနေရင်ကို ပိုပြီးယောကျ်ားပီပီသသနဲ့ ဆွဲဆောင်မှုရှိနေစေနိုင်တာပါ။