ချစ်သူနှစ်ဦးကြားမှာ တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်မှုက အရမ်းကိုအရေးကြီးပါတယ်။ ယုံကြည်မှုမရှိရင် အဆင်ပြေပြေလက်တွဲနိုင်ဖို့ဆိုတာလည်း လွယ်ကူမှာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက်သံသယစိတ်တွေနဲ့ ယုံကြည်မှုကင်းမဲ့နေရင် အချိန်မရွေးပြတ်တောက်သွားနိုင်ပါတယ်။ဒါကြောင့် ချစ်သူနှစ်ဦးကြား ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတာဖတ်ကြည့်လိုက်ပါအုန်း။
(၁) ပွင့်လင်းမှုရှိပါ
Source : Psychology Today
ချစ်သူတွေကြားမှာ တစ်ယောက်အပေါ်တစ်ယောက် ပွင့်လင်းမှုရှိတာက ပြဿနာတော်တော်များများကို ပြေလည်စေတဲ့အချက်တစ်ခုပါ။ တစ်ယောက်အကြောင်းတစ်ယောက် ပွင့်ပွင်းလင်းလင်းပြောဆိုထားမယ် တစ်ယောက်ကိုတစ်ယောက်လည်း လျို့ဝှက်ချက်တွေမထားဘဲ ပွင့်လင်းမယ်ဆိုရင် ယုံကြည်မှုက တစ်စထက်တစ်စကြီးမားလာမှာပါ။
(၂) ရှင်းပြပါ
Source : Psychology Today
တစ်စုံတစ်ခု ကိုယ့်အပေါ်အထင်လွဲစရာကြုံလာတဲ့အခါ အတက်နိုင်ဆုံးရှင်းပြပါ။ မိန်းကလေးအများစုက သံသယစိတ်ကြောင့် ထင်မိထင်ရာစွပ်စွဲတက်ကြပါတယ်။ဒီလိုစွပ်စွဲတဲ့အခါ သေချာနားလည်အောင်ရှင်းပြမပေးရင် ပြဿနာကိုပိုကြီးထွားစေပါတယ်။ တစ်ဖက်လူဘက်ကလဲ သေချာရှင်းပြရင် နားတက်ပေးတက်ဖို့တော့လိုအပ်တာပေါ့။
(၃) စိတ်လုံခြုံမှုပေးပါ
Source : Freepik
ပြောရရင် ဒီအချက်ကအရမ်းကိုအရေးကြီးပါတယ်။ လူတစ်ယောက်စိတ်ထဲမှာ အမြဲကြောက်ရွံနေရမယ် စိတ်ပူပန်နေရမယ်ဆိုရင် ယုံကြည်မှုဆိုတာ ဘယ်လိုမှရှိလာနိုင်တော့မှာမဟုတ်ပါဘူး။ဒါကြောင့် ဘယ်တော့မှ ကိုယ်ချစ်သူမသိအောင် တစ်ခုခုလုပ်တာ လိမ်ညာမိတာမျိုးတွေ စသည်ဖြင့် စိတ်ပူပင်နေစေမယ့် လုပ်ရပ်တွေရှာင်ကျဉ်ဖို့လိုအပ်ပါတယ်။
(၄) ရင့်ကျက်တည်ငြိမ်မှုရှိပါ
Source : Connect Couples Therapy
အချစ်ရေးမှာ ရင့်ကျက်တည်ငြိမ်လာတာနဲ့ အမျှ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုလည်းတိုးလာသလို အချစ်တွေလည်းပိုတိုးလာစေမှာဖြစ်ပါတယ်။