ချစ်ဇနီးနဲ့ အိပ်ရာပေါ် ပျော်ချိန်မှာ အစွမ်းမပြနိုင်မှာကို စိုးရိမ်ကြတဲ့ အမျိုးသားတွေ အများကြီး ရှိကြမှာပါ။ သွေးသားကိစ္စတွေဆိုရာမှာ နှစ်ဦး နှစ်ဖက် သာယာဖို့နဲ့ စိတ်ကျေကျေနပ်နပ်ကြီး ပြီးမြောက်ဖို့လည်း လိုကြတာပါပဲ။ သင်ကိုယ်တိုင် အိပ်ရာပေါ်က အတွေ့အကြုံနဲ့ပတ်သက်လို့ စိတ်ကျေနပ်နိုင်ပြီး သင့်ချစ်သူကို ပြုံးနေစေဖို့ ဒီအချက်လေးတွေ သိထားဖို့ လိုပါတယ်။
(၁) စိတ်ကို လွတ်လွတ်လပ်လပ်ထားပါ

Photo: Unsplash
အရင်ဆုံးပြောရမယ့်အချက်က အိပ်ရာပေါ် ကြာကြာ စခန်းသွားချင်ရင် စိတ်လွှတ်ထားပါလို့ ပြောချင်ပါတယ်။ သင်မျှော်လင့်ထားတဲ့ လိင်မှုကိစ္စဆိုင်ရာ မျှော်လင့်ချက်တွေကနေ စိတ်ကို လွှတ်ထားဖို့ ဖြစ်ပါတယ်။ အရမ်းကြီး မျှော်လင့်ထားတာက သင့်စွမ်းဆောင်ရည်အတွက် မလိုလားအပ်တဲ့ ဖိအားဖြစ်စေလို့ပါ။
(၂) ကွန်ဒုံးသုံးပါ

Photo: Unsplash
လိင်မှုဆိုင်ရာ ဆေးပညာ ဂျာနယ်က လုပ်ဆောင်တဲ့ လေ့လာမှုမှာ အိပ်ရာထဲ ကွန်ဒုံးနဲ့ စပ်ယှက်တာက သင့်ရဲ့ အိပ်ရာပေါ်က ခံစားမှုကို ကြာရှည်အောင် ဆွဲဆန့်နိုင်တယ်လို့ ဆိုပါတယ်။ အလွှာပါးကြောင့် ကမ္ဘာခြားတယ်လို့ ထင်ကြပေမယ့် ကွန်ဒုံးဟာ ကျန်းမာရေးအရရော လိင်မှုကိစ္စကြာဖို့အတွက်ပါ အသုံးတည့်တယ်လို့ လေ့လာမှုက ပြောထားပါတယ်။
(၃) နှိုးဆွမှုအတွက် အချိန်ပေးပါ

Photo: Unsplash
ကာမဂုဏ်ကိစ္စမှာ Foreplay အတွက် အချိန်ပေးတာက နှစ်ဦးနှစ်ဖက် ကိစ္စပြီးမြောက်ပျော်ရွှင်ဖို့ရော သင့်ရဲ့သက်လုံအတွက်ပါ သွေးပူလေ့ ကျင့်ခန်းဆင်းထားဖို့အတွက်ပါ အသုံးဝင်ပါတယ်။ အိပ်ရာပေါ်တက်ပြီး ကိစ္စအတွက် တန်းပြီး သွားတာထက် အချိန်ယူပြီး အနမ်းတွေ ချွေ ၊ ပန်းတွေ ဝေပြီး ဖြေးဖြေးချင်းက စသွားတာက လိင်မှုကိစ္စလည်း ပိုကြာကြာ ဆောင်ရွက်နိုင်ပါတယ်။
(၄) မကြာခဏ လိင်ဆက်ဆံပါ

Photo: Unsplash
လေ့ကျင့်ခန်းတွေက သင့်ကို အစွမ်းပိုပြစေနိုင်ပါတယ်။ လိင်ကိစ္စကို မကြာခဏ ပုံမှန်လုပ်တာက ဆရာကြီး ဖြစ်လာစေသလို ရေရှည်မှာ အိပ်ရာထဲ သက်လုံးစွမ်းရည် ပိုပြနိုင်အောင်လည်း အထောက်အကူဖြစ်စေပါတယ်။
(၅) ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိပါစေ

Photo: Unsplash
အားကစားလုပ်တာက ကိုယ်အလေးချိန် ကျန်းမာညီညွတ်ပြီး ကျစ်လျစ်ကြံ့ခိုင်စေသလိုအိပ်ရာပေါ်မှာပါ သင့်ကို အကျိုးများစေပါတယ်။ အရပ်နဲ့လိုက်ဖက်တဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံရှိပြီး အားကစားပုံမှန်လိုက်စားသူဟာ သူ့လက်တွဲဖော်နဲ့အတူ ချစ်ပွဲနွှဲရာမှာလည်း ပျော်ပျော်ကြီး ခရီးရောက်အောင် သက်လုံကောင်းကောင်းနဲ့ လှော်ခတ်နိုင်ကြပါတယ်။
Featured Photo: greenleafbewell
