အခုနောက်ပိုင်းမှာ White Shoes တွေက လူငယ်တိုင်းအကြိုက်တွေ့တဲ့ Footwear တစ်မျိုး ဖြစ်လာနေပါတယ်။ White Shoes တွေက ရှင်းသန့်ပြီး Classic ဆန်ပါတယ်။ နေရာမရွေးစီးနိုင်ပြီး ရိုးသွားတယ် မရှိတာကြောင့် Timeless Fashion အနေနဲ့ တစ်ရံလောက်တော့ ရှိထားသင့်ပါတယ်။ ဒီနှစ်ထဲ ထွက်တဲ့ အမျိုးသားစီး White Shoes တွေထဲမှာ အကောင်းဆုံးအဖြစ် ညွှန်းခံရတဲ့ အမျိုးအစားတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
(၁) Common Projects Original Achilles Leather Trainers
Photo: Next Luxury
White Shoes တွေထဲမှာ Standard အကျဆုံးနဲ့ အခြေခံစတိုင်အဖြစ်ဆုံးက Common Projects ထုတ် Original Achilles Leather Trainers တွေပဲ ဖြစ်ပါတယ်။ ပရီမီယံဆန်တဲ့ ဒီဇိုင်းနဲ့ ပုံစံကြောင့် အသက်အရွယ်မရွေး အကြိုက်တွေ့ကြပါတယ်။ အီတလီက လာတဲ့ လယ်သာသားရေနဲ့ ထုတ်ထားတာ ဖြစ်လို့ အရည်အသွေးကောင်းပြီး ပွဲလည်တင့်မယ့် White Shoes တွေပါပဲ။
(၂) Gucci Ace Leather Trainers
Photo: Next Luxury
နောက်ထပ် ပရီမီယံ Trainer Shoes တစ်မျိုးက Gucci ထုတ် Gucci Ace Leather Trainers တွေ ဖြစ်ပါတယ်။ အရိုးရှင်းဆုံး စတိုင်နဲ့လာပြီး Functional & Fashionable ဖြစ်တဲ့ White Shoe လည်း ဖြစ်ပါတယ်။ ဖိနပ်ဘေး အနီ/အစိမ်းအစင်းအစင်းဒီဇိုင်းက ထူးခြားပြီး တစ်မျိုး ဆွဲဆောင်မှုရှိနေပါတယ်။ အီတလီက အကောင်းဆုံးဆိုတဲ့ လယ်သာသားရေနဲ့ လာလို့ ရေရှည်စီးလို့ကောင်းမှာ ဖြစ်ပါတယ်။
(၃) New Balance Low Top Leather Sneakers
Photo: Next Luxury
New Balance ဖက်ရှင်ထဲမှာ Low Top Sneaker တွေက ကမ္ဘာကျော်ပါတယ်။ လယ်သာသားနဲ့ချုပ်ထားပြီး ၈၀ ပြည့်လွန်နှစ်တွေက အငွေ့အသက်တွေကို ခံစားရမယ့်ဖိနပ်ဖြစ်ပါတယ်။ Two-Tone ဒီဇိုင်းနဲ့လာပြီး အဖြူဖျော့ဖျော့နဲ့ မီးခိုးပြေး စတိုင်ကို သုံးထားပါတယ်။ ရာနှုန်းပြည့် လယ်သာဖြစ်ပြီး နူးညံ့သလောက် သက်တောင့်သက်သာရှိတဲ့ ချည်သား လိုင်နင်လိုက်ထားပါတယ်။
(၄) Vega Campo Leather Trainers
Photo: Next Luxury
အနက်ရောင် V လိုဂို ထင်းထင်းကြီး ပါတဲ့ Vega Campo Leather Trainers ဟာ ခေတ်ပြိုင် Classic White Sneaker တွေထဲမှာ ထင်ရှားတဲ့ မော်ဒယ်တစ်ခုဖြစ်ပါတယ်။ Vega Brand တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ထုတ်လုပ်ရေးနည်းလမ်းတွေအတိုင်း ထုတ်လုပ်တာပါ။ ဘရာဇီးထုတ် Vega Shoes တွေကို အခမ်းအနားအမျိုးမျိုး ၊ ပတ်ဝန်းကျင်အမျိုးမျိုးမှာ စီးနိုင်မယ့် White Trainers တစ်ခုပဲ ဖြစ်ပါတယ်။
(၅) Christian Louboutin No Penny Leather Loafers
Photo: Next Luxury
Sneaker မစီးချင်ဘဲ ပေါ့ပေါ့ပါးပါး အသာလေးလျှိုစီးနိုင်မယ့် Loafer အကောင်းစားကြိုက်သူတွေအတွက် Luxury ဆန်တဲ့ လယ်သာ Loafer တစ်မျိုးက Christian Louboutin No Penny Leather Loafers ဖြစ်ပါတယ်။ ဒီ Loafers ဟာ အောက်မှာ ဒေါက်အသေးပါပြီး ညက်ညောတဲ့ လယ်သာသားကြောင့် မော်ဒန်ဆန်တဲ့ဘက်ရောက်ပါတယ်။ တန်ဖိုးကြီး Leather Loafers အဖြူစီးချင်သူတွေအတွက် ရွေးချယ်စရာပါပဲ။
Featured Photo: Next Luxury