Workout တွေဟာ ရုပ်ကျန်းမာရေးရော စိတ်ကျန်းမာရေးအတွက်ပါ အင်မတန်ကောင်းတဲ့ ဆေးတစ်ပါးပါပဲ။ ကိုယ်လက်လှုပ်ရှား အားကစားတွေဟာ အခုခေတ်လို စိတ်ပိုင်းဆိုင်ရာ ပြိုလဲလွယ်တဲ့ ကာလမျိုးမှာ အကောင်းဆုံး ခံတပ်ကြီးသဖွယ်ပဲ လို့ ဆိုချင်ပါတယ်။
အားကစားမှန်မှန်လုပ်တဲ့သူဟာ စိတ်ဓါတ်ကျတာ ၊ စိတ်သောကများတာ ၊ စိတ်ပင်ပန်းလွယ်တာတွေ အဖြစ်နည်းပါတယ်။ တက်ကြွရွှင်လန်းပြီး စိတ်လက်ကြည်လင်ပါတယ်။ တကယ်တော့ Mental Health ပိုင်း ကျန်းမာကြံ့ခိုင်ဖို့ဆို ဘယ်အားကစားမဆို ကောင်းပါတယ်။
ဒီထဲကမှ လူတိုင်း လုပ်နိုင်ပြီး လွယ်ကူထိရောက်မှုအရှိဆုံး ဖြစ်မယ့် အားကစားနှစ်မျိုးအကြောင်း ပြောပြချင်ပါတယ်။
(၁) ယောဂ
Photo: Unsplash
စိတ်ဖိစီးနေတယ်လို့ ခံစားရရင် ယောဂကစားဖို့ သတိရလိုက်ပါ။ ယောဂလုပ်ဖို့အတွက် ဘယ်လို Equipment မျိုးမှ မလိုပါဘူး။ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မယ့် အခန်း ဒါမှမဟုတ် ကွက်လပ်ပြင်တစ်ခုခုပဲ လိုပါတယ်။ ယောဂကစားတာဟာ ခန္ဓာကိုယ်တစ်ခုလုံးကို အသိစိတ်နဲ့ တွဲကပ်ပြီး လှုပ်ရှားပေးလိုက်တာပါ။ ပုံစံအမျိုးမျိုး ထိန်းချုပ်မှုတွေ လုပ်တာ ၊ အသက်ရှုမှုနဲ့ လှုပ်ရှားဟန်တွေ ချိန်သားကိုက် ပုံဖော်ပေးတာက ယောဂရဲ့ အသွင်အပြင်ပါပဲ။
(၂) အပြေးလေ့ကျင့်ခန်း

Photo: Unsplash
သောကများနေရင် ၊ စိတ်ပင်ပန်းတယ် ၊ စိတ်ရှုပ်တယ်လို့ ဖြစ်လာရင် ပြေးသာ ပြေးလိုက်ပါ။ ပြေးစက်ပေါ်ပဲ ပြေးပြေး ၊ ကွင်းပြင်နဲ့ ပန်းခြံထဲပဲ ပြေးပြေး ပြေးသားပြေးပါ။ ပြေးတာဟာ စိတ်ကို ပျော်ရွှင်စေပါတယ်။ ပြေးတဲ့အခါ်မှာ တစ်ကိုယ်လုံး လှုပ်ခါရတာ ဖြစ်လို့ ကြွက်သားတွေအကုန်လုံးကို အလုပ်ပေးရာလည်း ရောက်ပါတယ်။ ပြေးပြီးတဲ့အချိန်မှာ ကိုယ့်ပခုံးပေါ်က ဝန်ထုပ်ကြီးလျှောကျသွားသလို ခံစားရစေမှာပါ။ ဒီလို လျှောကျသွားတဲ့အထဲမှာ စိတ်ဖိစီးမှုတွေလည်း ပါသွားတယ်လို့လည် ခံစားရပါလိမ့်မယ်။

