ဒီတစ်ပတ် Kwee ရဲ့ တေးဂီတ အပိုင်းမှာ ပါဝင်လာမယ့် ဂီတပညာရှင်ကတော့ မြန်မာနိုင်ငံက ပရိတ်သတ်အမြောက်အများ အားပေးနေကြသော ကမ္ဘာကျော် DJ/ Music Producer တစ်ဦးဖြစ်တဲ့ “Alan Walker” ဖြစ်ပါတယ်။ Alan Walker ဟာ သူရဲ့ ‘FADED’ သီချင်းနဲ့ ကမ္ဘာတစ်ဝန်း တစ်ရှိန်ထိုး အောင်မြင်လာခဲ့သူဖြစ်ပြီး၊ နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ နံပါတ် (၁) သီချင်း ဖြစ်ခဲ့သည့်အထိ အောင်မြင်မှုများစွာ ရရှိထားတဲ့ ထိပ်တန်း ဂီတပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Source: alen walker fan page

ထို့အပြင် နောက်ပိုင်းထွက်ရှိထားတဲ့ Sing Me To Sleep ၊ Alone ၊ Spectre ၊ Ignite စသည့် သီချင်းများနဲ့လည်း ပရိတ်သတ် အားပေးမှုများစွာကို ရရှိနေဆဲဖြစ်သလို၊ လက်ရှိမှာလည်း World TOP 100 DJ Mag မှာ ကမ္ဘာ့အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်များစွာနဲ့ ပြည့်နေ့မယ့် Alan Walker ရဲ့ နောက်ဆုံးထွက် သီချင်းများကို လက်မလွှတ်တမ်း နားဆင်ချင်တယ်ဆိုရင်တော့ Kwee မှာ ဝင်ရောက်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Source: alen walker fan page

နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့လည်း PUBG Game Company နဲ့ Background Music ထည့်သွင်းဖို့ စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ PUBG Gamer သမားတွေအတွက်တော့ မြူးကြွတဲ့ သံစဉ်တွေကို နားထောင်ရင်း Game ထဲမှာ အလွင့်စီးမျောဖို့သာ ပြင်ထားကြပါဗျာ . . . ။

၂၀၁၉ ခုနှစ်အတွက် Alan Walker ရဲ့ အကောင်းဆုံး သီချင်း အပုဒ် (၂၀) ကတော့

  1. On My Way
  2. Lost Control
  3. Lily
  4. Are You Lonely
  5. Darkside
  6. Lgnite
  7. Faded
  8. Diamond Heart
  9. Different World
  10. Tired
  11. Legends Never Die
  12. All Falls Down
  13. The Spectre
  14. Strongest
  15. Sing me to sleep
  16. Fade
  17. Alone
  18. Hope
  19. Force
  20. Flying Dreams