ယူႏိုက္တက္အသင္းရဲ႕ ေတာင္ပံကစားသမားျဖစ္သူ မာစီရယ္လ္ဟာ အသင္းမွာ ေျခစြမ္းေကာင္း ျပသႏုိင္ျခင္းမရွိတာေၾကာင့္ ရာသီကုန္မွာ အသင္းက ထြက္ခြာရေတာ့မယ္လို႔ သတင္းမ်ား ထြက္ေပၚလ်က္ရွိတ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွား ကိုယ္တိုင္ကလည္း ကစားသမားရဲ႕ ေျခစြမ္း နဲ႔ ခံယူခ်က္မ်ားအေပၚ ႏွစ္ၿမိဳ႕ျခင္းမရွိေတာ့ဘဲ အသင္းအတြက္ ေပးဆပ္လုိစိတ္ အျပည့္အဝ မရွိေၾကာင္း ယူူဆေနတာေၾကာင့္ လာမယ့္ ေႏြရာသီမွာ အဆိုပါ ျပင္သစ္ေတာင္ပံကစားသမားေလးအတြက္ ကမ္းလွမ္းမႈမ်ားကို ေစာင့္ေမွ်ာ္ေနေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ မာစီရယ္လ္ရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ သက္ဆုိင္ရာ ကုမၸဏီဘက္ကေတာ့ မာစီရယ္လ္အတြက္ မခံမရပ္ႏုိင္ျဖစ္ေနၾကၿပီး သူတုိ႔ရဲ႕ ကစားသမားဟာ အခ်က္အလက္မ်ားအရ ယူႏိုက္တက္အသင္းရဲ႕ ဂႏၱဝင္တုိက္စစ္ ကစားသမားမ်ားျဖစ္ခ့ဲၾကတ့ဲ ေဒးဗစ္ဘက္ခမ္း၊ ဂစ္၊ ေရာ္နယ္ဒိုတို႔ထက္ေတာင္ အသင္းနဲ႔ ပထမဆံုး ေဘာလံုးရာသီ (၄) ခုႏိႈင္းယွဥ္ခ်က္မွာ ပုိေကာင္းေသးေၾကာင္း ကုမၸဏီပုိင္ အင္စတာဂရမ္ စာမ်က္ႏွာမွတစ္ဆင့္ တံု႔ျပန္ခ့ဲပါတယ္။

Photo Credit : Fox Sports

ၿပီးခဲ့တဲ့လအတြင္းက ျပဳလုပ္ခ့ဲတ့ဲ ကစားသမားေတြနဲ႔ ေတြ႕ဆံုပြဲမွာ နည္းျပဆိုးလ္ရွားဟာ မာစီရယ္လ္ရဲ႕ ခံယူခ်က္နဲ႔ လုပ္အားႏႈန္းတို႔အေပၚမွာ ေမးခြန္းထုတ္ခဲ့သလို The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ဆိုးလ္ရွားအေနနဲ႔ မာစီရယ္လ္အေပၚ ေမွ်ာ္လင့္ခ်က္ မထားေတာ့ဘဲ လာမယ့္ ေႏြရာသီမွာေတာ့ မာစီရယ္လ္အတြက္ ကမ္းလွမ္းမႈေတြကို စဥ္းစားသြားေတာ့မွာျဖစ္ေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ မာစီရယ္လ္ရဲ႕ ေအးဂ်င့္ျဖစ္သူ ဖိလစ္ပီလမ္ဘိုေလနဲ႔ သူ႔ရဲ႕ ေအဂ်င္စီကုမၸဏီျဖစ္တဲ့ USFA တို႔ကမူ မာစီရယ္လ္အေပၚ ေဝဖန္မႈေတြနဲ႔ ပတ္သက္လို႔ မေက်မနပ္ျဖစ္ေနခဲ့ၿပီး မာစီရယ္လ္ရဲ႕ ယူႏိုက္တက္ ကစားသမားဘဝ ပထမ (၄) ႏွစ္တာ အခ်ိန္ကာလနဲ႔ ႐ိုင္ယန္ဂစ္၊ ေဒးဗစ္ဘက္ခမ္း၊ ေရာ္နယ္ဒိုတို႔ရဲ႕ ယူႏိုက္တက္ ကစားသမားဘဝ ပထမ (၄) ႏွစ္တာ အခ်ိန္ကာလေတြကို ႏႈိင္းယွဥ္ၿပီး ျပန္လည္တုံ႔ျပန္သြားခ့ဲျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။

Photo Credit : FourFourTwo

USFA ရဲ႕အခ်က္အလက္မ်ားအရ မာစီရယ္လ္ဟာ ယူႏိုက္တက္ရဲ႕ ဂႏၲဝင္ကစားသမား (၃) ဦးထက္ တစ္ပြဲ ပ်မ္းမွ် သြင္းဂိုး ပိုမိုသာလြန္ေနေၾကာင္း ေဖာ္ျပခ့ဲၿပီး ဒီအခ်က္အလက္ေတြကိုေတာ့ Followers ေပါင္း (၂,၂၂၉၆) အေရအတြက္ရွိတဲ့ သူတို႔ရဲ႕အင္စတာဂရမ္ စာမ်က္ႏွာမွတစ္ဆင့္ ပရိသတ္ေတြထံ မွ်ေဝသြားခ့ဲပါတယ္။ ဒါ့အျပင္ “ထုိင္ၿပီး ေဘးထုိင္ဘုေျပာ ေဝဖန္ရတာက လြယ္ကူပါတယ္။ ဒါေပမယ့္ အမွန္တရားေတြကေတာ့ ကြင္းထဲမွာပါ။” ဟုလည္း Caption ေရးသားခဲ့ပါေသးတယ္။ USFA ရဲ႕ အခ်က္အလက္ေတြ အရ မာစီရယ္လ္ဟာ ယူႏိုက္တက္အသင္းအတြက္ ပြဲေပါင္း (၁၇၃) ပြဲကစားၿပီးခ်ိန္မွာ (၄၈) ဂိုးသြင္းယူေပးထားၿပီး ဒီအေရအတြက္ဟာ တစ္ပြဲပ်မ္းမွ် (ဝ.၂၈) ဂိုးအထိ သြင္းယူေပးထားႏုိင္တ့ဲ အေရအတြက္လည္း ျဖစ္ပါတယ္။

Photo Credit : Savynaija

မာစီရယ္လ္ရဲ႕ေနာက္မွာေတာ့ အနားယူသြားၿပီျဖစ္တ့ဲ ဂႏၱဝင္ကစားသမားႀကီး ရိုင္ယန္ဂစ္က ပြဲေပါင္း (၁၉၅) ပြဲကစား (၃၉) ဂိုးသြင္းကာ တစ္ပြဲပ်မ္းမွ် (ဝ.၂) ဂုိး၊ ဂႏၱဝင္ေက်ာနံပါတ္ (၇) ပိုင္ရွင္ ေဒးဗစ္ဘက္ခမ္းက ပြဲေပါင္း (၁၉၄) ပြဲကစား ဂိုး (၄၀) သြင္းၿပီး တစ္ပြဲပ်မ္းမွ် (ဝ.၂၁) ဂိုး၊ ေရာ္နယ္ဒိုက ပြဲေပါင္း (၁၉၀) မွာ သြင္းဂိုး (၅၀)ျဖင့္ တစ္ပြဲပ်မ္းမွ် (ဝ.၂၆) ဂိုးတို႔ျဖင့္ အစဥ္လုိက္ ရပ္တည္ေနၾကေၾကာင္း သိရွိရပါတယ္။

(Unicode)

ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ မာစီရယ်လ်ဟာ အသင်းမှာ ခြေစွမ်းကောင်း ပြသနိုင်ခြင်းမရှိတာကြောင့် ရာသီကုန်မှာ အသင်းက ထွက်ခွာရတော့မယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှား ကိုယ်တိုင်ကလည်း ကစားသမားရဲ့ ခြေစွမ်း နဲ့ ခံယူချက်များအပေါ် နှစ်မြို့ခြင်းမရှိတော့ဘဲ အသင်းအတွက် ပေးဆပ်လိုစိတ် အပြည့်အဝ မရှိကြောင်း ယူူဆနေတာကြောင့် လာမယ့် နွေရာသီမှာ အဆိုပါ ပြင်သစ်တောင်ပံကစားသမားလေးအတွက် ကမ်းလှမ်းမှုများကို စောင့်မျှော်နေကြောင်း သိရှိရပါတယ်။ ဒါပေမယ့် မာစီရယ်လ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ သက်ဆိုင်ရာ ကုမ္ပဏီဘက်ကတော့ မာစီရယ်လ်အတွက် မခံမရပ်နိုင်ဖြစ်နေကြပြီး သူတို့ရဲ့ ကစားသမားဟာ အချက်အလက်များအရ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်တိုက်စစ် ကစားသမားများဖြစ်ခဲ့ကြတဲ့ ဒေးဗစ်ဘက်ခမ်း၊ ဂစ်၊ ရော်နယ်ဒိုတို့ထက်တောင် အသင်းနဲ့ ပထမဆုံး ဘောလုံးရာသီ (၄) ခုနှိုင်းယှဉ်ချက်မှာ ပိုကောင်းသေးကြောင်း ကုမ္ပဏီပိုင် အင်စတာဂရမ် စာမျက်နှာမှတစ်ဆင့် တုံ့ပြန်ခဲ့ပါတယ်။

Photo Credit : Fox Sports

ပြီးခဲ့တဲ့လအတွင်းက ပြုလုပ်ခဲ့တဲ့ ကစားသမားတွေနဲ့ တွေ့ဆုံပွဲမှာ နည်းပြဆိုးလ်ရှားဟာ မာစီရယ်လ်ရဲ့ ခံယူချက်နဲ့ လုပ်အားနှုန်းတို့အပေါ်မှာ မေးခွန်းထုတ်ခဲ့သလို The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားအနေနဲ့ မာစီရယ်လ်အပေါ် မျှော်လင့်ချက် မထားတော့ဘဲ လာမယ့် နွေရာသီမှာတော့ မာစီရယ်လ်အတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် မာစီရယ်လ်ရဲ့ အေးဂျင့်ဖြစ်သူ ဖိလစ်ပီလမ်ဘိုလေနဲ့ သူ့ရဲ့ အေဂျင်စီကုမ္ပဏီဖြစ်တဲ့ USFA တို့ကမူ မာစီရယ်လ်အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ မကျေမနပ်ဖြစ်နေခဲ့ပြီး မာစီရယ်လ်ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမ (၄) နှစ်တာ အချိန်ကာလနဲ့ ရိုင်ယန်ဂစ်၊ ဒေးဗစ်ဘက်ခမ်း၊ ရော်နယ်ဒိုတို့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမ (၄) နှစ်တာ အချိန်ကာလတွေကို နှိုင်းယှဉ်ပြီး ပြန်လည်တုံ့ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit : FourFourTwo

USFA ရဲ့အချက်အလက်များအရ မာစီရယ်လ်ဟာ ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမား (၃) ဦးထက် တစ်ပွဲ ပျမ်းမျှ သွင်းဂိုး ပိုမိုသာလွန်နေကြောင်း ဖော်ပြခဲ့ပြီး ဒီအချက်အလက်တွေကိုတော့ Followers ပေါင်း (၂,၂၂၉၆) အရေအတွက်ရှိတဲ့ သူတို့ရဲ့အင်စတာဂရမ် စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေထံ မျှဝေသွားခဲ့ပါတယ်။ ဒါ့အပြင် “ထိုင်ပြီး ဘေးထိုင်ဘုပြော ဝေဖန်ရတာက လွယ်ကူပါတယ်။ ဒါပေမယ့် အမှန်တရားတွေကတော့ ကွင်းထဲမှာပါ။” ဟုလည်း Caption ရေးသားခဲ့ပါသေးတယ်။ USFA ရဲ့ အချက်အလက်တွေ အရ မာစီရယ်လ်ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း (၁၇၃) ပွဲကစားပြီးချိန်မှာ (၄၈) ဂိုးသွင်းယူပေးထားပြီး ဒီအရေအတွက်ဟာ တစ်ပွဲပျမ်းမျှ (ဝ.၂၈) ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

Photo Credit : Savynaija

မာစီရယ်လ်ရဲ့နောက်မှာတော့ အနားယူသွားပြီဖြစ်တဲ့ ဂန္တဝင်ကစားသမားကြီး ရိုင်ယန်ဂစ်က ပွဲပေါင်း (၁၉၅) ပွဲကစား (၃၉) ဂိုးသွင်းကာ တစ်ပွဲပျမ်းမျှ (ဝ.၂) ဂိုး၊ ဂန္တဝင်ကျောနံပါတ် (၇) ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက ပွဲပေါင်း (၁၉၄) ပွဲကစား ဂိုး (၄၀) သွင်းပြီး တစ်ပွဲပျမ်းမျှ (ဝ.၂၁) ဂိုး၊ ရော်နယ်ဒိုက ပွဲပေါင်း (၁၉၀) မှာ သွင်းဂိုး (၅၀)ဖြင့် တစ်ပွဲပျမ်းမျှ (ဝ.၂၆) ဂိုးတို့ဖြင့် အစဉ်လိုက် ရပ်တည်နေကြကြောင်း သိရှိရပါတယ်။