လာမယ့္ စေနနဲ႔ တနဂၤေႏြေန႔မ်ားမွာေတာ့ ေဘာလုံးပြဲေကာင္းေတြ မ်ားစြာရွိလုိ႔ေနပါတယ္ ေဘာ္ဒါတုိ႔ေရ။ ဒီထဲကမွ ကြ်န္ေတာ္တုိ႔ေတြ မျဖစ္မေနကုိ ေစာင့္ၾကည့္လုိ႔သြားရမယ့္ ပြဲႀကီးပြဲေကာင္းေတြအေၾကာင္းကုိ တင္ဆက္ေပးသြားခ်င္ပါတယ္ဗ်ာ။

မန္စီးတီး နဲ႔ အာဆင္နယ္

တစ္သင္းက ခ်န္ပီယံဆု ကာကြယ္ဖုိ႔အတြက္နဲ႔ ေနာက္တစ္သင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိဖုိ႔အတြက္ ေမွ်ာ္မွန္းခ်က္အသီးသီးနဲ႔ အႀကိတ္အနယ္ရွိမယ့္ ပြဲေကာင္းတစ္ပြဲပါ။ ဒီပြဲကုိေတာ့ Super Sunday ရဲ႕ ည ၁၁နာရီအခ်ိန္မွာ က်င္းပသြားမွာျဖစ္ပါတယ္။ ဒီပြဲမွာ အဓိကေစာင့္ၾကည့္ရမွာေတာ့ ဘာစီလုိနာကေန အာဆင္နယ္ကုိ အငွားနဲ႔ ေျပာင္းလာခဲ႔တဲ႔ ဒင္းနစ္ဆြာရက္ဇ္ပါ။ မန္စီးတီးကလည္း သူရဲ႕ အသင္းေဟာင္းျဖစ္လုိ႔ ပုိၿပီးေတာ့ကုိ စိတ္ဝင္စားစရာေကာင္းမွာ ေသခ်ာပါတယ္ဗ်ာ။

လုိင္ယြန္ နဲ႔ PSG

ဒီပြဲက ခ်န္ပီယံဆုအတြက္ မဟုတ္ေတာ့ေပမယ့္လည္း ရွုံးပြဲလုံးဝမရွိေသးတဲ႔ PSG အသင္းအတြက္ကေတာ့ သတိထားရမယ့္ ပြဲတစ္ပြဲဆုိ မမွားပါဘူး။ လုိင္ယြန္ကလည္း ဒီေနာက္ပုိင္းမွာ လုံးဝမရွုံးထားပဲ ေျခမွန္ေနသလုိ ဒီပြဲမွာ ေျခေခ်ာ္လုိက္ရင္လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ကုိ ထိခုိက္လာႏုိင္မွာျဖစ္လုိ႔ အမွားမခံစတမ္း ယွဥ္ၿပိဳင္လာၾကမွာပါ။ ဒီပြဲကလည္း တနဂၤေႏြေန႔မွာပဲ က်င္းပမွာျဖစ္ၿပီး ည၂နာရီခြဲအခ်ိန္မွာ က်င္းပမွာပါ။

ရုိးမား နဲ႔ ေအစီမီလန္

အဆင့္၅နဲ႔ အဆင့္၄အသင္းေတြရဲ႕ ထိပ္တုိက္ေတြ႕ဆုံမႈပါ။ ၂သင္းၾကားမွာ ရမွတ္က ၁မွတ္ေလးသာ ကြာဟေနလုိ႔ ဒီပြဲရလဒ္က ရပ္တည္မႈေတြကုိပါ ေျပာင္းလဲသြားႏုိင္ပါတယ္။ ၿပီးခဲ႔တဲ႔ရာသီမွာတုန္းကေတာ့ ဒီ၂သင္းက အေဝးကြင္းေတြမွာ အသီးသီးအႏုိင္ယူထားၾကသလုိ လက္ရွိမွာလည္း မီလန္က ပုိမုိေကာင္းေနတာေၾကာင့္ ရုိးမားတုိ႔ အိမ္ကြင္းမွာ ဘယ္ေလာက္အထိ ေတာင့္ခံႏုိင္မလဲဆုိတာ တနဂၤေႏြေန႔ ည၂နာရီအခ်ိန္မွာ ေစာင့္ၾကည့္သြားရပါမယ္။

(Unicode)

လာမယ့် စနေနဲ့ တနင်္ဂနွေနေ့များမှာတော့ ဘောလုံးပွဲကောင်းတွေ များစွာရှိလို့နေပါတယ် ဘော်ဒါတို့ရေ။ ဒီထဲကမှ ကျွန်တော်တို့တွေ မဖြစ်မနေကို စောင့်ကြည့်လို့သွားရမယ့် ပွဲကြီးပွဲကောင်းတွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ဗျာ။

မန်စီးတီး နဲ့ အာဆင်နယ်

တစ်သင်းက ချန်ပီယံဆု ကာကွယ်ဖို့အတွက်နဲ့ နောက်တစ်သင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် မျှော်မှန်းချက်အသီးသီးနဲ့ အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲပါ။ ဒီပွဲကိုတော့ Super Sunday ရဲ့ ည၁၁နာရီအချိန်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ အဓိကစောင့်ကြည့်ရမှာတော့ ဘာစီလိုနာကနေ အာဆင်နယ်ကို အငှားနဲ့ ပြောင်းလာခဲ့တဲ့ ဒင်းနစ်ဆွာရက်ဇ်ပါ။ မန်စီးတီးကလည်း သူရဲ့ အသင်းဟောင်းဖြစ်လို့ ပိုပြီးတော့ကို စိတ်ဝင်စားစရာကောင်းမှာ သေချာပါတယ်ဗျာ။

လိုင်ယွန် နဲ့ PSG

ဒီပွဲက ချန်ပီယံဆုအတွက် မဟုတ်တော့ပေမယ့်လည်း ရှုံးပွဲလုံးဝမရှိသေးတဲ့ PSG အသင်းအတွက်ကတော့ သတိထားရမယ့် ပွဲတစ်ပွဲဆို မမှားပါဘူး။ လိုင်ယွန်ကလည်း ဒီနောက်ပိုင်းမှာ လုံးဝမရှုံးထားပဲ ခြေမှန်နေသလို ဒီပွဲမှာ ခြေချော်လိုက်ရင်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ထိခိုက်လာနိုင်မှာဖြစ်လို့ အမှားမခံစတမ်း ယှဉ်ပြိုင်လာကြမှာပါ။ ဒီပွဲကလည်း တနင်္ဂနွေနေ့မှာပဲ ကျင်းပမှာဖြစ်ပြီး ည၂နာရီခွဲအချိန်မှာ ကျင်းပမှာပါ။

ရိုးမား နဲ့ အေစီမီလန်

အဆင့်၅နဲ့ အဆင့်၄အသင်းတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုပါ။ ၂သင်းကြားမှာ ရမှတ်က ၁မှတ်လေးသာ ကွာဟနေလို့ ဒီပွဲရလဒ်က ရပ်တည်မှုတွေကိုပါ ပြောင်းလဲသွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတုန်းကတော့ ဒီ၂သင်းက အဝေးကွင်းတွေမှာ အသီးသီးအနိုင်ယူထားကြသလို လက်ရှိမှာလည်း မီလန်က ပိုမိုကောင်းနေတာကြောင့် ရိုးမားတို့ အိမ်ကွင်းမှာ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ တနင်္ဂနွေနေ့ ည၂နာရီအချိန်မှာ စောင့်ကြည့်သွားရပါမယ်။