ကိုယ့်မြို့၊ ကိုယ့်ရွာမှာပဲ နေရတာ မွန်းကြပ်လာလို့ မြင်ကွင်းအသစ်အဆန်းတွေနဲ့ စိတ်လက်အပန်းဖြေချင်သူများအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ခရီးသွားခြင်းပဲဖြစ်ပါတယ်။

ခရီးသွားခြင်းသည် စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး စိတ်ရွှင်လန်းတက်ကြွမှုကို ပေးစွမ်းပါတယ်။ ဒီလိုမျိုး ခရီး အစ အလယ် အဆုံး စိတ်အပန်းပြေဖို့ဆိုရင် အခုဖော်ပြပေးမယ့်အချက်များကို သေချာဂရုစိုက်ဖို့လိုအပ်ပါလိမ့်မယ်။

မိမိကားကို သေချာမစစ်ဆေးခြင်း

tips for travelling

ကိုယ်ပိုင်ကားနဲ့ခရီးသွားသူများအနေနဲ့ ခရီးထွက်ခါနီးမှာ မိမိကားကို သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ အသေးစိတ်ကအစ စစ်ဆေးမှသာလျှင် ခရီးလမ်းတစ်လျှောက်မှာ အဆင်ပြေချောမွေ့ပြီး လိုရာခရီးကို စိတ်အေးချမ်းသာစွာရောက်ရှိနိုင်မှာပါ။

တည်းခိုရယ့်နေရာကို ကြိုတင်မချိတ်ထားခြင်း

tips for travelling

Photo Source: Adventurebimbling.com

ခရီးသွားသူများအနေနဲ့ မိမိတည်းခိုရမယ့်နေရာကို ကြိုတင်ဘိုကင်တင်ထားသင့်ပါတယ်။ ကိုယ် သွားမယ့်ရက်မှာ ဟိုတယ်အခန်းတွေတော့ အခန်းလွတ်နေမှာပဲလို့ ကောက်ချက်မချက်လိုက်ပါနဲ့။ ကြိုတင်စီမံထားပါမှ အေးအေးဆေးဆေးအပန်းဖြေနိုင်မှာမဟုတ်လား။

ဖျော်ဖြေရေးနှင့်ပတ်သက်သည့်အရာများ ယူမသွားခြင်း

tips for travelling

Photo Source: Furnishedquarters.com

မိမိဖတ်ချင်တဲ့ စာအုပ် ၂ အုပ်လောက် သယ်သွားပါ။ ဒါမှမဟုတ် ရုပ်ရှင်ကား ၂ ကား၊ ၃ ကားလောက် ဒေါင်းသွားပါ။ ဟိုရောက်တဲ့အခါ သူငယ်ချင်းတွေနဲ့စုပြီး ရုပ်ရှင်ကြည့်လို့လည်းရတာပေါ့။ နေ့ဘက်မှာ တစ်နေကုန်လျှောက်လည်ပြီး ညဘက်မှာ ဒီနည်းလမ်းနဲ့ အပန်းဖြေနိုင်ပါတယ်။

ရာသီဥတုကို မစစ်ဆေးခြင်း

tips for travelling

ခရီးမသွားခင်ကတည်းက ကိုယ် သွားမယ့်နေရာရဲ့ရာသီဥတုအခြေအနေကို သေချာလေ့လာသင့်ပါတယ်။ သင့်နေရပ်မှာ နေသာနိုင်ပေမယ့် ခရီးသွားမယ့်နေရာက မိုး အဆက်မပြတ်ရွာနေမယ်ဆိုရင် သင်လည်း ခရီးသွားပြီး လည်ပတ်ခွင့်မရဘဲ ကားမောင်းသွားရတာပဲ အဖတ်တင်ပါလိမ့်မယ်။

အရေးကြီးသောပစ္စည်းများ မေ့ကျန်ခဲ့ခြင်း

tips for travelling

ခရီးသွားဖို့ ပြင်ဆင်တဲ့အခါ ကိုယ် ထည့်သွားရမယ့်အသုံးအဆောင်ပစ္စည်းများကို သေချာစစ်ဆေးသင့်ပါတယ်။ စာရင်းဇယားပြုလုပ်ပြီး သေချာစစ်ဆေးတဲ့အခါ အရေးကြီးတဲ့ပစ္စည်းများ မေ့ကျန်ခဲ့မှာမဟုတ်တော့ပါဘူး။ တစ်ဖန် အိမ်ကထွက်ခါနီး နာရီဝက်အလိုမှာလည်း ထိုစာရင်းဖြင့် ပြန်တိုက်စစ်ကြည့်ပါ။ ဒါဆိုရင်တော့ အသေချာဆုံးပါပဲ။

Source: Theadventurousfeet.com

Featured Image Source: Freepik.com