MCU ထဲတွင် Hawkeye သည် Avengers ရဲ့ မူလအဖွဲ့ဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကာရိုက်တာကို Comics စာအုပ်ထဲက ကာရိုက်တာနဲ့ မတူအောင် ပြောင်းလဲလိုက်တဲ့ အချက်တွေရှိပါတယ်။ ဘယ်အချက်တွေဖြစ်မလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်လိုက်ပါဦး။

Comics စာအုပ်ထဲတွင် Hawkeye သည် Avengers ရဲ့ မူလအဖွဲ့ဝင်မဟုတ်ပါဘူး

Biggest Differences Between Hawkeye In The Movies and The Comics

ရုပ်ရှင်ထဲမှာကတော့ Hawkeye နဲ့ Black Widow တို့သည် S.H.I.E.L.D အေးဂျင့်တွေဖြစ်တာကြောင့် Avengers အဖွဲ့ ဖွဲ့စည်းလိုက်တဲ့အခါ သူတို့က အဖွဲ့ဝင် အော်တိုဖြစ်သွားတာပါ။ Comics ထဲမှာကတော့ Ant-Man သည် မူလအဖွဲ့ဝင်ဖြစ်ပြီး Avengers အဖွဲ့ဝင်အားလုံး နုတ်ထွက်သွားတဲ့အခါ ကပ္ပတိန်အမေရိကတစ်ယောက်တည်း ကျန်ခဲ့တာဖြစ်ပါတယ်။ ကပ္ပတိန်အမေရိကကနေတဆင့် အဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး Hawkeye ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

Hawkeye ကို စူပါဗီလိန်တွေက လေ့ကျင့်ပေးခဲ့တာပါ

Biggest Differences Between Hawkeye In The Movies and The Comics

ရုပ်ရှင်ထဲမှာကတော့ S.H.I.E.L.D က Hawkeye ဆိုပြီးဖြစ်လာအောင် လေးပစ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာအောင် ဒါ့အပြင် တော်ပြီး ထက်မြက်တဲ့ စပိုင်တစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။ Comics ထဲမှာကျတော့ သူ့ကို ငယ်ငယ်လေးကတည်းက ရာဇဝတ်မှုများကို ပြုလုပ်တဲ့ ဆက်ကပ်ခေါင်းဆောင်း စူပါဗီလိန်နှစ်ယောက်က လေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။

Hawkeye သည် သူ့မိသားစုကို တွယ်တာသူတစ်ယောက်မဟုတ်ပါ

Biggest Differences Between Hawkeye In The Movies and The Comics

ရုပ်ရှင်ထဲမှာတော့ သူသည် သူ့မိသားစုကို တန်ဖိုးထားတဲ့သူတစ်ယောက်အဖြစ် ပုံဖော်ထားတာဖြစ်ပါတယ်။ Comics ထဲမှာကတော့ အနည်းငယ် ကွာခြားသွားပါတယ်။ သူ့မိန်းမက သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Avengers အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တဲ့ Mockingbird ပဲဖြစ်ပါတယ်။ Marvel’s Agents Of S.H.I.E.L.D ပရိသတ်တွေကတော့ သူ(မ)ကို Bobbi Morse အဖြစ် သိကြပါလိမ့်မယ်။

Black Widow က Hawkeye ကို သစ္စာဖောက်ခဲ့တာပါ

Biggest Differences Between Hawkeye In The Movies and The Comics

ရုပ်ရှင်ထဲမှာကတော့ Black Widow နဲ့ Hawkeye တို့နှစ်ယောက်ကြား သံယောဇဉ်ကို အထင်းသားမြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့သည် Nick Fury အတွက် အလုပ်လုပ်နေတာဖြစ်ပြီး အရည်အချင်းရှိတဲ့စပိုင်တွေဖြစ်ပါတယ်။ Endgame ထဲမှာဆိုရင် Black Widow ည် ကမ္ဘာကြီးကို ကယ်တင်ဖို့ရန်အတွက် Hawkeye အစား သူ(မ)ရဲ့အသက်ကို စတေးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ Comics ထဲမှာကတော့ တော်တော်လေးကို ကွာခြားသွားပါတယ်။ Black Widow ကို သစ္စာဖောက်တစ်ယောက်အဖြစ် ပုံဖော်ထားပြီး Hawkeye ရဲ့မိန်းမနဲ့ ကလေးတွေကိုပါ သတ်ပစ်ခဲ့တာပါ။ နောက်ဆုံးကျမှ Hawkeye က Blackwidow ကို ပြန်သတ်လိုက်တာဖြစ်ပါတယ်။

Civil War မှာတုန်းက Hawkeye သည် Iron Man ဘက်တော်သားပါ

Biggest Differences Between Hawkeye In The Movies and The Comics

ရုပ်ရှင်ထဲမှာတော့ ကလင့်ခ်ကို Captain America ဘက်ကနေ ကူတိုက်ပေးတာကို တွေ့ရမှာပါ။ ဒါ့ကြောင့်လည်း ကလင့်ခ်တစ်ယောက် ပင်လယ်ထဲက သီးသန့်အကျဉ်းထောင်ထဲမှာ အကျဉ်းကျသွားပြီး အချိန်အတော်ကြာသည်အထိ Iron Man နဲ့ မတည့်ကြပါဘူး။

ဒါပေမဲ့ Comics ထဲမှာကတော့ Hawkeye သည် Cilvil War Storyline မတိုင်ခင်အချိန်အထိ သေဆုံးနေတာဖြစ်ပြီး Scarlet Witch က သူ့ကို ပြန်အသက်သွင်းခဲ့တာပါ။ ထိုမှတဆင့် Iron Man က သူ့ကို ပိုကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်တဲ့ ကပ္ပတိန်အမေရိကအသစ်အဖြစ် ရာထူးခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Source: Screenrant.com

Featured Image Source: Screenrant.com