နည်းပညာများ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူနေမှုပုံစံများ၊ လူ့အသုံးအောဆင်ပစ္စည်းများသည်လည်း တဖြည်းဖြည်း ပြောင်းလဲသွားကြပါပြီ။ ထိုအထဲကမှ ကားရဲ့ဒီဇိုင်းများ၊ တီထွင်မှုပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာသည်လည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါပြီ။

ကားရဲ့ Hybrid နည်းပညာကို စတင်တီထွင်ခဲ့တဲ့သူကတော့ Ferdinand Porsche ဖြစ်ပါတယ်။ သူသည် ၁၉၀၁ ခုနှစ်က Lohner-Porsche ကို စတင်တီထွင်ခဲ့တုန်းက ထိုနည်းပညာကို ထည့်သွင်းအသုံးပြုခဲ့တာပါ။ ဒါပေမဲ့ ထိုအချိန်တုန်းက လျှပ်စစ်ကားများကို အသုံးပြုသူ နည်းပါးခဲ့တုန်းပါပဲ။

hybrid cars for men

၁၉၉၇ ခုနှစ်တွင်မှToyota Prius က လျှပ်စစ်ကားကို တီထွင်ခဲ့မှသာ လူတော်တော်များများ အသုံးပြုလာကြတာပါ။

သို့သော်လည်း ယနေ့ထိတိုင် Hybrid ကားများကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ခြင်းတော့ မရှိသေးပါဘူး။

Hybrid ကားအမျိုးအစား ဘယ်နှမျိုး ရှိသလဲ။

Parallel Hybrid

hybrid cars for men

ဒီအမျိုးအစားကတော့ ကားထဲတွင် လျှပ်စစ်မော်တာနှင့် အင်ဂျင်တို့ကို အတူတူ ဆက်ထားတဲ့ Hybrid ကားအမျိုးစားတစ်ခုပါ။ Prarllel ဒီဇိုင်းကို အသုံးများတဲ့ ကား Brand တွေကတော့ Toyota ၊ Honda ၊ Hyundai ၊ Kia ၊ Ford ၊ Nissan ၊ Lincol နှင့် Infiniti တို့ပဲဖြစ်ပါတယ်။

Series Hybrid

hybrid cars for men

ဒီကားအမျိုးအစားမှာတော့ ကားအင်ဂျင်ကို ဘက္ထရီအားပြန်ဖြည့်ဖို့ရန်အတွက်ပဲ သုံးထားတာပါ။ ဒီနည်းပညာကိုတော့ BMW i3 ကားမှာ တွေ့မြင်နိုင်ပါတယ်။

Plug-In Hybrid

hybrid cars for men

Photo Source: Motortrend.com

ဒီကားကတော့ အားပြန်ပြည့်ဖို့ရန်အတွက် သင့်ရဲ့နေအိမ် (သို့) ရုံးမှ လျှပ်စစ်အားကို ရယူရမှာဖြစ်ပါတယ်။ သင့်အနီးအနားမှာ ကား အားသွင်းလို့ရမယ့် မှတ်တိုင်တစ်ခုခုရှိမယ်ဆိုရင်လည်း ကားအားသွင်းလို့ရပါသေးတယ်။ Chrysler Pacifica ကတော့ ဒီနည်းပညာကို အသုံးပြုထားတာပါ။

ဒီလို Hybrid ကားတွေကို အသုံးပြုခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးများ ရရှိပိုင်ဆိုင်နိုင်မလဲ

hybrid cars for men

လေထုညစ်ညမ်းမှုကို လျော့ချနိုင်ပြီး ဓာတ်ဆီအတွက် ကုန်ကျစရိတ်လည်း သက်သာခြင်းပဲဖြစ်ပါတယ်။ လောင်စာများကို အားကိုးစရာမလိုတာကြောင့် ပတ်ဝန်းကျင်အတွက်လည်း အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

တိုယိုတာသည် Hybrid ကားကို ၁၉၉၇ ခုနှစ်ကတည်းက စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ထိုအချိန်မှာ ၂၀၂၀ ဧပြီလအထိ Hybrid ကားအစီးရေ ၁၇ မီလီယံခန့် ရောင်းချပြီးသွားခဲ့ပြီပဲဖြစ်ပါတယ်။

သင်ရော Hybrid ကားအပေါ် ဘယ်လိုထင်မြင်ချက်ပေးချင်ပါသလဲ။

Source: Gurusway.com

Featured Image Source: Caranddriver.com