ကွီးတို့ရေ….သူများတွေလို ဗလတောင့်တောင့်၊ ကြွက်သားတင်းတင်းရင်းရင်းကြီးတွေနဲ့ ကြည့်ကောင်းချင်လို့ Gym ကိုနေ့တိုင်း သွားကစားဖြစ်နေလားဗျ။ ကိုယ်ကတော့ ကြိုးစားပမ်းစားနဲ့ အားထုတ်ပြီး လေ့ကျင့်ခန်းလုပ်နေပေမယ့်လည်း ရလဒ်တွေက စိတ်တိုင်းကျတဲ့အထိ ဖြစ်မလာသေးဘူးလား။

လူဆိုတာ အမှားနဲ့မကင်းနိုင်ဘူးဆိုသလိုပင် ဘယ်လောက်ပဲ ကျင့်သားရနေတဲ့လူဆိုပါစေ တခါတလေတော့ မသိလိုက်ဘဲ လုပ်မိနေတဲ့ အမှားလေးတွေဆိုတာ ရှိစမြဲပါပဲ။ ကိုယ့်ရဲ့ဦးတည်ချက်၊ ပန်းတိုင်က အဆီတွေကျပြီး ကြွက်သားတွေဖြစ်လာဖို့ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမှားတွေကို သတိထားပြီးရှောင်ကြဉ်လိုက်ပါ။

၁။ အစပိုင်းမှာ မနိုင်ဝန်ထမ်းခြင်း

Source: homensquesecuidam.com

အမျိုးသားတို့ရဲ့ မသိစိတ်မှာ လွှမ်းမိုးနေတဲ့အရာတစ်ခုက ယောကျာ်းသားဖြစ်တာကြောင့် အလေးအပင်တွေကို အလွန်မနိုင်တယ်၊ လေ့ကျင့်ခန်းလုပ်တာက လွယ်လွယ်လေးပါဆိုတဲ့ စိတ်အခြေအနေတွေပါပဲ။ ဒီလိုစိတ်တွေကြောင့် လေ့ကျင့်ခန်းစစလုပ်ချိန်မှာပဲ ကိုယ်နဲ့ကိုက်ညီမှုမရှိတဲ့ ကိရိယာတွေကိုသုံးခြင်းက မတော်တဆ ထိခိုက်ဒဏ်ရာရနိုင်သလို ပင်ပန်းတာလည်းမြန်နိုင်ပါတယ်။

၂။ အစားရှောင်ခြင်း

Source: Stepz

အမျိုးသားအများစုတွေးတာက အဆီတွေမြန်မြန်လောင်ကျွမ်းစေဖို့နဲ့ ဝိတ်ကျမြန်ဖို့ အစားလျှော့စားရမယ်လို့တွေးပြီး ပြေးစက်တွေ၊ စက်ဘီးနင်းတဲ့ စက်ကိရိယာတွေကိုသုံးပြီး လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းဟာ ပင်ပန်းတာသက်သက်ပဲဖြစ်စေနိုင်ပါတယ်။

၃။ အလေးတွေအလွန်အကျွံမခြင်း

Source: muscleandfitness.com

အလေးမတယ်ဆိုတာဟာ ခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုပေမယ့် လိုတာထက်ပိုလုပ်မိရင်တော့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ မှန်ကန်တဲ့ပုံစံအနေအထားမှာ သင့်တင့်လျောက်ပတ်တဲ့ အလေးချိန်ကိုမခြင်းက ပိုပြီးကောင်းမွန်တဲ့ရလဒ်တွေကို ရရှိစေမှာပါ။

၎။ ဘက်စုံညီမျှအောင်မလုပ်ခြင်း

Source: The Cheat Sheet

ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလုပ်ပါတယ်ဆိုကာမှ လက်မောင်းတစ်နေရာ ဒါမှမဟုတ် ဝမ်းဗိုက်နေရာတွေကိုပဲ ကွက်ပြီးတော့ လေ့ကျင့်ခန်းလုပ်လို့မဖြစ်ပါဘူးနော်။ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘက်ပေါင်းစုံ လစ်ဟာမှုမရှိအောင် လေ့ကျင့်ခန်းလုပ်ပေးပါ။

၅။ အာဟာရမျှတအောင် မစားသုံးခြင်း

Source: Men’s Health

ကိုယ်ကပိန်ချင်လို့ လေ့ကျင့်ခန်းတွေလုပ်နေတာကို အဆီတက်စေမယ့် ဟမ်ဘာဂါတွေ ဘီယာတွေ စားသောက်ပြီး သကြားဓာတ်တွေအများကြီးကို သုံးစွဲမိရင်တော့ အမှားကြီးဖြစ်သွားပါပြီ။ ကိုယ်ကြိုးစားပမ်းစား လေ့ကျင့်ခန်းလုပ်ထားရတာတွေ အလဟဿမဖြစ်ရအောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးပါ။

Credit: www.verywellfit.com

Featured Image Source: Men’s Health