မိုဘိုင်းလ်ဂိမ်းတွေ စပေါ်ခဲ့တဲ့ အစောပိုင်းကာလတွေ ကတည်းက Bike ဂိမ်းတွေဟာ လူကြိုက်များ ရေပန်းစားခဲ့တာပါ။ တဖြည်းဖြည်းနဲ့ မိုဘိုင်းလ်ဂိမ်းတွေ အဆင့်မြင့်လာတာနဲ့အမျှ စိတ်လှုပ်ရှားစရာ Gameplay ပုံစံအသစ်တွေနဲ့ အမိုက်စား Bike ဂိမ်းတွေလည်း များစွာထွက်ပေါ်လာပါတယ်။ ဒီတစ်ခေါက်မှာတော့ Biker ဘီးကျဲ တွေ လုံးဝ အကြိုက်တွေ့စေမယ့် အမိုက်စား Open-World Bike ဂိမ်းတွေကို ပြောပြပေးပါမယ်။

(၁) Real Moto 2

Source : DREAMPLAYGAMES Inc

အပြင်မှာ ကိုယ်တိုင် Racing လုပ်နေရသလို ဖီလင်မျိုးပေးမယ့် အမိုက်စား Bike ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Professional Racing Experience ကို ခံစားနိုင်မှာ ဖြစ်ပြီး လက်တွေ့ဆန်တဲ့ 3D Graphics အလန်းကြီးတွေနဲ့ အထာကျကျ ဆော့ကစားရမှာပါ။ ပြေးလမ်းမကြီးတွေပေါ်မှာ အပြင်က တကယ့် ပြိုင်ပွဲဝင်တွေလို အထာကျကျ Racing လုပ်ချင်တဲ့ ဘီးကျဲတွေကတော့ Real Moto 2 ဂိမ်းကို ဒေါင်းလုခ် လုပ်ပြီး ဆော့ကြည့်လိုက်ပါ။

(၂) Mad Skills Motocross 3

Source : Mobile Game Trailers

Mad Skills Motocross 3 ကတော့ Offroad ဆိုင်ကယ်ပြိုင်ပွဲတွေကို စိတ်ဝင်စားတဲ့ ဘီးကျဲ တွေအတွက်ပါ။ Offroad Bike Racing ဂိမ်းဖြစ်တဲ့အတွက် တောအုပ်တွေ ၊ တောင်တန်းတွေကို ဖြတ်ကျော်ပြီး ကြမ်းတမ်းတဲ့ ပြေးလမ်းတွေအပေါ် အမိုက်စား စတန့်ပြကွက်တွေနဲ့ အထာကျကျ မောင်းနှင်ရမှာဖြစ်ပြီး ရေလည်လန်းတဲ့ 3D Graphics တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက iOS ရော Android မှာပါ ကစားနိုင်ပါတယ်။

(၃) Xtreme Bike Driving Moto Games

Source : Xtreme Games

Xtreme Bike Driving Moto Games ကတော့ Open-World Bike ဂိမ်းတွေထဲက ရတနာတစ်ပါးလို့ တင်စားရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Players တွေအနေနဲ့ မြို့ပြရဲ့ Highways လမ်းမကြီးတွေအပေါ် လွတ်လွတ်လပ်လပ် မောင်းနှင်နိုင်ပြီး အမိုက်စား စတန့်ပြကွက်တွေ ၊ ရင်ခုန်စိတ်လှုပ်ရှားစရာ Missions တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဆိုင်ကယ်စတန့် အမိုက်စားတွေလုပ်ရတာ ကြိုက်တယ်ဆိုရင်တော့ ဒီဂိမ်းကို ကွီးတို့ Try ကြည့်လိုက်ဖို့ ညွှန်းပေးချင်ပါတယ်။

Source : Analytics Insight

Featured Photo : Google Play