နည်းပညာ ဘီယီယံနာကြီး Bill Gates ရဲ့ ဘဝဖြတ်သန်းမှုကို ကြည့်ပြီး ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ဘဝအတွက် အများကြီး စိတ်ခွန်အားတွေ ရမိတာအမှန်ပါ။ Bill Gates ဟာ ကမ္ဘာပေါ်က အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft ရဲ့ ထည်ထောင်သူ ပဲ့ကိုင်ရှင်တစ်ယောက် ဖြစ်သလို သူဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ နှစ်ပေါင်းများစွာသော အဖိုးတန်ဘဝ အတွေ့အကြုံတွေကိုလည်း နောက်မျိုးဆက်သစ် လူငယ်တွေအတွက် အမြဲတမ်း ပြန်လည်မျှဝေခဲ့ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မျိုးဆက်သစ် လူငယ်တွေအတွက် အသိပညာနဲ့ အကြံဥာဏ်ကောင်းတွေရစေဖို့ များစွာအထောက်အပံ့ဖြစ်စေမယ့် Bill Gates ပြောတဲ့ ဘဝအတွက် အကောင်းဆုံး အကြံပြုချက် အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) သင်ယူလေ့လာမှုတွေဟာ ဘဝတစ်သက်တာ အတွက်ဖြစ်ပါစေ

Bill Gates

Photo : WIRED

Bill Gates အမြဲပြောနေကျ စကားတစ်ခုရှိပါတယ်။ လူတစ်ယောက်ဟာ အသက်ရှင်နေသ၍ လေ့လာသင်ယူမှုတွေနဲ့ ကင်းကွာနေလို့ မရဘူးဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းတွေရှိဖို့က နံပါတ် ၁ အရေးကြီးဆုံး ဖြစ်ပါတယ်။ အောင်မြင်မှုရဲ့ သော့ချက်ဆိုတာဟာ အသိပညာကို အဆက်မပြတ် ချဲ့ထွင်ခြင်းနဲ့ ကျွမ်းကျင်မှု Skills အသစ်တွေကို အမြဲလေ့လာဆည်းပူးနေခြင်းကနေ ဖြစ်တည်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် Gates ဟာ လူငယ်တွေအနေနဲ့ ဘဝအတွက် ကောင်းမွန်တဲ့တိုးတက်မှုတွေနဲ့ အခွင့်အ လမ်းကောင်းတွေ ရရှိဖို့ အမြဲတမ်း လေ့လာသင်ယူမှုတွေ လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။

(၂) ကျရှုံးမှုတွေကြုံလာခဲ့ရင် အကောင်းဆုံး သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူနိုင်ပါစေ

Bill Gates

Photo : 20 Minutes

စွန့်ဦးတီထွင်သမားတစ်ဦးဖြစ်တဲ့ Bill Gates ကတော့ စွန့်စားခြင်းတွေကို မကြောက်ရွံဖို့ ၊ စွန့်စားပြီး ကျရှုံးခဲ့ရင်လည်း လက်မြောက်အရှုံးမပေးဖို့ အကြံပေးထားပါတယ်။ ဟုတ်ပါတယ် ကျရှုံးမှုဆိုတာ Bill Gates လို ထိပ်တန်းရောက် အောင်မြင်သူတစ်ယောက်တောင် မလွဲမရှောင် ကြုံခဲ့ရတာပါ။ ဒါပေမယ့် ကွီးတို့ကိုယ်တိုင် လက်မြောက်အရှုံးမပေးသ၍တော့ ဒါဟာ ကျရှုံးမှုတစ်ခု မဟုတ်သေးပါဘူး။ ကျရှုံးမှုဆိုတာ အဖိုးတန်တဲ့ အကောင်းဆုံး ဘဝသင်ခန်းစာတစ်ခုသာဖြစ်ပြီး ကျရှုံးခြင်းကိုကောင်းကောင်း သင်ခန်းစာယူပြီး နောက်တစ်ကြိမ်မှာ ဘဝတိုးတက်အောင်မြင်မှုဖို့ အခွင့်အလမ်းတစ်ခုအဖြစ် သင်မှတ်သင်ယူလို့ ရနိုင်ပါတယ်။

(၃) အာရုံစူးစိုက်မှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဦးစားပေးတက်ပါစေ

Bill Gates

Photo : Marketplace.org

ဘဝအတွက် ချမှတ်ထားတဲ့ ပန်းတိုင်တွေဆီ အရောက်သွားနိုင်ဖို့ အာရုံစူးစိုက်မှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဦးစားပေးလိုက်နာဖို့က သိပ်ကိုအရေးပါတယ်လို့ Bill Gates က အကြံပြုထားပါတယ်။ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုတွေကို ဖော်ထုတ်ပြီး ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်တွေကို ချမှတ်ထားရမှာဖြစ်သလို ပန်းတိုင်တွေဆီ လျောက်လှမ်းရာလမ်းမှာ ကိုယ့်ကိုယ့်ကိုယ် Discipline ထားရှိမှသာလျှင် အောင်မြင်တဲ့ ရလဒ်ကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်အောင်မြင်မှုကို လိုလားသူတိုင်းဟာ ဘာပဲလုပ်လုပ် Focus ပြတ်သားဖို့နဲ့ Discipline ထားရှိဖို့ လိုအပ်ပါတယ်။

(၄) ဝီရိယ ရှိပါစေ

Photo : Vox

ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတိုင်း နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ဘူးလို့ Bill Gates အမြဲပြောပါတယ်။ Bill Gates အနေနဲ့ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ ဘဝအတွက် ချမှတ်ထားတဲ့ ရည်မှန်းချက် ပန်းတိုင်တွေဆီကို လျှောက်လှမ်းရာမှာ ဇွဲရှိဖို့နဲ့ စိတ်ရှည်ဖို့ကို သေချာလိုက်နာရမယ်လို့ အကြံပေးထားပါတယ်။ Gates ကိုယ်တိုင် အောင်မြင်မှု မရရှိခင် လမ်းခုလတ်မှာ မြောက်မြားစွာသော အတားအဆီးတွေ ၊ အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ခိုင်မာမြဲမြံတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ဇွဲ ၊ ဝီရီယတို့ အားသန်ခဲ့လို့သာ ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေကို အမိအရဖမ်းဆုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်ချင်ရင် ဝီရိယထက်သန်ဖို့က အရေးကြီးဆုံး လိုအပ်ချက်တစ်ခုပါပဲ။

Gates ပြောတဲ့ ဘဝအတွက် အကောင်းဆုံး အကြံပြုချက်တွေကနေ ကွီးတို့ဘဝအတွက် အဖိုးတန်တဲ့ အသိပညာ ၊ ဉာဏ်အလင်းတစ်စုံတစ်ရာ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Featured Photo : Expansión