လူတွေအားလုံးချိတ်ဆက်နိုင်တာ တေးဂီတသီချင်းကြောင့်ပါ။ သီချင်းဟာ လူတွေအားလုံးရဲ့အားကိုးရာဆိုလည်းမမှားပါဘူး။ ပျော်တဲ့အခါလည်း သီချင်းကြောင့်၊ ငိုတဲ့အခါလည်း သီချင်းကြောင့်ပါပဲ။ ဒီလိုသီချင်းတွေကြောင့်ပျော်တယ်၊ ငိုတယ်ဆိုသလို ပျော်ချင်တဲ့အခါ စိတ်ညစ်ပျောက်ချင်တဲ့အခါ သီချင်းနဲ့ ကုစားလို့ရခဲ့ပါတယ်။

သီချင်းတွေက နေ့စဉ်နဲ့အမျှ အသစ်အသစ်ဆိုတာ အမြဲတမ်း ထွက်လို့နေတာ ဖြစ်ပါတယ်။ တစ်ချို့လူတွေကတော့ ကိုယ့်သဘောကျရာ Artist ရဲ့ တေးသီချင်းကိုသာ ရွေးပြီးနားထောင်ကြတယ်။ တစ်ချို့ကျတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ Genre နဲ့ ရွေးချယ်ပြီးနားထောင်ကြပါတယ်။

ဒါပေမယ့် သီချင်းဆိုတာ အားလုံးနားထောင်ရတာပိုပြီးတော့ ရသစုံကို ခံစားရစေပါတယ်။ ဒီအတွက် Billboard က အမြဲတမ်း Top 10 တွေကို နားထောင်သင့်ပါတယ်။ နှစ်စဉ်တိုင်း Billboard Top 10 ပြုလုပ်နေကျ ဒီနှစ်မှာ ဘယ်သူတွေရဲ့ သီချင်းတွေ Top 10 မှာရှိနေမလဲဆိုတာ ရင်ခုန်ရပါတယ်။

အားလုံးအတွက် ဒီနှစ် ၂၀၁၈ခုနှစ်၊ မေလအတွင်း Top 10 to 1 အထိ နေရာယူနေတာကတော့ ဒီ ၁၀ပုဒ်ပဲဖြစ်လို့နေပါတယ်။

1. This Is America – Childish Gambino

2. Drake – Nice For What

3. God’s Plan – Drake

4. Psycho – Post Malone Feat: Ty Dolla $ign

5. Meant to be – Bebe Rexha & Florida Georgia Line

6. The Middle – Zedd, Maren Morris & Grey

7. Look Alive – Blocboy JB Feat: Drake

8. Never Be The Same – Camila Cabello

9. Perfect – Ed Sheeran

10. No Tears Left to Cry – Ariana Grande

အကောင်းဆုံးသီချင်းဆိုရင်တော့ Ariana Grande သီဆိုထားတဲ့ No Tear Left to Cry ၊ Ed Sheeran သီဆိုထားတဲ့ Perfect နဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ Childish Gambino သီဆိုထားသော This is America ပဲဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကောင်းလား၊ မကောင်းလားဆိုတာကို ခွဲခြားလို့ရနိုင်တာက လူတွေရဲ့ ပါးစပ်ဖျားမှာ စွဲနေရမယ်၊ Creation ကောင်းရမယ်၊ Lyric မှာ လူတွေခံစားလို့ရနိုင်တဲ့ ခံစားချက်တစ်ခု ပါဝင်နေရမယ်။ ဒီအချက်တွေကြောင့် Top 10 to 1 ထဲမှာ ပြောပြပေးခဲ့တဲ့ သီချင်းတွေဟာ အကောင်းဆုံးဖြစ်နေတာလို့ ထင်ပါတယ်။