လက်တလောမှာ ဘယ် International Songs တွေက Hit ဖြစ်နေလဲ သိပြီးကြပြီလား သီချင်းချစ်သူတို့ရေ။ နိုင်ငံတကာသီချင်းတွေကို အရူးအမူးနားထောင်ကြတဲ့ သီချင်းချစ်သူတွေအတွက် Billborad မှာ ဘယ်သီချင်းတွေက နံပါတ်တစ်နေရာယူထားလည်း၊ ဘယ်သီချင်းတွေကတော့ ပေါက်နေလည်း စောင့်ကြည့်ရတာ တကယ့်ကိုရင်ခုန်စရာပါပဲ။

သူငယ်ချင်းတွေ ဘော်ဘော်တွေကြားမှာ၊ “နင်ဒီသီချင်းသိပြီးပြီလား၊ ဟိုသီချင်းသိပြီးပြီလား၊ စသည်ဖြင့် မေးလာတဲ့အခါ မသိဘူးမဖြစ်ရလေအောင်လက်ရှိမှာအရမ်းကို ဟော့နေတဲ့ BillBoard Top 10 သီချင်းကောင်းများကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) 7 Rings – Arriana Grande

Source: youtube.com

နံပါတ်တစ်နေရာမှာ နေရာယူထားတဲ့ သီချင်းကောင်းလေးကတော့ Arriana Grandeရဲ့ 7 Rings လို့ အမည်ရတဲ့ သီချင်းလေးပါ။ ဒီသီချင်းလေးကတော့ ပြီးခဲ့တဲ့ January ၁၈ရက်နေ့ ထွက်ရှိခဲ့တာဖြစ်ပြီး Trap Popနဲ့ R&B သီချင်းပုံစံလေးဖြစ်ပါတယ်။

(၂) Without Me – Halsey

Source: genius

နံပါတ်နှစ်နေရာမှာ ရပ်တည်နေတဲ့ သီချင်းလေးကတော့ Halseyရဲ့ Without Me လို့ အမည်ရတဲ့သီချင်းလေးပါ။ Without Me သီချင်းလေးကတော့ Pop ၊ R&B အမျိုးအစားလေးဖြစ်ပြီး အောက်တိုဘာ(၄)ရက်နေ့ ၂၀၁၈ မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

(၃) Sunflower – Post Malone, Swae Lee (Spider-Man: Into the Spider-Verse)

Source: youtube

နံပါတ်သုံးနေရာမှာတော့ အသံအားကောင်းကောင်းနဲ့ အခုနောက်ပိုင်းလူငယ်တွေကြားမှာ တော်တော်လေးရေပန်းစားလာတဲ့ Post Malone ရဲ့ Sunflowerလို့ အမည်ရတဲ့သီချင်းလေးဖြစ်ပါတယ်။ Post Maloneရဲ့ ပုံစံအတိုင်း Pop သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး ၂၀၁၈ အောက်တိုဘာ ၁၈ ရက်မှာထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

(၄) Wow – Post Malone

Source: Reddit

နံပါတ်လေးနေရာမှာ ရပ်တည်နေတဲ့ သီချင်းလေးကလည်း Post Malone ရဲ့ Wow လို့အမည်ရတဲ့သီချင်းလေးပါ။ ဒီသီချင်းလေးကတော့ ၂၀၁၈ ဒီဇင်ဘာ ၂၄ရက်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဟစ်ဟော့အမျိုးအစားသီချင်းလေးဖြစ်ပါတယ်။ လူငယ်တွေကြားမှာတော့ အခုချိန်ထိဟော့ဖြစ်နေဆဲပါ။

(၅) Please Me – Cardi B & Bruno Mars

Source: YouTube.com

နံပါတ်ငါးနေရာမှာတော့ ပရိသတ်အချစ်တော်တေးသံရှင် Bruno Mars နဲ့ အမိုက်စား Rapသီချင်းတွေကို သီဆိုလေ့ရှိတဲ့ အမေရိကန် Rapper အဆိုတော် Cardi B တို့ တွဲဖက်သီဆိုထားတဲ့ Please Me သီချင်းလေးဖြစ်ပါတယ်။ ဒီသီချင်းကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေနားထောင်ခဲ့ဖူးတဲ့ ပုံစံတွေနဲ့မတူအောင် ဖန်တီးသီဆိုထားတာတွေ့ရပါတယ်။

(၆) Happier – Marshmello & Bastille

Source: Genius.1

နံပါတ်ခြောက်နေရာမှာတော့ ကမ္ဘာကျော် DJ Artist တစ်ဦးဖြစ်တဲ့ Marshmello ရဲ့ သီချင်းလေးဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့၂၀၁၈ သြဂုတ်လ(၁၇)ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား တော်တော်လေးပေါက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

(၇) Shallow – Lady Gaga & Bradley Cooper

Source: myxer.fm

နံပါတ်ခုနှစ်နေရာမှာတော့ ကမ္ဘာကျော်အဆိုတော် Lady Gaga & Bradley Cooper တိုရဲ့ Shallow လို့ အမည်ရတဲ့ သီချင်လေးဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ ထူးထူးခြားခြား Lady Gaga ကိုယ်တိုင် သီချင်းဝင်ရေးခဲ့တာဖြစ်ပြီး စက်တင်ဘာ၂၀၁၈ က ထွက်ရှိခဲ့တာပါ။

(၈) Sucker – Jonas Brothers

Source: businessinsider.sg

နံပါတ်ရှစ်နေရာမှာတော့ Jonas Brothers ရဲ့ Sucker ဆိုတဲ့သီချင်းလေးက နေရာယူထားပါတယ်။ ဒီသီချင်းလေးကတော့ မတ်လ(၁)ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး မြူမြူးကြွကြွနဲ့ တကယ်ကိုနားထောင်လို့ကောင်းတဲ့ သီချင်းလေးပါ။

(၉) Middle Child – J. Cole

Source: Study Breaks Magazine

Hip Hop သီချင်းတွေ ကြိုက်နှစ်တဲ့ပရိသတ်တွေအတွက် J. Cole ရဲ့ Middle Child လို့ အမည်ရတဲ့ သီချင်းလေးက နံပါတ်ကိုးနေရာမှာ နေရာယူထားပါတယ်။ ဒီသီချင်းလေးကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ(၁၉)ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး Hip Hop ကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ တကယ်ကိုနားထောင်သင့်တဲ့ သီချင်းတစ်ပုဒ်ပါ။

(၁၀) Going Bad – Meek Mill Featuring Drake

Source: highsnobiety

နောက်ဆုံးနံပါတ်တစ်ဆယ်နေရာမှာတော့ Meek Mill ရဲ့ Going Bad လို့ အမည်ရတဲ့ သီချင်းလေးဖြစ်ပါတယ်။ ဒီသီချင်းလေးမှာ Featuring အနေနဲ့ Drake ၀င်ဆိုပေးထားတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၂) ရက်နေ့က ထွက်ရှိထားတာပဲဖြစ်ပါတယ်။