ပညာရေးဟာ အောင်မြင်မှုအတွက် အဓိကသော့ချက်တစ်ခု အဖြစ် ကျွန်တော်တို့ ယုံကြည်ထားကြပါတယ်။ ပညာတတ်ခြင်းဟာ ချမ်းသာမှုဆီသွားတဲ့ ပထမဆုံးခြေလှမ်းတစ်လှမ်းလို့တောင် လက်ခံထားကြတာပါ။ အခုပြောမယ့် ဘီလျံနာတွေကတော့ တချို့ဆို အထက်တန်းကျောင်းတောင် မပြီးဘဲနဲ့ ထိပ်ထိပ်ကြဲ သူဌေးကြီးတွေ ဖြစ်ခဲ့တာပါ။

(၁) ရစ်ချတ်ဘရန်ဆန်

Richard Branson

Photo: Bright Side
ဒေါ်လာ ၅ ဘီလျံကျော် ချမ်းသာတဲ့ သူဌေးကြီး ရစ်ချတ်ဘရန်ဆန်ရဲ့ ရင်းနှီးမြှပ်နှံမှုနည်းနာတွေကို ထိပ်တန်းတက္ကသိုလ်တွေမှာ ဘာသာရပ်တစ်ခုလိုကို သင်နေကြပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ အထက်တန်းကျောင်းတောင် ပြီးအောင် မတက်ခဲ့ဘဲ အသက် ၁၆ နှစ်မှာ ကျောင်းထွက်ခဲ့ရသူ ဖြစ်ပါတယ်။

(၂) အင်္ဂဗာ ကမ်ပရတ်

Ingvar Kamprad

Photo: Bright Side

Dyslexia ဆိုတဲ့ စာသင်ဖို့ ခက်ခဲတဲ့ပြဿနာကြောင့် အထက်တန်းကျောင်းနဲ့ စခန်းရပ်သွားတဲ့ ကမ်ပရတ်ဟာ အသက် ၁၇ နှစ်မှာ အခု IKEA လို့ ဖြစ်လာမယ့် အဆင်သင့် တပ်ဆင်နိုင်မယ့် မီးဖိုချောင်သုံး ပရိဘောဂတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ အထက်တန်းကျောင်းပဲ ရောက်ခဲ့ပေမယ့် သူဟာ ဒေါ်လာ ၃.၄ ဘီလျံချမ်းသာတဲ့ သူကြွယ်ကြီး ဖြစ်လာခဲ့ပါတယ်။

(၃) ဟင်နရီဖို့ဒ်

Henry Ford

Photo: Bright Side

အခုခေတ် အတိုင်းအတာနဲ့ဆို ဟင်နရီဖို့ဒ်ဟာ ဒေါ်လာ ၁၈၈ ဘီလျံအထိ ချမ်းသာခဲ့တဲ့ ကမ္ဘာကျော် သူဌေးကြီး ဖြစ်ခဲ့ပါတယ်။ ဘာသာရေးကျောင်းမှာ တက်ရတာ မပျော်ပိုက်ဘဲ စက်ယန္တရားတွေပေါ် စိတ်အားထက်သန်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်မှာ အိမ်က ထွက်ပြေးပြီး ဒက်ထရွိုက်ကို လက်ထောက်မက္ကင်းနစ်တစ်ယောက်အဖြစ် ဘဝစခဲ့ပါတယ်။ ကမ္ဘာကျော် ဖို့ဒ်ကားကုမ္ပဏီဆိုတာ သူထောင်ခဲ့တာပါပဲ။

(၄) လီကာရှင်း

Li Ka-shing

Photo: Bright Side

ကမ္ဘာ့အချမ်းသာဆုံး တန်းဝင်သူဌေးကြီး လီကာရှင်းဆို အသက် ၁၂ နှစ်နဲ့ ကျောင်းထွက်ပြီး ပလတ်စတစ် ပန်းတွေ ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ခဲ့ရသူ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်မှာ Cheung Kong ဆိုတဲ့ ကုမ္ပဏီကို ထောင်ပြီး ကုန်သွယ်ရေးအပြင် အိမ်ခြံမြေ ၊ ဟိုတယ် ၊ အိုင်တီနဲ့ တခြားလုပ်ငန်းပေါင်းစုံ လုပ်ပြီး ကြီးပွားလာခဲ့ပါတယ်။ သူ့ပိုင်ဆိုင်မှုက ဒေါ်လာ ၂၉.၆ ဘီလျံအထိ ရှိပါတယ်။

(၅) အာမန်စီယို အော်တီဂါ

Amancio Ortega

Photo: Bright Side

နာမည်ကြီး ဖက်ရှင် Brand ဖြစ်တဲ့ Zara ဖန်တီးသူနဲ့ ပိုင်ရှင် အာမန်စီယို အော်တီဂါဟာ အသက် ၁၃ နှစ်မှာ ကျောင်းထွက်ပြီး အဝတ်အစားဆိုင်မှာ ပစ္စည်းပို့တဲ့ အလုပ်သမားအလုပ် လုပ်ခဲ့ရပါတယ်။ အော်တီဂါဟာ ၁၉၇၅ မှာ ကိုယ်ပိုင်စတိုးဆိုင်လေး စဖွင့်ပါတယ်။ အခုဆို Zara ကို ပိုင်တဲ့ Inditex Group ဟာ တစ်ကမ္ဘာလုံးမှာ ဖြန့်ကြက်နိုင်ခဲ့ပြီ ဖြစ်သလို သူလည်း ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ အကြိမ်ကြိမ် ပါခဲ့ပါတယ်။ သူ့ပိုင်ဆိုင်မှုက ဒေါ်လာ ၈၃.၄ ဘီလျံ ဖြစ်ပါတယ်။