အတ္ထုပ္ပတ္တိဆိုတာ တော်ရုံလူအကြောင်းရေးတဲ့စာမျိုး မဟုတ်ပါဘူး။ သူများနဲ့မတူတဲ့ ဘဝနောက်ခံတွေ ၊ အတွေ့အကြုံနဲ့ အောင်မြင်မှုတွေ/ကျရှုံးမှုတွေနဲ့ ခမ်းနားခဲ့သူတွေအကြောင်းပဲ ရေးထားတာပါ။ အဲ့ဒီလို လူတွေအကြောင်း ဖတ်ရတာ သင့်စိတ်ကို အကြီးအကျယ် လှုပ်ရှားစေမှာ အမှန်ပါပဲ။ အကြောင်းက တကယ်ဖြစ်ခဲ့တဲ့အရာတွေနဲ့ တကယ်ရှိခဲ့တဲ့ လူတစ်‌ယောက်ရဲ့ ဇာတ်လမ်းဖြစ်လို့ပါ။ ဒီတစ်ခေါက်မှာ အိမ်မှာနေရင်း သိပ်ပျင်းလာပြီဆိုရင် အင်တာနက်ခေါက်ပြီး လိုက်ဖတ်ကြည့်သင့်တဲ့ စိတ်ဝင်စားစရာ အမျိုးသား ၅ ဦးတို့ရဲ့ အတ္ထုပ္ပတ္တိတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

(၁) Nikcola Tesla

Nikcola Tesla

Photo: historyofyesterday

အလွန်တရာ ဉာဏ်ရည်ထက်မြက်ခဲ့တဲ့ လျှပ်စစ်ပညာရှင်နဲ့ သိပ္ပံပညာရှင် နီကိုလာတက်စလာကို AC လို့ ခေါ်တဲ့ ဒီနေ့အိမ်သုံးဓါတ်အားပေးစနစ်ကို တီထွင်ခဲ့သူအဖြစ် လူသိများပါတယ်။ မိုးကြိုးမုန်တိုင်းတိုက်ခတ်နေချိန်မှာ မွေးလာတာကို လူသိနည်းပါတယ်။ လျှပ်စစ်လောကမှာ သူရှေ့ဆောင်ခဲ့တဲ့ အလွန်တရာထူးဆန်းတဲ့ နည်းပညာသစ်တွေ ၊ ကြိုးမဲ့ဆက်သွယ်ရေး ၊ ကြိမ်နှုန်းမြင့် ဓါတ်အားပေးစနစ် ၊ ရှေ့ဦးနည်းပညာသစ်တွေအကြောင်း တအံ့တဩဖတ်ရပါလိမ့်မယ်။ အခုခေတ်မှာ ခေတ်စားနေတဲ့ စမတ်ဖုန်းနဲ့ ကြိုးမဲ့ဆက်သွယ်ရေး / အားသွင်းမှုစတာတွေကို နှစ် ၁၂၀ ကတည်းက ကြံဆတီထွင်ခဲ့သူအကြောင်းကို သူ့အတ္ထုပ္ပတ္တိမှာ တွေ့ရမှာပါ။

(၂) Rasputin

Rasputin

Photo: historyofyesterday

တစ်ခေတ်တစ်ခါက ဇာဘုရင်မိသားစုပေါ် စေတလုံးသဖွယ် ဩဇာကြီးခဲ့သူ ၊ မှော်အစွမ်းရှိသူအဖြစ် ယုံစားခံရတဲ့ မင်းဆရာတစ်ပါးအကြောင်းကလည်း သင့်ရဲ့ စိတ်ဝင်စားမှုနယ်ကို ထိုးဖောက်နိုင်မှာ အမှန်ပါပဲ။ လယ်သမားသားတစ်ယောက်ကနေ ဘုရားတစ်ဆူသဖွယ် သူ့လိင်အင်္ဂါကို ပြင်သစ်အမျိုးကောင်းသမီး လေဒီကြီးတွေ ကိုးကွယ်တဲ့အထိ ဘုန်းမီးနေလတောက်ပခဲ့သူအကြောင်း သိစရာတွေအများကြီးပါပဲ။

(၃) Che Guevara

Che Guevara

Photo: RTE

သမိုင်းမှာ လူတွေနဲ့ အရင်းနှီးဆုံးတော်လှန်ရေးသမားတစ်ယောက်ရဲ့ မျက်နှာကို ပြပါဆိုရင် ချီလို အတိုကောက်ခေါ်ကြတဲ့ ချီဂွေဗားရားကို အရင်ပြောကြမယ်ထင်ပါတယ်။ သင့်ဦးလေးတွေကနေ သင့်တူတွေအထိ ဝတ်ခဲ့တဲ့ တီရှပ်တွေမှာ စစ်ဦးထုပ် ဘယ်ရီကပ်ဆောင်းထားတဲ့ ချီရဲ့ပုံကို မြင်ဖူးကြမှာပါ။ ရက်ဘီ နဲ့ စစ်တုရင်ကစားနည်းတွေ ဝါသနာကြီးတဲ့ အရေပြားအထူးကုဆရာဝန်လေးတစ်ယောက်ဟာ ဘယ်လိုလုပ် ကမ္ဘာကို ပြောင်းလဲနိုင်တဲ့ ပြောက်ကျားခေါင်းဆောင်ဖြစ်သွားပါလိမ့်ဆိုတာ သူ့အတ္ထုပ္ပတ္တိထဲမှာ ဖတ်ရပါလိမ့်မယ်။

(၄) Genghis Khan

Genghis Khan

Photo: historyofyesterday

လူတစ်ယောက်ဟာ သူ့သမိုင်းကို ဘယ်လောက်ကြီးမားအောင် ပုံဖော်နိုင်သလဲဆိုတာကို ဟိုးမွန်ဂိုလီးယား မြက်ခင်းပြင်နဲ့ တောင်ကုန်းတွေအကြားကနေ အင်ပါယာရှင်တစ်ဦးက သက်သေပြခဲ့ပါပြီ။ သူ့လက်ထက်မှာ လူသန်း ၄၀ ခန့် (မြန်မာနိုင်ငံ လူဦးရေရဲ့ ၅ ပုံ ၄ ပုံလောက်) သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သမိုင်းမှာ အကြီးကျယ်ဆုံး အာဏာရှင် အင်ပါယာချဲ့ထွင်သူ ပစိဖိတ်သမုဒ္ဓရာကနေ ဥရောပအရှေ့ခြမ်းအထိ မြင်းစီးပြီး စစ်တိုက်ခဲ့တဲ့သူအကြောင်း ၊ မောင်းမတော် ထောင်နဲ့ချီ ရှိခဲ့သူ ၊ အာရှတလွှားအမျိုးသားတွေရဲ့ ၈% သူ့သွေးကနေ စီးဆင်းတယ်လို့တောင် ဆိုစမှတ်ရှိတဲ့သူ။ ဒီလိုလူတစ်ယောက်အကြောင်း ဖတ်ရတာ ကိုယ်တိုင်စစ်တိုက်နေရသလို ခံစားရမှာပါ။

(၅) Hugh Heffner

hugh-hefner

Photo; The Independent

ပုရိသတွေအသည်းစွဲ PlayBoy မဂ္ဂဇင်းကို ထောင်ခဲ့တဲ့ဘဲကြီး။ ဗိုင်ယာဂရာ သုံးလွန်းလို့ နားကန်းသွားတယ်ဆိုတဲ့လူ။ အမျိုးသမီး ၁၀၀၀ ကျော်နဲ့ အိပ်စက်ခဲ့ပြီး အသက် ၉၁ နှစ်အထိ နေသွားတဲ့လူ။ ဒါမျိုးက ယောင်္ကျားတစ်သန်းမှာ တစ်ယောက် မတွေ့ကြုံဖူးတဲ့ ဘဝအတွေ့အကြုံတွေမလား။ ဟုချ်ဟက်ဖ်နာကတော့ ဒီလိုမျိုး လူပါဆိုတာကို သူ့အတ္ထုပ္ပတ္တိမှာ ဖတ်ရမှာပါ။

Featured Image Source : Papess.com