လူတိုင်းမှာ အနည်းဆုံးဂျင်းဘောင်းဘီတစ်ထည်တော့ ရှိကြပါလိမ့်မယ်။ ဂျင်းဘောင်းဘီကိုမှ အပြာရောင်ဂျင်းဘောင်းဘီကို အများဆုံးပိုင်ဆိုင်ထားကြပါတယ်။ သင့်အနေနဲ့ အပြာရောင်ဂျင်းတွေ ဝတ်ရတာ ငြီးတွေ့လာပြီဆိုရင်တော့ အနက်ရောင်ဂျင်းဘောင်းဘီလေးကို ရွေးချယ်နိုင်ပါတယ်။

အနက်ရောင်ဂျင်းဘောင်းဘီကိုမှ ဖက်ရှင်ကျကျဝတ်ဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်ရန်ရှောင်ရန်အချို့ကို သိထားဖို့လိုအပ်ပါလိမ့်မယ်။

Formal မကျ Casual မကျ ဖက်ရှင်မျိုး ဖန်တီးချင်တဲ့အခါ

black denim outfit for men

အနက်ရောင်ဂျင်းဘောင်းဘီကို အညိုရောင်ရှူးဖိနပ်၊ မီးခိုးရောင်တီရှပ်တို့ကို ရွေးချယ်ဝတ်ဆင်ပါ။ ကုတ်အင်္ကျီကိုတော့ ဖိနပ်အရောင်နဲ့ အနည်းငယ်ဆင်တူတဲ့ ကုတ်အညိုရောင်လေးကို တွဲဖက်ဝတ်ဆင်လိုက်ပါ။ သတိထားရမယ့်အချက်ကတော့ တီရှပ်ဝတ်တဲ့အခါ လည်ပင်းပေါက်အဝိုင်းတီရှပ်မျိုး ရွေးချယ်ရမှာဖြစ်ပါတယ်။

ရုံးတက်ရုံးဆင်းဖက်ရှင်လေးဆိုရင်တော့ ဒီလိုဝတ်ပါ

black denim outfit for men

ဂျင်းဘောင်းဘီအနက်ရောင်ကို အနက်ရောင်ရှူးဖိနပ်၊ ရှပ်အင်္ကျီလက်ရှည် (သို့) ဆွယ်တာလက်ရှည်ဖြင့် တွဲဖက်ဝတ်ဆင်လိုက်ပါ။

ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုးကို ဖန်တီးချင်တဲ့အခါ

black denim outfit for men

သင့်အနေနဲ့ သူငယ်ချင်းတွေနဲ့ ချိန်းထားရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ကောင်မလေးနဲ့ ဒိတ်လုပ်ရင်ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ဖက်ရှင်မျိုး ရွေးချယ်လိုက်ပါ။ ဂျင်းအနက်ကို တီရှပ်အဖြူ၊ အညိုနဲ့ အဖြူစပ် သားရေ Sneakers ဖိနပ်နဲ့ဆိုရင် ပြီးပြည့်စုံသွားပါပြီ။ ကျောပိုးအိတ်အညိုနဲ့ ဂျက်ကတ်တို့ကိုတော့ ထည့်လည်းရသလို မထည့်လည်းရပါတယ်။

ဟူဒီနဲ့ စတိုင်လ်ကျလိုက်ပါ

black denim outfit for men

အနက်ရောင်ဂျင်းနဲ့ အဖြူရောင်တီရှပ်ကိုမှ အဖြူရောင် ဖိနပ်၊ ဂျင်းဟူဒီတို့နဲ့ တွဲဝတ်လိုက်တဲ့အခါ ပိုမိုလူငယ်ဆန်သွားပြီး ကြည့်ကောင်းသွားမှာအမှန်ပါပဲ။ ဂျင်းဟူဒီအစား အားကစားဟူဒီတို့ကိုလည်း ပြောင်းလဲဝတ်ဆင်နိုင်ပါသေးတယ်။

အနက်ရောင်ဖက်ရှင်နဲ့ ညှို့ငင်အား ပြင်းချင်တယ်ဆိုရင်တော့

black denim outfit for men

ဂျင်းအနက်ကို သားရေဂျက်ကတ်အနက်ဖြင့် တွဲဖက်ဝတ်ဆင်ပါ။ တီရှပ်ကိုလည်း အရောင်မှိုင်းမှိုင်းဘက်သွားတဲ့ အရောင်တွေကို ရွေးချယ်သင့်ပါတယ်။ ဖိနပ်ကိုတော့ အသားအရောင် Suede ဖိနပ်မျိုး ရွေးချယ်ဝတ်ဆင်လိုက်ပါ။

ဒီဖက်ရှင်စတိုင်လ် (၅) မျိုးကတော့ သင်သည် အနက်ရောင်ဂျင်းဘောင်းဘီဝတ်ဆင်တဲ့အခါမှာ သင့်ကို ပိုမိုဆွဲဆောင်မှုတိုးအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Trunkclub.com

Featured Image Source: Trunkclub.com