Black Russian ကတော့ ကော်ဖီ ရနံ့သင်းသင်းလေးနဲ့ စူးရှချိုပြင်း ဗော့ဒ်ကာ ကော့လ်တေး တစ်မျိုး ဖြစ်ပါတယ်။ Black Russian ကော့လ်တေးက ညနေခင်းအချိန်တွေ ၊ Dinner စားပြီးချိန်တွေမှာ သောက်ဖို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်ဝန်းကျင်တွေကနေ ဒီနေ့အထိ လူကြိုက်များနေတဲ့ ဂန္ထဝင်ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

Black Russian ကော့လ်တေးက ကော့လ်တေးချစ်သူတွေကြားမှာ ရေပန်းစားတဲ့ ခရင်မ်အပြည့်နဲ့ White Russian ကော့လ်တေးရဲ့ မူရင်းဖြစ်ပါတယ်။ Black Russian ကော့လ်တေးတစ်ခွက် ဖျော်စပ်ဖို့ ဗော့ဒ်ကာ နဲ့ Kahlua စတဲ့ ပါဝင်ပစ္စည်း၂ မျိုးသာ လိုအပ်ပါတယ်။ စူးရှရှ ချိုမြမြအရသာ Black Russian ကော့လ်တေးတစ်ခွက် ကိုယ်တိုင်အိမ်မှာ လွယ်လွယ်ကူကူ ဖျော်စပ်နိုင်ဖို့ ဖျော်စပ်နည်းအဆင့်ဆင့်ကို ပြောပြပေးချင်ပါတယ်။

Photo : A Couple Cooks

အရင်ဆုံး နှစ်သက်ရာ ဖန်ခွက်တစ်လုံးထဲမှာ ဗော့ဒ်ကာ ၂ အောင်စ ၊ Kahlua ၁ အောင်စနဲ့ ရေခဲအနည်းငယ် ထည့်ပြီး အေးခဲလာတဲ့အထိ မွှေပေးပါ။ ပြီးရင် ဖျော်ရည်ကို ရေခဲအတုံးကြီး တစ်တုံးထည့်ထားတဲ့ Lowball ဖန်ခွက်ထဲကို ပြောင်းထည့်ပြီး ချယ်ရီသီးနဲ့ အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ ကော်ဖီရနံ့ ခပ်သင်းသင်းမွှေးတဲ့ စူးရှချိုပြင်း Black Russian ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Wine Enthusiast Magazine