များသောအားဖြင့် White Sneakers တွေကို နွေရာသီအပြင်လျှောက်လည်ချိန်မှာ ပေါ့ပေါ့ပါးပါး ဖြစ်အောင် Chino Pants နဲ့ ရာသီခါမှီ ဝတ်လေ့ရှိကြသလိုပါပဲ။ Black Sneaker တွေကိုလည်း အခုလို မိုးရာသီနဲ့ အေးမြတဲ့‌ဆောင်းကာလတွေမှာ Black Jeans ဒါမှမဟုတ် Chinos တွေနဲ့ တွဲဝတ်လေ့ရှိပါတယ်။ Black Sneaker တွေက တကယ်တမ်းမှာ ပိုလို့တောင် အားသာတဲ့အချက်တွေ ရှိတယ်လို့ ပြောနိုင်ပါတယ်။

Black Sneaker တွေဟာ Streetwear ကနေ ပိုပြီး Formal ကျတဲ့ နေရာမျိုးတွေမှာပါ စီးနိုင်တဲ့ ဖိနပ်မျိုးတွေ ဖြစ်ပါတယ်။ Casual ဖက်ရှင်ကြိုက်တဲ့သူဆိုရင် Black Sneaker ကို Tees ၊ Jeans နဲ့ ဘောင်းဘီတို Shorts တွေလို Casual Gear တွေ နဲ့ တွဲဖက်ပြီး ဝတ်ဆင်နိုင်ပါတယ်။ ဒါကို အရင်ကတော့ Skate Style လို့ ခေါ်ကြပါတယ်။ Casual Black Sneaker ကို ပိုပြီး စမတ်ကျအောင် ဝတ်လို့လည်း ရပါတယ်။

man wearing black sneaker

Photo: Dmarge

Casual ကနေ Smart-Casual ဖက်ရှင် ပိုဆန်ဆန် ဝတ်ချင်ရင်တော့ Leather Black Sneaker မျိုး ရွေးချယ်ဖို့ လိုပါတယ်။ တွဲဝတ်ရမယ့် အဝတ်အစားတွေက ဘောင်းဘီရှည် Trousersဖြစ်ဖြစ် Chinos Pants ဒါမှမဟုတ် ကိုယ်နဲ့ Fitted ဖြစ်တဲ့ ဘောင်းဘီတို Shorts တွေ ဖြစ်ပါတယ်။ တကယ်တော့ Black Sneaker တွေမှာ Gym ရုံမှာ အားကစားလုပ်ရင်လည်း အထာကျကျ စီးလို့ကောင်းတဲ့ Sneakerထဲမှာ ပါပါတယ်။

Black Sneaker နဲ့ ပတ်သက်လို့ အမျိုးသားတွေ အဓိက အမေးများတဲ့ မေးခွန်းနှစ်ခု ရှိပါတယ်။ တစ်ခုက Black Sneaker ကို ဘာနဲ့ တွဲဝတ်နိုင်သလဲ ဆိုတဲ့ မေးခွန်းနဲ့ နောက်တစ်ခုက ဘယ်လို ခြေအိတ်မျိုးနဲ့ ဝတ်နိုင်သလဲ ဆိုတာပါပဲ။ အပေါ်မှာ ဘယ်လိုနေရာတွေမှာ ဝတ်နိုင်သလဲဆိုတာကို ပြောခဲ့ပြီ ဖြစ်လို့ ဘာနဲ့ တွဲဝတ်နိုင်သလဲဆိုတာကို အရင် အကြံပေးချင်ပါတယ်။

All-Black Men Sneaker

Photo: Sneaker Freaker

Black Sneaker တွေက Dark Coloring ဖြစ်လို့ တခြား Sneaker ကာလာတွေထက် ပိုပြီး နေရာမရွေး ဝတ်နိုင်တယ် ၊ ပိုပြီး စီးစရာလမ်း များပါတယ်။ Jeans ဆိုရင်လည်း ဘယ်လို ကာလာနဲ့မဆို တွဲဝတ်နိုင်ပါတယ်။ မိုးပြာဖျော့ပဲ ဖြစ်ဖြစ် ၊ အနက်ပဲ ဖြစ်ဖြစ် ၊ သံလွင်စိမ်းရင့်ပဲ ဖြစ်ဖြစ် Black Sneaker တွေက ကိစ္စမရှိပါဘူး။ Formal နည်းနည်း ပိုဆန်အောင် စီးတာမျိုး သဘောကျရင်လည်း ဖြ်စပါတယ်။ သပ်ရပ်ပြီး အရည်အသွေးကောင်းတဲ့ Black Sneaker ကို ချည်ဘောင်းဘီရှည် ၊ ရှပ်အင်္ကျီ နဲ့ Blazer ကုတ်အပါးတစ်ထည် ဝတ်ရုံပါပဲ။

နောက်မေးခွန်းတစ်ခု ဖြစ်တဲ့ ဘယ်လိုခြေအိတ်နဲ့ Black Sneaker မျိုး တွဲဝတ်ရမလဲဆိုတာကတော့ ရှင်းပါတယ်။ တစ်ရောင်တည်း Single-Colourဖြစ်တဲ့ ခြေအိတ်မျိုးတွေ ၊ အရောင့်ရင့်ရင့် ခြေအိတ်တွေနဲ့ Black Sneaker က လိုက်ဖက်ပါတယ်။ လိမ္မော်ရောင် ၊ အပြာရောင်တွေက အဆင်ပြေသလို ဝတ်ချင်ရင် All-Black ဖြစ်ဖို့ အနက်ရောင် ဗြောင် Socks တွေလည်း ဝတ်ဆင်နိုင်တာပါပဲ။

Featured Photo: thetrendspotter