အမျိုးသားတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ ဖက်ရှင်အတွဲအစပ်ကို ပြောပါဆိုရင် Blazer ကုတ်နဲ့ Jeans ဘောင်းဘီတွေက အကောင်းဆုံးပါပဲ။ ရိုးရှင်ပေမယ့်လည်း အလွန်ဆွဲဆောင်မှုရှိပြီး ဘယ်နေရာမဆို ပေါ့ပေါ့ပါးပါး ဝတ်သွားလို့ရပါတယ်။ ရုံးတက်ဖက်ရှင်အနေနဲ့ ဝတ်မလား ၊ ညနေခင်း ဘော်ဒါတွေနဲ့ ဘားထိုင်မလား Blazer ကုတ် ကို Jeans ဘောင်းဘီတစ်ထည်နဲ့သာ တွဲဝတ်သွားလိုက်ပါ။ ပြီးပြည့်စုံတဲ့ ဖက်ရှင်အသွင်အပြင်ကို သေချာပေါက် ပေးစွမ်းပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် Blazer ကုတ် တွေကို Jeans နဲ့ လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) မီးခိုးရောင် Blazer ကုတ်

Photo : The Trend Spotter

တည်တည်ငြိမ်ငြိမ်နဲ့ စမတ်ကျတဲ့ ဖက်ရှင်အသွင်အပြင်အတွက် မီးခိုးရောင်Blazer ကုတ် တွေက အသင့်တော်ဆုံးပါပဲ။ အောက်ခံကို အဖြူရောင် Shirt အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ပါ။ Jeans ဘောင်းဘီကိုတော့ အပြာရင့်ရောင်နဲ့ အနက်ရောင်တွေ ရွေးချယ်နိုင်ပါတယ်။ အရောင်ဖျော့တဲ့ မီးခိုးရောင် Blazer ကုတ်တွေက နေ့လည်ခင်း ဝတ်လို့အဆင်ပြေပြီး ၊ ညဘက် ပါတီတက်တာ / ဘားထိုင်တာအတွက်ဆိုရင်တော့ အရောင်ရင့်တဲ့ မီးခိုးရောင် Blazer ကုတ်တွေကို ရွေးချယ်သင့်ပါတယ်။

(၂) Navy Blazer ကုတ်

Photo : The Trend Spotter

Navy ရောင် Blazer ကုတ်တွေကတော့ အမျိုးသားတိုင်းလိုလိုနဲ့ လိုက်ဖက်မှုရှိပါတယ်။ အဖြူရောင် သို့မဟုတ် အပြာနုရောင် အောက်ခံ Shirt အင်္ကျီတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံး ဖြစ်ပါတယ်။ Navy Blazer ကုတ်တွေနဲ့ Denim Jeans ဘောင်းဘီကတော့ တကယ်ကို အတွဲအစပ်မိတဲ့ ဖက်ရှင်ပေါင်းစပ်မှုတစ်ခုပါပဲ။ ရုံးတက် ၊ ပွဲတက် နှစ်သက်ရာဝတ်ဆင်နိုင်တဲ့ စတိုင်မိတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။

(၃) အနက်ရောင် Blazer ကုတ်

Photo : The Trend Spotter

လူငယ်ဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ စတိုင်ကျကျ ဖက်ရှင်အတွက် အနက်ရောင် Blazer ကုတ်နဲ့ အနက်ရောင် Jeans ဘောင်းဘီတစ်ထည်ပဲ လိုပါတယ်။ ပေါ့ပေါးလွတ်လပ်ပြီး လူငယ်ဆန်တဲ့ ဖက်ရှင်အသွင်အပြင်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ အနက်ရောင် Shoes တစ်ရံနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင် တကယ့်ကို ပြည့်စုံသွားပါပြီ။ All Black ဖက်ရှင်တွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ ဖက်ရှင်စတိုင်တစ်ခု ဖြစ်ပါတယ်။

(၄) Blazer ကုတ်တွေကို ပေါ့ပါးလွတ်လပ်တဲ့ စတိုင်ဝတ်ဆင်နည်း

Photo : The Trend Spotter

Blazer ပဲ ဝတ်ဝတ် ၊ ဘာပဲဝတ်ဝတ် အဓိက သက်တောင့်သက်သာရှိပြီး ပေါ့ပါးလွတ်လပ်မှု ရှိရှိနဲ့ ဖက်ရှင်ကျဖို့က အရေးကြီးဆုံးပါပဲ။ Blazer ကုတ်တွေကို Casual စတိုင်ဝတ်တဲ့အခါ လူငယ်ဆန်တဲ့ ဒီဇိုင်း/အစင်တွေကို ဦးစားပေး ရွေးချယ်ဝတ်သင့်ပါတယ်။ Casual Style အတွက် Button-Down Shirt ဒါမှမဟုတ် T-shirt တစ်ထည်နဲ့ တွဲဝတ်နိုင်ပါတယ်။ ပြီးပြည့်စုံပြီး သက်တောင့်သက်သာရှိစေဖို့ Sneakers တစ်ရံကလည်း မပါမဖြစ်ပါပဲ။ Jeans ဘောင်းဘီကိုတော့ Skinny Jeans ဒါမှမဟုတ် Denim Jeans ဘောင်းဘီတွေနဲ့ နှစ်သက်သလို ဝတ်ဆင်လို့ ရပါတယ်။

Featured Photo : DMARGE