ကားချစ်သူ ကွီးတို့ရေ မင်္ဂလာပါ။ ဇိမ်ခံကားများအနက်မှ ၂၀၂၂ ခုနှစ်အတွင်း အလျင်မြန်ဆုံးဖြစ်တဲ့ ဇိမ်ခံကားများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇိမ်ခံကားများသည် ဘယ်လောက်ထိတောင် မြန်ဆန်လဲဆိုရင် မျက်တောင်ခတ်လိုက်တာနဲ့ မျက်စိရှေ့က ပျောက်ကွယ်သွားသည်အထိ မြန်ဆန်လွန်းလှပါတယ်။
Bugatti Veyron 16.4 Super Sport

သူ့ရဲ့အမြန်နှုန်းကတော့ ၄၃၁ kph မှာ ၂၆၇ mph ရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂.၄ မီလီယံ ကုန်ကျမှာဖြစ်ပါတယ်။
Hennessey Venom GT

ဒီကား တည်ဆောက်ဖို့အတွက် ကားအင်ဂျင်ပိုင်းနဲ့တင် ၂ နှစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။ သူ့ရဲ့ အမြန်နှုန်းကတော့ ၄၃၄ kph မှာ ၂၇၀ mph ရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁.၂ မီလီယံရှိပါတယ်။
Koenigsegg Agera RS

ဒီကားလေး ဝယ်မယ်ဆိုရင်တော့ ဒေါ်လာ ၂.၅ မီလီယံ ပေးဝယ်ရမှာဖြစ်ပါတယ်။ သူ့ရဲ့အမြန်နှုန်းကတော့ ၄၂၇.၂ kph မှာ ၂၇၇.၈ mph နှုန်းနဲ့ သွားပါတယ်။
C Zinger 21c

သူ့ရဲ့အမြန်နှုန်းကတော့ ၄၃၂ kph မှာ ၂၈၁ mph နှုန်းနဲ့ သွားပါတယ်။ ဈေးနငန်းကတော့ ၁.၇ မီလီယံ ပေးချေရမှာဖြစ်ပါတယ်။
Bugatti Chiron Super Sport 300+

သူ့တန်ဖိုးကတော့ ဒေါ်လာ ၃.၈၉ မီလီယံကုန်ကျမှာဖြစ်ပါတယ်။ အမြန်နှုန်းကတော့ ၂.၄ စက္ကန့်ကို ၆၀ mph ရှိပါတယ်။
Bugatti Bolide

ဒီကားလေးကတော့ ၂.၁၇ စက္ကန့်ကို ၆၀ mph ရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၄.၇ မီလီယံရှိပါတယ်။
Hennessey Venom F5

ကားအနက်ရောင်လေးကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီကားလေးက အမိုက်စားပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁.၆ မီလီယံရှိပါတယ်။ အမြန်နှုန်းကတော့ ၂ စက္ကန့်အောက်ကိုမှ ၆၀ mph ရှိပါတယ်။
Koenigsegg Jesko Absolut

အဖြူရောင် ဇိမ်ခံကားလေးကို နှစ်သက်တဲ့ ကွီးတို့အတွက်ပါ။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၃.၄ မီလီယံရှိပါတယ်။ အမြန်နှုန်းကတော့ ၂.၆ စက္ကန့်ကို ၆၀ မိုင်နှုန်းနဲ့ သွားနိုင်ပါတယ်။
SSC Tuatara

ကားရဲ့ဒီဇိုင်းကို ကြည့်လိုက်တာနဲ့ ကြွေချင်စရာပါပဲ။ သူ့ဈေးနှုန်းကတော့ ၁.၉ မီလီယံဒေါ်လာရှိပါတယ်။ အမြန်နှုန်းကတော့ ၂.၅ စက္ကန့်ကို မိုင်နှုန်း ၆၀ ဖြင့် သွားနိုင်ပါတယ်။
Devel Sixteen

ဒီဘရန်းကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ စတင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁.၆ မီလီယံဒေါ်လာရှိပြီး ၁.၈ စက္ကန့်ကို ၆၀ မိုင်နှုန်းဖြင့် သွားနိုင်ပါတယ်။
Source: Luxe.digital
Featured Image: Luxe.digital
