စကော့ချ်ဝီစကီနဲ့ ဖျော်စပ်တဲ့ ဂန္တဝင်ကော့လ်တေးတွေထဲမှာ ထူးထူးခြားခြားနဲ့ လူကြိုက်များတဲ့ ကော့လ်တေးတစ်မျိုးက Blood And Sand ကော့လ်တေး ဖြစ်ပါတယ်။ သူက ၁၉၂၀ နဲ့ ၁၉၃၀ ခုနှစ်တွေအတွင်းမှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ Manhattan နဲ့ Martinez တို့လို နာမည်ကြီး ကော့လ်တေးတွေနဲ့ အနည်းငယ်ဆင်တူပေမယ့် Blood And Sand ကော့လ်တေး ကတော့ Blood Orange Juice နဲ့ Cherry Liqueur တို့ပါဝင်ပါတယ်။

Photo : A Couple Cooks

Blood And Sand ကော့လ်တေးကို Blended စကော့ချ် ဝီစကီ ၊ Cherry Heering ကဲ့သို့ Cherry Liqueur သို့မဟုတ် Cherry Brandy ၊ Sweet Vermouth ၊ Blood Orange Juice တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ အရသာကတော့ ချိုမြိန်တယ် ၊ ပေါ့ပါးတယ် ၊ လန်းဆန်းတယ်။ ညနေခင်းပါတီတွေ ၊ အနားယူအပန်းဖြေချိန်တွေမှာ တည့်ခင်းလို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ကော့လ်တေးဖျော်စပ်နည်းက အရမ်းကိုလွယ်ကူရိုးရှင်းတာကြောင့် ကွီးတို့ အိမ်မှာ ကိုယ်တိုင် ဖျော်စပ်သောက်နိုင်ပါတယ်။ ကဲဒါဆို Blood And Sand ကော့လ်တေးဖျော်စပ်ပုံ တဆင့်ချင်းကို အသေးစိတ်ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး ကော့လ်တေး Shaker ထဲကို Blended စကော့ချ် ဝီစကီ ၁ အောင်စ ၊ Cherry Liqueur အောင်စ ၊ Sweet Vermouth အောင်စဝက် ၊ Blood Orange Juice အောင်စဝက် တို့ကို ရေခဲအနည်းငယ်နဲ့ ရောထည့်ပြီး အေးခဲလာတဲ့အထိ ကောင်းစွာ ရှိတ်ပေးပါ။ ပြီးရင် ကော့လ်တေးဖန်ခွက်ထဲကို Blood And Sand ဖျော်ရည်လောင်းထည့်ပြီး လိမ္မော်ခွံရဲ့ အရည်လေး အနည်းငယ်ညှစ်ထည့်ပါ။ ဆန္ဒရှိပါက လိမ္မော်ခွံလေး အလှဆင်ပြီး လန်းဆန်းချိုမြတဲ့ Blood And Sand ကော့လ်တေးရဲ့ အရသာကို မြည်းစမ်းနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : The Manual