ဒီ Blue Lady ကော့လ်တေး အကြောင်းပြောရမယ်ဆိုလျှင် မူလပထမက White Lady ကော့လ်တေး ဖြစ်ပါတယ်။ ၁၉၂၉ ခုနှစ်တွင် Harry MacElhone ဆိုသူက ဆန်းသစ်တီထွင်ပြီး Blue Lady ကော့လ်တေးကို ဖန်တီးခဲပါတယ်။ ထိုအချိန်မှ စပြီး လူကြိုက်များတဲ့ ကော့လ်တေး တစ်ခုဖြစ်လာပါတယ်။ Blue Lady ကော့လ်တေးဟာ လတ်ဆတ်တဲ့ သံပုရည်ရည်နဲ့ ဖျော်စပ်ရတဲ့ အတွက် လန်းဆန်းတဲ့ အရသာကိုပေးစွမ်းတဲ့ အပြင်ဖျော်စပ်ရတာလည်း လွယ်ကူရိုးရှင်းပါတယ်။ ဒါ့ကြောင့် ကွီးတို့ အိမ်မှာပဲ အလွယ်တကူ ဖျော်စပ်နိုင်ဖို့အတွက် Blue Lady ကော့လ်တေး ဖျော်စပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။

အရောင်အဆင်းလှပပြီး သောက်ချင်စဖွယ် Blue Lady ကော့လ်တေးတစ်ခွက် ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့

(၁) ဂျင် ၃၀ မီလီလီတာ
(၂) လတ်ဆတ်သော သံပုရည်ရည် ၂၂.၅ မီလီမီတာ
(၄) အပြာရောင် Curacao ၄၅ မီလီလီတာ
(၃) ကြက်ဥ အကာ ၁၀ မီလီလီတာ (ကွီးတို့မကြိုက်လျှင် မထည့်လည်း ရပါတယ်)
(၅) ရေခဲများ နဲ့
(၆) အလှဆင်ရန်အတွက် ချယ်ရီသီးများ ( ရရှိဖို့ လွယ်ကူလျှင်) သို့မဟုတ် သံပုရာသီးစိပ်လေးများ စသည်တို့ လိုအပ်ပါတယ်။

အပြာရောင် Curacao က ဒတ်ချ်ကျွန်း Curacao တွင်စိုက်ပျိုးသောလိမ္မော်ခါးရဲ့ အခွံခြောက်နဲ့ ထုတ်လုပ်ထားတဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။ Curacao ကိုပုံစံအမျိုးမျိုးနဲ့ ရောင်းချသော်လည်း အသုံးအများဆုံးမှာ လိမ္မော်ခြောက်ရောင် Curacao နဲ့ တောက်ပတဲ့အပြာရောင်ရှိတဲ့ အပြာရောင် Curacao ပဲဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်နှုန်းက ၁၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ကော့လ်တေးတွေမှာ ထည့်သွင်း ဖျော်စပ်လေ့ရှိပါတယ်။ စျေးကွက်ထဲမှာ အမှတ်တံဆိပ်မျိုးစုံ၊ စျေးနှုန်းမျိုးစုံ ရှိပါတယ်။

Blue Lady ကော့လ်တေး
Photo : Homemade Food Junkie

ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ကော့လ်တေး ဖျော်စပ်လို့ရပါပြီ။ ဖျော်စပ်ပုံကတော့ တကယ်ကို ရိုးရှင်းလွယ်ကူပါတယ်။ ပထမဦးစွာ ဂျင်၊ သံပုရည်ရည်၊ ကြက်ဥ အကာ နဲ့ အပြာရောင် Curacao တို့ကို ရေခဲထည့်ထားသော ကော့လ်တေး Shaker ထဲသို့ လောင်းထည့်လိုက်ပါ။ ဒီနေရာမှာ ရေခဲအများကြီး သုံးဖို့မလိုပါဘူး။ ထို့နောက် ကော့လ်တေး Shaker ကို ၁၀ စက္ကန့်ခန် လှုပ်ခါပါ။

နောက်ဆုံးအနေနဲ့ အအေးခံထားသော ဖန်ခွက်ထဲသို့ ရရှိလာသော ကော့လ်တေးများကို‌ လောင်းထည့်လိုက်ပါ။ ပြီးလျှင် ချယ်ရီသီးများ သို့မဟုတ် သံပုရာသီးစိပ်လေးများဖြင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ လုပ်ရတာ လွယ်ကူပြီး သောက်ချင်စဖွယ် Blue Lady ကော့လ်တေးလေး တစ်ခွက် ရပါပြီ။

cocktail
Photo : Homemade Food Junkie

ဒီကော့လ်တေးဟာ ဖျော်စပ်ရတာ လွယ်ကူတဲ့အတွက် ကွီးတို့ဘော်ဒါတွေနဲ့ တွေ့ဆုံတဲ့ အခါပေါ့ပေါ့ပါးပါး ဖျော်စပ် သောက်သုံးလို့ ရပါတယ်။

Source : Make Me a Cocktail

Featured Photo : Ocean Cocktail Summer