Boat Shoes များကို နောက်တစ်မျိုး Deck Shoes လို့လည်း ခေါ်တွင်သလို ထိုဖိနပ်ဝတ်ပြီး ရှိုးထုတ် တဲ့အခါ သိထားသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်များကို ဝေမျှပေးလိုက်ရပါတယ်။

ထိုဖိနပ်အမျိုးအစားတွေကို ဘာ့ကြောင့် Boat Shoes လို့ အမည်ပေးထားသလဲဆိုတာ သင် သိပါသလား။

man fashion

Boat Shoes များသည် သားရေအပျော့သားနှင့် ပြုလုပ်ထားသော ဖိနပ်တစ်မျိုးဖြစ်ပြီး သူ့ရဲ့စစချင်းရည်ရွယ်ချက်ကတော့ သူ့နာမည်အတိုင်း လှေပေါ်မှာ အသုံးပြုရန်အတွက် တီထွင်ထားတာဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်တွင် စတင်တီထွင်ခဲ့တဲ့ ဖိနပ်တစ်မျိုးဖြစ်ပြီး သင်္ဘောသားများအတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

နောက်ပိုင်းကျမှ တဖြည်းဖြည်းခေတ်စားလာကာ သင်္ဘောသားများအပြင် အခြားသောအမျိုးသားများပါ ဖက်ရှင်ကျကျ ဝတ်ဆင်လာတာကို တွေ့မြင်ရပါမယ်။

ကွီးတို့အနေနဲ့ Boat Shoes များနဲ့ ရှိုးထုတ် တဲ့အခါ ဖက်ရှင်ကျဖို့အတွက်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်များရှိပါတယ်။

ကမ်းခြေသွားတဲ့အခါ ဝတ်ဆင်နိုင်ပါတယ်

man fashion

ကမ်းခြေသွားတဲ့အခါ ထိုဖိနပ်များ ဝတ်ဆင်မယ်ဆိုရင် သင့်ရဲ့ ဖက်ရှင်သည် တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေမှာအမှန်ပါပဲ။

ခရီးသွားတဲ့အခါ ဝတ်ဆင်ပါ

man fashion

ခရီးသွားတဲ့အခါ ဖိနပ်အပိုတစ်ရံထည့်သွားသင့်ပါတယ်။ သင့်ရဲ့ ခရီးဆောင်အိတ်ကို အလေးချိန်သိပ်မများတဲ့ ဖိနပ်တစ်ရံ ထည့်သွားချင်တယ်ဆိုရင်တော့ Boat Shoes လေးကိုသာ ရွေးချယ်လိုက်ပါ။

ရုံးသွားတဲ့အခါ ဝတ်ပါ

man fashion

Boat Shoes များသည် အလွန်အမင်း Formal မကျလွန်းတဲ့အတွက်ကြောင့် Formal ဖက်ရှင်တွေ မဝတ်ချင်ဘူး။ ဒါပေမဲ့ စမတ်ကျကျ ဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ Boat Shoes ကို ရုံးသွားတဲ့အခါ ဝတ်ဆင်နိုင်ပါတယ်။

ပေါ့ပေါ့ပါးပါး Date ချင်တဲ့အခါ ဝတ်ဆင်ပါ

Boat Shoes ရှိုးထုတ်

ကောင်မလေးနဲ့ ဒိတ်တဲ့အခါ Sneakers ဖိနပ် ဝတ်ရမှာလည်း လူငယ်ဆန်လွန်းတဲ့ ပုံပေါက်မယ်။ ရှူးဖိနပ်တွေကျပြန်တော့လည်း ဟိတ်ဟန်များလွန်းသလို ဖြစ်နေမယ်ဆိုပြီး အဘက်ဘက်က စိုးရိမ်နေတဲ့ ကွီးတို့အတွက်တော့ Boat Shoes တွေသည် အသင့်တော်ဆုံးပါပဲ။

ဂျင်းဘောင်းဘီ၊ ချီနိုဘောင်းဘီ၊ ဘောင်းဘီတိုများနှင့် တွဲဖက်ဝတ်ဆင်ပါ

Boat Shoes ရှိုးထုတ်

Boat Shoes များသည် ဂျင်းဘောင်းဘီနဲ့လည်း လိုက်ဖက်သလို ချီနိုဘောင်းဘီ၊ ဘောင်းဘီတိုများဖြင့်လည်း လိုက်ဖက်ပါတယ်။ ဘောင်းဘီတိုဖက်ရှင်ကတော့ ပူအိုက်တဲ့ရာသီဥတုအတွက် အသင့်တော်ဆုံးဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။

ခြေအိတ်ရှည်များနှင့် တွဲဖက်မဝတ်ဆင်ပါနဲ့

Boat Shoes ရှိုးထုတ်

Boat Shoes ကို ခြေအိတ်ရှည်နဲ့ တွဲဖက်ဝတ်ဆင်ခြင်းသည် အင်မတန်မှ ကြည့်ရဆိုးစေပါတယ်။ သင့်အနေနဲ့ ခြေအိတ်ဝတ်ချင်တယ်ဆိုရင်တော့ ခြေမျက်စိမဖုံးတဲ့ တစ်ပိုင်းခြေအိတ်ကလေးတွေရှိပါတယ်။ ထိုခြေအိတ်များဖြင့် တွဲဖက်ဝတ်ဆင်လိုက်ပါ။

အနောက်တိုင်းဝတ်စုံပြည့်ဖြင့် တွဲဖက်မဝတ်ဆင်ပါနဲ့

Boat Shoes ရှိုးထုတ်

Boat Shoes ကို အနောက်တိုင်း ဝတ်စုံနဲ့ တွဲဖက်ဝတ်ဆင်တဲ့အခါ ဖက်ရှင်နှစ်ခုက သပ်သပ်ကြီးခွဲထွက်နေသလိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အနောက်တိုင်းဝတ်စုံပြည့် ဝတ်မယ်ဆိုရင် Boat Shoes ကို ရှောင်သင့်ပါတယ်။

မိုးတွင်းမှာ မဝတ်ပါနဲ့

Boat Shoes ရှိုးထုတ်

ကွီးတို့ရဲ့ Boat Shoes ကို ကြာရှည်ခံစေချင်တယ်ဆိုရင်တော့ မိုးတွင်း (သို့) မိုးရွာနေတဲ့အချိန်တွေမှာ မဝတ်ပါနဲ့။ ရေစိုသွားတဲ့အခါ ထိုဖိနပ်တွေသည် ပျက်စီးမြန်တာကြောင့်ဖြစ်ပါတယ်။

Source: Ties

Featured Image: Lifesavvy