ဘဝမှာ ချမ်းသာအောင်မြင်ချင်ရင် ကိုယ့်ရှေ့က အောင်မြင်မှုရနေသူတွေဆီက အတုယူစရာရှိတာတွေ ယူထားဖို့ လိုပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် ခန္ဓာကိုယ်ဘာသာစကား Body Language ရှိပါတယ်။ တစ်ခါတလေမှာ Body Language ဟာ စကားလုံးတွေထက် ပိုအသံကျယ်တတ်ပါတယ်။ အောင်မြင်သူတစ်ယောက်ဆီက အတုယူရမယ့်အရာတွေထဲမှာ အခုပြောမယ့် Body Language ပုံစံတွေလည်း ပါပါတယ်။

(၁) မတ်မတ် ရပ်တာ

Sit up Straight

Photo: Brightside Me

ထိုင်ခုံပေါ်မှာ ခွေခေါက်ခေါက်ကြီး ထိုင်တာ ၊ စားပွဲပေါ် မှောက်လျက်နေတတ်တာ နဲ့ မျက်နှာကို လက်ဖဝါးနဲ့ အုပ်ထားတာမျိုးက လေးစားမှုမရှိတဲ့ လက္ခဏာတွေကို ပြသနေတာပါပဲ။ တစ်နည်းအားဖြင့် တစ်ဖက်သားပြောတာကို စိတ်မဝင်စားဘူးလို့ ပြောနေတာလည်း ဖြစ်ပါတယ်။ ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မတ်မတ်ထိုင်ပြီး ပုခုံးကို မြင့်မြင့်ထားတတ်တဲ့ပုံစံကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေပြီး အားကောင်းတဲ့ ကိုယ်ဟန်အနေအထားဖြစ်တယ်လို့ ဖော်ပြနေတာပါ။

(၂) လက်ဟန်အမူအရာ မှန်မှန်ကန်ကန် အသုံးချတာ

Use gestures correctly

Photo: Brightside Me

Gestures လို့ ခေါ်တဲ့ ကိုယ်ဟန်လက်ဟန်အမူအရာနဲ့ အလွန်အကျွံ‌ပြောဆိုတတ်သူတွေကို လူတွေက တစ်ခုခု လိမ်တတ် ၊ ဖုံးကွယ်ထားတဲ့သူတွေအဖြစ် မြင်ကြပါတယ်။ ပွင့်လင်းပြီး သဘောထား ကျယ်ပြန့်တဲ့သူတွေဟာ Open Gestures လို့ ခေါ်တဲ့ လက်မောင်းတွေ ဆန့်ထားတာ ၊ ရင်ဖွင့်ပြီး တည်ငြိမ်နေတာမျိုး လုပ်တတ်ပါတယ်။ သဘောက ဘာကိုမှ ဖုံးကွယ်မထားဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ နောက်ဆက်စပ်ပြီး ပြောစရာတစ်ခုက လက်ပိုက်ထားတာမျိုး မလုပ်မိဖို့ပါ။ လက်ပိုက်ထားတဲ့သဘောက “ကျုပ်က ဘူးဆိုဖရုံမသီးဘူး”ဆိုတာကို တစ်နည်းနည်းနဲ့ ဖော်ပြနေတာပါ။

(၃) ဆံပင်တွေ ပွတ်တာမျိုး မလုပ်ပါနဲ့

Stop touching your hair

Photo: Brightside Me

ဆံပင်တွေကို အကြောင်းမဲ့ သပ်တင်တာမျိုး ၊ ပွတ်သပ်နေတာမျိုးလုပ်တာက ချက်ချင်းရှောင်ရှားရမယ့် အကျင့်ဆိုးထဲမှာ ပါပါတယ်။ ဒါဟာ တစ်နည်းနည်းနဲ့ သင့်စိတ်ထဲမှာ လုံခြုံမှုမရှိဘူးဆိုတာ ပြနေသလို အာရုံစိုက်မှုလည်း ပျောက်ဆုံးနေတယ်လို့ ပြောနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်တွေ သပ်တင်တာမျိုးကို မလုပ်ပါနဲ့။ သဘာဝကျကျ ဆက်ဆံဖို့ပဲ အာရုံစိုက်ထားပါ။

(၄) ပြုံးပါ

Smile makes you strong and smart

Photo: Brightside Me

တည်ငြိမ်တဲ့ အပြုံးတစ်ပွင့်ဟာ အားကောင်းတဲ့စရိုက်ရှိကြောင်း ဖော်ပြနေတာပါ။ မှန်ကန်တဲ့နေရာ ၊ မှန်ကန်တဲ့အချိန်မှာ နှစ်လိုဖွယ် ပြုံးပြတတ်ခြင်းအားဖြင့် သင်ဟာ သင့်ပတ်ဝန်းကျင်တစ်ဝိုက်မှာ ရှိတဲ့ အခြေအနေပေါ် ထိန်းချုပ်မှုအပြည့်ရှိနေတယ်ဆိုတာ ပြောပြနေတာ ဖြစ်ပါတယ်။ နောက်တစ်နည်းကလည်း ဒါဟာ စိတ်ဖိစီးစရာအခြေအနေကို မမူဘဲ အေးအေးဆေးဆေး ရင်ဆိုင်နိုင်တယ်လို့ ပြောနေတာပါပဲ။

(၅) မျက်လုံးချင်းဆုံအောင် ကြည့် ၊ လက်ကို မြဲမြဲဆွဲ နှုတ်ဆက်

make eye contact and be confident

Photo: Brightside Me

Body Language နဲ့ ပတ်သက်လို့ လေ့လာထားရမယ့် အရေးကြီးအချက်တစ်ခုက လူအချင်းချင်း တွေ့တဲ့အခါ မျက်လုံးချင်း ဆုံပြီး ကြည့်တတ်ဖို့ပါပဲ။ တစ်ခုရှိတာက ပြူးနေအောင် ကြည့်တဲ့ အကြည့်မျိုးကြီးလည်း မဖြစ်စေနဲ့ပေါ့။ လုံးဝ မျက်စိလွှဲထားတာမျိုးလည်း မဖြစ်စေဘဲ မျက်လုံးချင်း သက်တောင့်သက်သာအနေအထားနဲ့ တစ်ဖက်လူကို လေးစားမှုထားပြီး ကြည့်တတ်အောင် လေ့ကျင့်ပါ။
နောက်ဆုံးတစ်ချက်က လူအချင်းချင်း တွေ့လို့ လက်ဆွဲနှုတ်ဆက်တော့မယ်ဆိုရင် လက်ကို လျော့တိလျော့ရဲကိုင်ပြီး နှုတ်မဆက်ပါနဲ့။ ခိုင်ခိုင်မြဲမြဲ ကိုင်ပြီး နှုတ်ဆက်ပါ။ ဒီလိုပြောလို့ တစ်ဖက်လူလက် ကျိုးလောက်အောင် အားကြီးနဲ့ ကိုင်ဆွဲနှုတ်ဆက်တာမျိုးလည်း မလုပ်ပါနဲ့။ မှန်ကန်တဲ့ လက်ဆွဲနှုတ်ဆက်မှုပုံစံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြောင်းနဲ့ လုံခြုံမှုရှိကြောင်း ပြနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။