Slumdog Millionaire ၊ Life of Pi နဲ့ Jurassic World စတဲ့ ကမ္ဘာကျော် ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောလီဝုဒ်နဲ့ ဘောလီဝုဒ် နာမည်ကျော် မင်းသားကြီး အာဖန်ခန်းဟာ ဧပြီ ၂၉ ရက်နေ့က မွမ်ဘိုင်းမြို့ Kokilaben ဆေးရုံမှာ ကွယ်လွန်အနိစ္စရောက်သွားတယ်လို့ ဆိုပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ် ရှိပြီ ဖြစ်တဲ့ မင်းသားကြီးဟာ ၂၀၁၈ မတ်လထဲမှာ Neuroendocrine လို့ခေါ်တဲ့ အာရုံကြောအကျိတ်တည်နေတယ်လို့ စစ်ဆေး တွေ့ရှိခဲ့သူ ဖြစ်ပါတယ်။ ကင်ဆာကုထုံးတွေနဲ့ ကုသမှု ခံယူပြီးနောက် သက်သာလာတာကြောင့် Angrezi Medium ရုပ်ရှင်ကိုပါ ရိုက်ကူးခဲ့ပါတယ်။

Photo: India Today

ဟင်ဒီစကားပြော Comedy အမျိုးအစား ရုပ်ရှင် ဖြစ်တဲ့ Angrezi Medium ဟာ မတ်လထဲမှာ ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အစီအစဉ်ရပ်ထားခဲ့ရတာပါ။ အာဖန်ခန်းဟာ ၁၉၆၆ ခုနှစ်က ရာဂျစ်စတန်ပြည်နယ် Jaipur မှာ မွေးခဲ့သူ ဖြစ်ပါတယ်။ ကားတာရာရောင်းဝယ်သူရဲ့ သားတစ်ယောက် ဖြစ်တဲ့ ခန်းဟာ ခရစ်ကတ်ကစားသမားတစ်ယောက် ဖြစ်ဖို့ အရည်အချင်းမမှီတဲ့နောက် အနုပညာကျောင်း ရောက်သွားခဲ့တာပါ။

Source : NBC News

သက်ရှိထင်ရှား ရိုက်ကူးခဲ့တဲ့ ရုပ်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှာ ခန်းကို လူသိများစေတဲ့ ရုပ်ရှင်ကားတွေကတော့ Lunchbox ၊ Life of Pi ၊ Jurassic Wold နဲ့ Inferno တို့ ဖြစ်ပါတယ်။ ခန်းဟာ National Film Award နဲ့ Filmfae Awards တို့အပြင် အိန္ဒိယနိုင်ငံရဲ့ စတုတ္ထအမြင့်ဆုံး နိုင်ငံသားအဆင့် ဂုဏ်ထူးဆောင်ဆုတစ်ခု ဖြစ်တဲ့ Padma Shri ဆု ချီးမြှင့်ခံရသူ တစ်ဦးလည်း ဖြစ်ပါတယ်။