တစ်ခါတစ်လေမှာ ရုံးရောက်နေပေမယ့် အလုပ်ထဲကိုစိတ်နှစ်လို့မရတဲ့ရက်တွေ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ အလုပ်ထဲကိုအာရုံစိုက်လို့မရပဲ ကွန်ပြူတာရှေ့မှာအကြာကြီး ငူငူငိုင်ငိုင်နဲ့ ထိုင်ဖူးတဲ့နေ့တွေလည်းကြုံဖူးကြမှာပါ။ ဒီလိုအလုပ်လုပ်ချင်တဲ့စိတ်တွေပျောက်နေတဲ့နေ့တွေမှာ အခုပြောပြမယ့်အချက်လေးတွေကို လုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။

(၁) သီချင်းနားထောင်လိုက်ပါ

Young man standing next to a gray concrete wall looking at his smartphone's screen and listening to music in his white earplugs

Source : Freepik

သီချင်းတွေက ကျနေတဲ့စိတ်ဓာတ်တွေ အမြန်ဆုံးပြန်ဆွဲတင်ပေးနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်လို့မရဘူးဖြစ်နေတဲ့ အချိန်တွေဆို မြူးမြူးကြွကြွ သီချင်းလေးတွေဖွင့်ပြီး ၁၅ မိနစ်လောက်သီချင်းတွေနဲ့ လွင့်မျှော်ကြည့်လိုက်ပါ။ ဒါဆိုရင် အလုပ်အပေါ်အာရုံစိုက်လို့မရတဲ့စိတ်တွေပျောက်သွားမှာဖြစ်ပါတယ်။

(၂) အပြင်ထွက်လိုက်ပါ

Man going out the door

Source : Freepik

ရုံးခန်းထဲမှာထိုင်ပြီး စိတ်တွေမွန်းကြပ်နေမယ့်အစား အပြင်ထွက်ပြီးသဘာဝတရားကြီးနဲ့ ခဏလောက်ထိတွေ့လိုက်ပါ။ လတ်ဆတ်တဲ့လေကို တဝကြီးရှုရှိုက်လိုက်ပါ။ စိမ်းလန်းတဲ့သစ်ပင်တွေကို ခဏလောက်ငေးကြည့်နေလိုက်ပါ။ အပြင်ဘက်ထွက်ပြီး လမ်းခဏလောက်လျောက်လိုက်ပါ။ သင့်ရဲ့အလုပ်အပေါ်အာရုံစိုက်လို့မရတဲ့ စိတ်တွေအမြန်ဆုံး ထွက်ပြေးသွားမှာပါ။

(၃) အလုပ်စားပွဲကိုရှင်းပါ

man cleans the workplace, computer

Source : Freepik

အလုပ်စားပွဲက ရှုပ်ပွနေရင်လည်း အလုပ်ထဲမှာ စိတ်နစ်ရခက်ခဲပြီး အလုပ်လုပ်ချင်စိတ်ပျောက်နေတက်ပါတယ်။ဒါကြောင့် သင့်ရဲ့အလုပ်စားပွဲကို သန့်ရှင်းသပ်ရှင်အောင် ပြန်လည်မွမ်းမံပြင်ဆင်လိုက်ပါ။ ဖိုင်တွေစာရွက်စာတမ်းတွေကိုစီစီရီရီထားပါ။ ဖုန်တွေသုတ်လိုက်ပါ။ သန့်ရှင်းသပ်ရပ်တဲ့အလုပ်ပွဲစားလေးဖြစ်သွားရင် သင့်ရဲ့စိတ်လည်းပြန်ကြည်လာပြီး အလုပ်လုပ်ချင်စိတ်ပြန်ပေါ်လာပါလိမ့်မယ်။

(၄) ခဏအနားယူပါ

man spending his leisure time reading ebook

Source : Freepik

အလုပ်ထဲကိုစိတ်နစ်လို့မရတဲ့အခါ အလုပ်လုပ်ဖို့ အတင်းစိတ်ကိုဖိအားပေးတာမျိုးရှောင်ကျဉ်ပါ။ ဒီလိုအချိန်မှာ စိတ်ရော ခန္ဓာကိုယ်ကိုပါ ခဏတဖြုတ်လောက်အနားယူသင့်ပါတယ်။ ထိုင်ခုံမှာပဲ မျက်လုံးမှိတ်ပြီး ဘားမှမတွေးပဲ နားလိုက်ပါ။ ဖြစ်နိုင်ရင် ၁၅ မိနစ်လောက် တစ်ရေးအိပ်လိုက်ပါ။ ဒါဆိုသင့်မှာအားအင်တွေပြန်လည်ပြန်လာမှာဖြစ်ပြီး အလုပ်လုပ်လို့ပိုကောင်းလာပါလိမ့်မယ်။