ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ၎င်းအတွက် ချဲလ်ဆီးအသင်းက ကြီးမားတဲ့ ကမ်းလှမ်းမှုနဲ့ ပြောဆိုဆွေးနွေးဖို့ မျှော်လင့်နေတာက ကောလာဟလသာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး လူတစ်ယောက်အတွက် ယူရို ၁၇၅ သန်းဆိုတဲ့ပမာဏက များပြားလွန်းတဲ့ ငွေကြေးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

နော်ဝေကြယ်ပွင့်တိုက်စစ်မှူးဟာ ကမ္ဘာ့ဘောလုံးလောကမှာ အတောက်ပဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ယခုနွေရာသီမှာ ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းကို ပေါင်သန်း ၁၅၀ နဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘွန်ဒက်စ်လီဂါရာသီမတိုင်မီ ရာသီကြိုလေ့ကျင့်ရေးအတွက် ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ အတူရှိနေတာဖြစ်ပြီး ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အများကြီး မစဉ်းစားထားတာဖြစ်ပါတယ်။

Borussia Dortmund Striker Erling Haaland

Photo: feednews

ဟာလန်းဟာ အင်္ဂါနေ့မှာ မီဒီယာတွေနဲ့ စကားပြောခဲ့ပြီး အေးဂျင့် မိုင်နို ရွိုင်အိုလာနဲ့ အဆက်အသွယ် လုပ်ခဲတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ရုံတင်မကဘဲ ဘာကြောင့် ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ အပြောင်းအရွှေ့မပြုလုပ်ချင်ဘူးဆိုတာလဲကိုပါ ရိုးရိုးသားသား အဖြေပေးသွားခဲ့တာဖြစ်ပါတယ်။

“မနေ့ကမတိုင်ခင်အထိ ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ စကားမပြောဖြစ်ခဲ့တာ ၁ လလောက်ရှိပါပြီ။ အဲဒီတော့ ခင်ဗျား အဖြေကို ရသွားပြီပေါ့။ အဲဒါက ကောလာဟလပဲ ဖြစ်ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်အတွက် အဲဒါက အရမ်းများလွန်းတဲ့ ငွေကြေးပါ”

“ပထမဆုံးအနေနဲ့ ကျွန်တော့်စာချုပ်မှာ သက်တမ်း ၃ နှစ် ကျန်ရှိနေပါသေးတယ်။ ကျွန်တော် ဒီမှာရှိနေတဲ့အချိန်ကို ပျော်ရွှင်နေတယ်။ ဒါပေမယ့် ဆုဖလားက အရေးကြီးတယ်ဆိုတာ ဟုတ်တာပေါ့။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော် လိုချင်တဲ့ဟာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။