မိုချန်ဂလတ်ဘတ်တောင်ပံကစားသမား ဂျိုးနတ်စ် ဟော့ဖ်မန်းက ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ အပြောင်းအရွှေ့ပြုလုပ်ဖို့နဲ့ပတ်သက်ပြီး ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Borussia Monchengladbach winger Jonas Hofmann

Photo: Goal.com

အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ နည်းပြတူချယ်လက်အောက် ဒေါ့မွန်အသင်းမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ဂျာမနီက သတင်းတွေရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးနည်းပြဟာ တောင်ပံကစားသမားကို စတန်းဖို့ဒ်ဘရစ်ဂျ်ဆီ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဟော့ဖ်မန်းဟာ ယခုရာသီမှာ မိုချန်ဂလတ်ဘတ်အသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၇ ဂိုး၊ ဂိုးဖန်တီးမှု ၁၁ ကြိမ်နဲ့ အထင်ကြီးဖွယ်ခြေစွမ်း ပြသထားသူဖြစ်ပါတယ်။

ဂျာမနီတောင်ပံကစားသမားက ချဲလ်ဆီးအသင်းဟာ ၎င်းရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းခံရတဲ့အခါမှာ အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

Photo: Goal.com

“ခင်ဗျား ကောင်းကောင်း စွမ်းဆောင်နိုင်ရင် တခြားအသင်းတွေက ခင်ဗျားကို သတိပြုမိမယ်ဆိုတာ ရှင်းနေတာပဲလို့ ကျွန်တော် ထင်တယ်။ အဲဒါကြောင့် အသင်းတစ်သင်း ဒါမှမဟုတ် တခြားအသင်းတွေက မေးမြန်းပြီးသားဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။