နာမည်ကြီး လူကြိုက်များတဲ့ မက်းသားချော ဘရက်ပစ်ဟာ အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ဇာတ်ဖြစ်တဲ့ ဟာ The Matrix ရုပ်ရှင်ဇာတ်ကားရဲ့ အဓိက ခေါင်းဆောင်မင်းသားနေရာကို သရုပ်ဆောင်ဖို့ ငြင်းဆိုခဲ့တဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။

Source: Daily Mail

ဘရက်ပစ်ဟာ The Matrix ရုပ်ရှင်ဇာတ်ကားရဲ့ အဓိက ခေါင်းဆောင်မင်းသားနေရာကို သရုပ်ဆောင်ဖို့ ငြင်းဆိုခဲ့ပြီး၊ သူ့ရဲ့နေရာမှာတော့ Kaenu Reeves က သရုပ်ဆောင်ခဲ့တာဘဲ ဖြစ်ပါတယ်။

Pitt ဟာ ဇန်နဝါရီလ (၂၂) ရက်နေ့ ကယ်လီဖိုးနီးယားနိုင်ငံ မှာ ကျင်းပခဲ့တဲ့ The Santa Barbara International Film Festival မှာ The Maltin Modern Master Award ကိုဆွတ်ခူးရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။

Source: Stars Insider

ဘရက်ပစ်က The Matrix ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ ငြင်းဆိုလိုက်တဲ့အပေါ်မှာ  “ကျွန်တော့် စိတ်ကနေ ကိုယ့်အတွက်လို့မခံယူထားတဲ့ အရာတွေဆို ကျွန်တော် လက်ခံလေ့မရှိပါဘူး။ အခုလည်း ဒီဇာတ်ကောင်ဟာ ကျွန်တော်နဲ့မလိုက်ဖက်ဘူးလို့ကျွန်တော် ခံစားရပါတယ်။ တခြားတစ်ယောက်နဲ့ ပိုပြီးသင့်တော်တဲ့ ဇာတ်ကောင်မျိုးပါ။ အဲ့တာကြောင့် ကျွန်တော် ငြင်းဆိုခဲ့တာ ဖြစ်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Source: TooFab’s

နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Will Smith, Nicolas Cage, Val Kilmer, Leonardo DiCaprio နဲ့ Johnny Depp တို့ဟာလည်း The Matrix ရုပ်ရှင်ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ Neo အဖြစ် မင်းသားကြီး Keanu Reeves ကိုရွေးချယ်ခဲ့ပါတယ်။

လတ်တလောမှာတော့ မင်းသား Keanu Reeves နဲ့ သူ့ရဲ့တွဲဖက်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Carre Anne နဲ့ Jada Pinkett Smith တို့ဟာ The Matrix နောက်ထွက်ဆက်တွဲဇာတ်ကားအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။