ကော့လ်တေးဆန်းဆန်းလေးတွေ Try ချင်ကြည့်ချင်တယ်ဆိုရင် လူတိုင်းကြိုက်နှစ်သက်မယ့် ဘရန်ဒီ Brandy အလက်ဇန်းဒါး ကော့လ်တေး ကို ညွှန်းပေးချင်ပါတယ်။ ဘရန်ဒီ Brandy အလက်ဇန်းဒါး ကော့လ်တေးဟာ ကော့လ်တေးတစ်ခွက် ဆိုတာထက် အချိုပွဲတစ်ခုကို စားနေရသလို Vibe မျိုး ပေးပါတယ်။ ခရင်မ် အရသာနဲ့ ယဉ်ယဉ်လေး ခရီးရောက်တဲ့ ချိုရီမူးဝေ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။

Photo : A Couple Cooks

ဘရန်ဒီ Brandy အလက်ဇန်းဒါး ကော့လ်တေးကို ဘရန်ဒီ Brandy နဲ့ ချောကလက်အရသာ အဖျော်ယမကာ Creme de Cacao တို့ကို ပေါင်းစပ်ဖျော်ထားပါတယ်။ အလက်ဇန်းဒါး ကော့လ်တေးရဲ့ မူလအစက ဘရန်ဒီ Brandy အစား ဂျင် Gin ကို သုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ကော့ညက် Cognac သို့မဟုတ် ဘရန်ဒီ Brandy ကို အသုံးပြုပြီး ပြောင်းလဲဖျော်စပ်လာတာ ဖြစ်ပါတယ်။ ကော့လ်တေးမှာ ပါဝင်တဲ့အမယ်တွေကတော့ ကော့ညက် Cognac / ဘရန်ဒီ Brandy ၊ Creme de Cacao နဲ့ Heavy Cream တို့ပဲ ဖြစ်ပါတယ်။

Photo : A Couple Cooks

ကဲဒါဆို လွယ်ကူရိုးရှင်းတဲ့ ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။ အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ ကော့ညက် Cognac ဒါမှမဟုတ် တခြား နှစ်သက်ရာ ဘရန်ဒီ Brandy ၁ အောင်စခွဲ ၊ White Creme De Cacao ၁ အောင်စခွဲနဲ့ Heavy Cream ၁ အောင်စခွဲတို့ကို ရေခဲလက်တဆုပ်စာ ရောထည့်ပြီး အေးခဲလာတဲ့အထိ ၁၅ စက္ကန့်လောက် ရှိတ်ပေးရပါမယ်။ ရလာတဲ့ ကော့လ်တေးဖျော်ရည်ကို ဖန်ခွက်ထဲပြောင်းထည့်ပြီး အပေါ်က ဇာတိပ္ဖိုလ်သီးအမှုန့် အနည်းငယ် အလှဆင်လိုက်မယ်ဆိုရင်တော့ ခရင်မ်အရသာ ချိုပြင်းမွှေး ဘရန်ဒီ Brandy အလက်ဇန်းဒါး ကော့လ်တေးတစ်ခွက် အသင့် သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : OHLQ.com